September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ထိုင်းတွင် ရေကြီးသည့်လမ်း၌ ဆိုင်ကယ်ဆင်းတွန်းသည့် လူငယ် ဓာတ်လိုက်သေဆုံး

စက်တင်ဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်တွင် ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်၌ အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးသည် ရေကြီးနေသည့်လမ်းပေါ်တွင် ဆိုင်ကယ်တွန်းသွားရင်း လျှပ်စစ်ဝိုင်ယာကြိုးရှိသည့် ကွန်ကရစ်တုံးကိုကိုင်မိရာက ဓာတ်လိုက် သေဆုံးခဲ့သည်။ ၎င်းလူငယ်သည် လော့ဘူရီမှဖြစ်ပြီး အဖြူရောင် Honda Click ဆိုင်ကယ်ဖြင့် စမွတ်ပရာကန်၊ဖရဲကာဆာလမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။ မျက်မြင်တွေ့ရှိသူများ ပြောကြားချက်အရ သေဆုံးသူသည် အိမ်အပြန်လမ်း၌ ဆိုင်ကယ်ကို ရေထဲတွန်းသွားနေစဉ် အရှိန်ဖြင့်မောင်းလာသည့် ပစ်ကပ်ကားတစ်စီးကြောင့် လှိုင်းပုတ်ပြီး ဟန်ချက်ပျက်သွားခဲ့သည်။ ထို့နောက် ကွန်ကရစ်တုံးကို လှမ်းကိုင်လိုက်ရာက ချက်ချင်းလဲကျသွားခဲ့ခြင်းဖြစ်သည်။ ကွန်ကရစ်တုံးပေါ် ဖြတ်ဆွဲထားသည့် ဓာတ်ကြိုးမှ လျှပ်စစ်ဓာတ်ယိုစိမ့်မှုကြောင့် ဓာတ်လိုက်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ကွန်ကရစ်တုံးများ ချထားပြီး

Read More
သတင်း

စမွတ်ပရာကန်နှင့် ပတ္တရားတွင် ရေကြီး စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရ

စက်တင်ဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်ပရာကန်တွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေမှုကြောင့် ယနေ့နံနက်တွင် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ Samut Prakan ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး၏ ထုတ်ပြန်ချက်အရ မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် ဒေသအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး Samutprakan ၊ Debsirin Samutprakan ၊ Ratwinit Bangkaeo စသည့်ကျောင်းများအပါအဝင် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရပြီး Online Class များဖြင့် သင်ကြားပို့ချခဲ့သည်။ Srinakarin–Bang Na-Trat လမ်းတွင် ရေများကျန်ရှိနေပြီး Phuttharaksa လမ်းအချို့နေရာများတွင်ရေကြီးနေဆဲဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးရှိ

Read More
သတင်း အလုပ်သမား သတင်း

မလေးရှားရှိ KTV ဆိုင်တွင် မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၈ ၊ Migrant Times ။ မလေးရှားနိုင်ငံ ၊ နီဂရီ ဆမ်ဘီလန်ပြည်နယ်၊ နီလိုင်းရှိ တော်ဝင်နန်းအမည်ရ မြန်မာကာရာအိုကေ (KTV) လုပ်ငန်းတစ်ခုကို စက်တင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်ယံအချိန်၌ ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ဆောင်မှုပေးနေသည့်မြန်မာအမျိုးသမီး ၂၁ ဦးအားဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန (JIM)ကထုတ်ပြန်သည်။ JIM ထုတ်ပြန်ချက်အရ နှစ်ပတ်ကြာ ထောက်လှမ်းထားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ KTV လုပ်ငန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး လုပ်ငန်းကို စီမံခန့်ခွဲသူဟု သံသယရှိသော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဝန်ဆောင်မှု ပေးသူဟု သံသယရှိသော မြန်မာနိုင်ငံသား အမျိုးသမီး ၂ဝ ဦးလည်း ဖမ်းဆီးခံခဲ့ပြီး စုစုပေါင်း ၂၁ ဦးအား ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုများအရ

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် ရဲတစ်ဦးက ကြက်ဥရောင်းသည့် လင်မယားကိုပစ်သတ်ပြီး အဆုံးစီရင်

စက်တင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ပက်ချဘူရီပြည်နယ်ရှိ ဈေးတစ်ခုတွင် ယနေ့နံနက်၌ ကြက်ဥရောင်းချသည့် လင်မယားကို ရဲအရာရှိတစ်ဦး ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ကြက်ဥဈေးနူန်း အငြင်းပွားရာမှ ရဲအရာရှိတစ်ဦးက ကြက်ဥရောင်းချသည့် လင်မယားကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။ ပစ်ခတ်မှုသည် ပက်ချဘူရီ ၊ 18-metre ဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ်တွင် ဆိုင်အတွင်း၌ သေဆုံးနေသည့် အသက် ၃ဝ ကျော်အရွယ် လင်မယားကိုတွေ့ရှိခဲ့သည်။ နှစ်ဦးစလုံးသည် 9mm SIG Sauer P320 သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခံရသည့် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ကြက်ဥဆိုင်နှင့် ပေ ၂၀ လောက်အကွာရှိ ရုပ်ရှင်ရုံ

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည် ၇ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် (ရုပ်/သံ)

Migrant Times ရဲ့ အပတ်စဉ် ရွှေပြောင်းရေးရာသတင်း အစီအစဉ်ကနေကြိုဆိုပါတယ်။ ပြည်တွင်း ပြည်ပ ရွှေပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ သတင်းတွေကိုပြောပြပေးမှာပါ။

Read More
နိုင်ငံရေး သတင်း

ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ဆိုတာဘယ်သူလဲ

ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်(Anutin Charnvirakul)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း ထိုင်းသတင်းကဖော်ပြသည်။ အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့သည်။ ဘိုဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင်သည် ထိုင်းနိုင်ငံတွင် ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရအောင် လွှတ်တော်တွင်း တင်သွင်းခဲ့သူဖြစ်ပြီး သူ၏ပါတီသည် ဆေးခြောက်ပါတီဟုလည်း ထိုင်းနိုင်ငံတွင် လူသိများသည်။ အနုတင်သည် ဘန်ကောက်မြို့ Assumption ကောလိပ်တွင် အလယ်တန်းပညာ (၁၉၈၄ ခုနှစ်)၊ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်တွင် Worcester Academy (၁၉၈၅ ခုနှစ်) တို့ကို တက်ရောက်ခဲ့ပြီး နယူးယောက်မြို့ Hofstra တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာသိပ္ပံဘွဲ့ကို

Read More
သတင်း အလုပ်သမား သတင်း

ဖူးခက်တွင် ဖွင့်ထားသည့် မြန်မာစားသောက်ဆိုင်ကို ရဲဝင်ဖမ်း

စက်တင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာစားသောက်ဆိုင်ကို ဒေသခံများ၏ တိုင်ကြားမှုများကြောင့် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့၌ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ၎င်းဆိုင်သည် မြန်မာနိုင်ငံသားတစ်ဦးက တရားမဝင်ဖွင့်လှစ်ပြီး မြန်မာအလုပ်သမားများသာ ဝန်ထမ်းအဖြစ်ထားရှိကြောင်း သိရသည်။ ဘန်ကောက်ပို့စ် သတင်း၏ ဖော်ပြချက်အရ သူငယ်ချင်းဆိုင် အမည်ရှိ အဆိုပါ စားသောက်ဆိုင်သည် ဖူးခက်မြို့ ဘန်ကောက်လမ်းရှိ ဈေး(၁) နောက်တွင် တည်ရှိသည်။ ဆိုင်၏ဆိုင်းဘုတ်များ၊ မီနူးများ၊ မှာယူမှုစာရွက်များနှင့် ဘောင်ချာများအားလုံးကို မြန်မာဘာသာဖြင့် ရေးထားပြီး ဖောက်သည်အများစုမှာလည်း မြန်မာအသိုင်းအဝိုင်းမှ ဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ဆိုင်၏ တာဝန်ခံဖြစ်သော အသက် ၃၇ နှစ်အရွယ် ကိုဇော်မင်းလတ်ကို ဖမ်းဆီးခဲ့ပြီး

Read More
သတင်း

ကန်ချနာဘူရီတွင် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ ဆိုင်ယုတ်ဒေသတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁ ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့မှ ယနေ့ထုတ်ပြန်သည်။ ဆိုင်ယုတ်ဒေသရှိ အဝေးပြေးရဲတပ်ဖွဲ့သည် သောင်ဖာဖူ သုံးလမ်းဆုံဂိတ်တွင် လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်ထားပြီး မသင်္ကာဖွယ်ကားတစ်စီးမောင်းပြေးသည်ကို လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား များကိုတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။ ထိုကားအား သောင်ဖာဖူမီမြို့နယ်၊ ဟင်ဒတ်မြို့၊ အမှတ် ၅ ကျေးရွာရှိ ကျွဲကောခြံတစ်ခြံအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကားအတွင်းတွင် မည်သည့်စာရွက်စာတမ်းမှ မပါရှိသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ၎င်းတို့ကို သောင်ဖာဖူမီရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အဝေးပြေးရဲတပ်ဖွဲ့မှသိရသည်။ စက်တင်ဘာ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊

Read More
နိုင်ငံရေး သတင်း

အနုတင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်းထိုင်းသတင်းကဖော်ပြသည်။ အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ပြည်သူ့ပါတီ၏ ထောက်ခံမှုရရှိထားသော အောင်မြင်သည့် ညွန့်ပေါင်းအဖွဲ့အား ဦးဆောင်ပြီးနောက် ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါမဟာမိတ်အဖွဲ့သည် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်း ချိုင်းကာဆမ် နီတီဆီရီအား အနိုင်ယူခဲ့ပြီး အနုတင်အား အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရန် အခွင့်အရေးရရှိစေခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။ အနုတင်အား

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊စီလချာမြို့ရှိ ကားအဲယားပစ္စည်းစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည်။ CI နှင့် PJ စာအုပ်များ ကိုင်ဆောင်သည့် မြန်မာအလုပ်သမား ၃၆ ဦးသည် ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် သက်တမ်းမှာ ၂ လမှ ၈ လအထိအသီးသီးရှိကြပြီး အလုပ်သမား ရပိုင်ခွင့်များကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုပြီးနောက် အလုပ်ထုတ်ခံလိုက်ရကြောင်း ထုတ်ပြန်သည်။ ၎င်းတို့ထဲမှအချို့သည် စာအုပ်သက်တမ်းတိုးရန် ပိုက်ဆံသွင်းထားပြီး လုပ်အားခ တစ်လစာရရန်ကျန်ရှိနေကြောင်း WAG အဖွဲ့ မှသိရသည်။ မြန်မာအလုပ်သမားများက အကူအညီတောင်းသည့်အတွက် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း WAG

Read More