September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

ထိုင်းမှာ ရေတွင်းပိုက်ထဲပြုတ်ကျတဲ့ မြန်မာကလေးငယ်ကို ထိုင်းနဲ့မြန်မာလူမှုအဖွဲ့တွေကယ်ဆယ်နိုင်ခဲ့

ထိုင်းမှာ ရေတွင်းပိုက်ထဲပြုတ်ကျတဲ့ မြန်မာကလေးငယ်ကို ထိုင်းနဲ့မြန်မာလူမှုအဖွဲ့တွေကယ်ဆယ်နိုင်ခဲ့ ဖေဖော်ဝါရီ ၇ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှာ မြန်မာကလေးတစ်ဦး ရေတွင်းပိုက်ထဲ ပြုတ်ကျသွားလို့ ထိုင်းနဲ့မြန်မာလူမှုကူညီရေး အသင်းအဖွဲ့တွေ စုပါင်းကယ်ဆယ်ခဲ့ကြရာ ဒီနေ့ မနက်ပိုင်းက အသက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ ခရီလာတ်ကျေးရွာမှာ အသက် ၁ နှစ် ၇ လအရွယ် မသဇင်မွှေးဟာ စိုက်ပျိုးရေးခြံလုပ်ငန်းအတွက် တူးဖော်နေတဲ့ အကျယ် ၁၀ စင်တီမီတာ၊ အနက် ၄၀ မီတာခန့်ရှိ ရေတွင်းပိုက်အထဲကို ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ မြန်မာ လူမှုအဖွဲ့အစည်းတွေက ကလေးကို ချက်ချင်းကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ရာ ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက် မနက် ၁၀ နာရီ

Read More
အလုပ်သမား သတင်း

Mobile စနစ်နဲ့ ပတ်စ်ပို့သက်တမ်းတိုးထားတဲ့ စာအုပ်ထုတ်ယူနိုင်ဖို့ ဒီနေ့ စတင်စာရင်းသွင်းရမယ်

Mobile စနစ်နဲ့ ပတ်စ်ပို့သက်တမ်းတိုးထားတဲ့ စာအုပ်ထုတ်ယူနိုင်ဖို့ ဒီနေ့ စတင်စာရင်းသွင်းရမယ် ဖေဖော်ဝါရီ ၆ ရက်၊ Migrant Times နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမယ့် မြန်မာ‌​ရေွှ့ပြောင်းလုပ်သား ၁၀,၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၆ ရက်က စတင်ပြီး သက်တမ်းတိုးပြီးသား စာအုပ်ထုတ်ယူနိုင်ဖို့ သတ်မှတ်ပုံစံတွေ ဖြည့်သွင်းပြီး ဉီးမျိုးဇော်သောင်း၊ ကောင်စစ်အရာရှိ၊ သံရုံးသစ်ကို စာရင်းတင်သွင်းလို့ရပြီဖြစ်ပါတယ်။သံရုံးအနေနဲ့ ဇန်နဝါရီလ ၃၀ ရက်ကတည်းက သက်မှတ်ချက်နဲ့ကိုက်ညီတဲ့ တချို့ စက်ရုံတွေမှာ Mobile စနစ်နဲ့ အချက်အလက်ကောက်ယူမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး ပတ်စ်ပို့ သက်တမ်းတိုးထားတဲ့ စာအုပ်အသစ်ထုတ်ယူနိုင်ဖို့အတွက် အချက်အလက် ကောက်ယူပြီးသွားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက သတ်မှတ်ပုံစံ​တွေကို ဖြည့်စွက်တင်သွင်းရမှာဖြစ်ပါတယ်။လက်ရှိဆောင်ရွက်နေတဲ့ အချက်အလက်ကောက်ယူမှု လုပ်ငန်းစဥ်ဟာ ဖေဖော်ဝါရီလအတွင်းမှာ စက်ရုံ၊

Read More
အလုပ်သမား သတင်း

ထိုင်း-မလေးနယ်စပ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃ ဦးနဲ့ မလေးရှား ယာဥ်မောင်းတစ်ဦးဖမ်းမိ

ထိုင်း-မလေးနယ်စပ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃ ဦးနဲ့ မလေးရှား ယာဥ်မောင်းတစ်ဦးဖမ်းမိ ဖေဖော်ဝါရီ ၆ ရက်၊ Migrant Times မလေးရှားနဲ့ ထိုင်းနိုင်ငံနယ်စပ်၊ မလေးရှားပိုင် Bukit Kayu Hitam မှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ သူတို့ စီးနင်းလာတဲ့ကားကို မောင်းတဲ့ မလေးရှားယာဉ်မောင်း ၁ ဦးကို မလေးရှား အာဏာပိုင်တွေကဖမ်းဆီးမိခဲ့ပါတယ်။ဖေဖော်ဝါရီလ ၄ ရက်က ဖမ်းမိခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းပြီးနောက် မလေးရှားနိုင်ငံ ဥပဒေအရ အရေးယူဖို့ ဖေဖော်ဝါရီလ ၅ ရက်မှာ Bukit Kayu Hitam ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်က စတင်ကာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပထွက်ပြီး

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားက နိုင်ငံခြားသားလုပ်သား ၃၀၀,၀၀ နီးပါး ခေါ်ဖို့ အလုပ်ရှင်တွေဆီက ဒုတိယအကြိမ် လျှောက်လွှာလက်ခံမယ်

တောင်ကိုရီးယားက နိုင်ငံခြားသားလုပ်သား ၃၀၀,၀၀ နီးပါး ခေါ်ဖို့ အလုပ်ရှင်တွေဆီက ဒုတိယအကြိမ် လျှောက်လွှာလက်ခံမယ် ဖေဖော်ဝါရီ ၃ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံက ဒီနှစ်အတွက် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို အလုပ်ခန့်ဖို့ လုပ်သားစာရင်းလျှောက်လွှာကို အလုပ်ရှင်တွေဆီက​နေဒုတိယအကြိမ် လက်ခံဖို့ စီစဥ်နေတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက မြန်မာအပါအဝင် ၁၆ နိုင်ငံက နိုင်ငံခြားသား လုပ်သား ၂၈၁,၂၈ ဦးကို ခေါ်ယူဖို့ စီစဥ်​နေတာ ဖြစ်ပါတယ်။အလုပ်သမား​ခေါ်ယူလိုတဲ့ ကိုရီးယား အလုပ်ရှင်​တွေအ​နေနဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၈ ရက်အထိ လျှောက်လွှာတင်ဖို့ အဲဒီနိုင်ငံအလုပ်သမားဝန်ကြီးဌာနကကြေညာထားပါတယ်။ တောင်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်လုပ်သားခေါ်ယူဖို့ အလုပ်ရှင်တွေဆီက လျှောက်လွှာလက်ခံခဲ့ပြီး အခုဒုတိယအကြိမ် လက်ခံတာဖြစ်ပါတယ်။ခေါ်ယူမယ့်လုပ်သားဦး​ရေက ကုန်ထုတ်လုပ်ငန်းအတွက် ၂၀၆,၅၉ ဦး၊

Read More
အလုပ်သမား သတင်း

ကိုရီးယားမှာ ဗီဇာမဲ့နေထိုင်သူတွေကို ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးမယ်

ကိုရီးယားမှာ ဗီဇာမဲ့နေထိုင်သူတွေကို ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးမယ် ဖေဖော်ဝါရီ ၃ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မြန်မာအပါအဝင် ဗီဇာမဲ့နေထိုင်တဲ့နိုင်ငံခြားသားတွေကို ပူးပေါင်းအဖွဲ့နဲ့ ရှာဖွေဖမ်းဆီးမယ်လို့ တောင်ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။စီမံချက်ကို မတ်လ ၃၁ ရက်အထိ ၂ လတာ ပြုလုပ်မှာဖြစ်ပြီး တရားရေးရာဝန်ကြီးဌာန၊ လဝက၊ ရဲ၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ပင်လယ်ကမ်းခြေစောင့် ရဲ၊ အိုးအိမ်မြေနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ထမ်းတွေ ပူးပေါင်းဖမ်းဆီးမယ်လို့ သိရပါတယ်။ အဓိကဖမ်းဆီးမယ့်နေရာကကာရာအိုကေ သီချင်းဆိုခန်း​တွေ၊ အနှိပ်ခန်း​တွေ၊ တရားမဝင် စားသောက်ဆိုင်​တွေဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။အဲဒီစီမံချက်က တရားမဝင်နေထိုင်တဲ့ ဗီဇာမဲ့တွေကို ဦးတည်ပေမယ့် တရားဝင်လုပ်သားတွေလည်း သတိထားနေထိုင်သွားလာဖို့ မြန်မာလုပ်သားအရေးလှုပ်ရှားသူတွေက သတိပေးထားပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ ပတ်ဝန်းကျင်ထိခိုက်အောင်ဆူပူအော်ဟစ်တာ၊ ရန်ဖြစ်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေမလုပ်ဖို့ သူတို့က အကြုံပြုပါတယ်။ဗီဇာမဲ့အလုပ်သမားတွေအနေနဲ့ ဖမ်းဆီးခံရရင် နေရပ်ပြန်ပို့ခံရမယ်လို့လည်း သတင်းတွေက

Read More
အလုပ်သမား သတင်း

ရနောင်းလဝက အချုပ်မှ မြန်မာ ၆၀၀ ကျော်ကို ကော့သောင်း ပြန်ပို့

ရနောင်းလဝက အချုပ်မှ မြန်မာ ၆၀၀ ကျော်ကို ကော့သောင်း ပြန်ပို့ ဖေဖော်ဝါရီ ၂ ရက်၊ Migrant Times ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးလွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀ ကျော်ဟာ ရနောင်း လ၀က အချုပ်ခန်းကနေ ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ပြန်လွတ်လာတယ်လို့ သိရပါတယ်။သူတို့ကို ရနောင်း-ကော့သောင်း ရေလမ်းကြောင်းက​ေန Grand Andaman ကုမ္ပဏီပိုင် လှေတွေနဲ့ မြန်မာအာဏာပိုင်တွေက လာရောက်ကြိုဆိုခဲ့ပါတယ်။မြန်မာဘက်ကို ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားထဲမှာ အမျိုးသား ၅၃၄ ဦးနဲ့ အမျိုးသမီး ၁၃၆ ဦး၊ စုစုပေါင်း ၆၇၀ ဦးဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ လုပ်သား ၂ ဦးပါရှိတယ်လို့ သိရပါတယ်။ ကော့သောင်းခရိုင် ဒေသခံတွေကလွဲပြီး ကျန်ဒေသကသူတွေကို ရေတပ်စစ်သင်္ဘောတွေနဲ့မြိတ်၊

Read More
အလုပ်သမား သတင်း

ရနောင်း လဝကအချုပ်ခန်းက မြန်မာ ၆၀၀ ကျော်ကို ဒီနေ့ပြန်ပို့ဖို့ စီစဥ်

ရနောင်း လဝကအချုပ်ခန်းက မြန်မာ ၆၀၀ ကျော်ကို ဒီနေ့ပြန်ပို့ဖို့ စီစဥ် ဖေဖော်ဝါရီ ၂ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ လဝက အချုပ်ခန်းက မြန်မာ ၆၀၀ကျော်ကို ဒီကနေ့ ရနောင်း – ကော့သောင်းရေလမ်းကြောင်းတစ်ဆင့် ပြန်ပို့ဖို့ စီစဥ်နေပါတယ်။မြန်မာဘက်က တာဝန်ရှိသူတွေက ဒီကနေ့မှာ လှေ လေးစင်းနဲ့ လာရောက်ခေါ်ဆောင်နေတာ ဖြစ်ပါတယ်။မြန်မာအမျိုးသား ၅၃၄ ဦးနဲ့ အမျိုးသမီး ၁၃၆ဦး စုစုပေါင်း ၆၇၀ ဦးကို နေရပ်ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ဆန္ဒပြခဲ့ပြီးနောက် သူတို့ကို ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဥ်ခဲ့တာ ဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီး မြန်မာပြည်ပြန်ပို့ဖို့ စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ တချို့က

Read More
အလုပ်သမား သတင်း

ပြည်ပမှာ ကျင်းပတဲ့ ဂျပန်အလုပ်အကိုင်ကျွမ်းကျင် စာမေးပွဲတွေ ဖြေခွင့်မပြုတော့

ပြည်ပမှာ ကျင်းပတဲ့ ဂျပန်အလုပ်အကိုင်ကျွမ်းကျင် စာမေးပွဲတွေ ဖြေခွင့်မပြုတော့ ဖေဖော်ဝါရီ ၂ ရက်၊ Migrant Times အလုပ်အကိုင်ပတ်စ်ပို့(PJ)ကိုင်ဆောင်ထားသူတွေကို​ ပြည်ပမှာ ကျင်းပတဲ့ ဂျပန်ကျွမ်းကျင်အလုပ်အကိုင်စာမေးပွဲတွေ သွားဖြေခွင့်မပေးတော့ဘူးလို့ အလုပ်အကိုင်အေဂျင်စီတွေဆီက သိရပါတယ်။အလုပ်သမားတချို့ဟာ အေဂျင်စီတွေရဲ့အာမခံမှုနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်း၊ ဖိလစ်ပိုင်အပါအဝင် ပြည်ပနိုင်ငံတွေမှာ ကျင်းပတဲ့ ဂျပန်အလုပ်အကိုင်ကျွမ်းကျင်စာမေးပွဲတွေ သွားဖြေခွင့်ရခဲ့ပါတယ်။ အခုတော့ အလုပ်သမားဝန်​ကြီးဌာနက အဲဒီလို သွားရောက်ဖြေဆိုခွင့်မပြုတော့တာလို့ သိရပါတယ်။ ” PJ သမားတွေကို ရပ်လိုက်တာ၊ PV(အလည်ပတ်စ်ပို့)ကိုင်ထားသူတွေတော့ မပြောတတ်ဘူး ” လို့ အလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။အဲဒီစာမေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ ကြန့်ကြာတာကြောင့် အလုပ်သမားတချို့ဟာ ငွေကြေးအကုန်ခံပြီး ပြည်ပမှာ သွားရောက်ဖြေဆိုနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဂျပန်အလုပ်အကိုင်ကျွမ်းကျင်စာမေးပွဲတချို့ကို မြန်မာနိုင်ငံမှာ ပြန်ကျင်းပပေးခဲ့ပေမယ့် ကျင်းပတဲ့ အကြိမ်ရေနည်းပြီး ဖြေဆိုလိုသူများတယ်လို့ ဂျပန်စာလေ့လာနေသူတွေက ဆိုပါတယ်။

Read More
အလုပ်သမား သတင်း

ဂျပန်က မြန်မာလုပ်သား ၁၀၀၀ ကျော် ထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၁၀၀၀ ကျော် ထပ်ခေါ်မယ် ဇန်နဝါရီ ၃၁ ရက်၊ Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁၀၀၀ ကျော် ထပ်မံခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံက ကုမ္ပဏီနဲ့စက်ရုံလုပ်ငန်းတွေက မြန်မာလုပ်သားခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့အလုပ်ခေါ်စာ ၃၁၂ ခုမှာ လုပ်သား ၁၀၅၁ ဦးကို ခေါ်ယူဖို့ တင်ပြထားတယ်လို့ သိရပါတယ်။အခုအကြိမ်အလုပ်ကမ်းလှမ်းမှုဟာ ဂျပန်က မြန်မာအလုပ်သမားခေါ်ယူခဲ့တာမှာ အရေအတွက်အများဆုံးလည်း ဖြစ်ပါတယ်။” နှစ်အစမှာကို ဂျပန်ဘက်က အလုပ်သမားတွေအလုံးအရင်းနဲ့ ခေါ်ဖို့ပြင်လာတဲ့သဘောတွေ့ရတယ် ” လို့ အလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အလုပ်ကမ်းလှမ်းမှုမှာ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ဂျပန်နို​င်ငံဟာ ၂၀၂၂နှစ်လယ်ပိုင်းကစကာ မြန်မာအလုပ်သမားတွေကို ဆက်တိုက်ခေါ်ယူနေပြီး ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ​ကို မြန်မာလုပ်သား၁၀၀,၀၀ ကျော်

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၅ ဦးစေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၅ ဦးစေလွှတ် ဇန်နဝါရီ ၃၁ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၅ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် ၂၉ ဦး၊ CBT ကုန်ထုတ်လုပ်သား ၅ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၀ ဦး၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားသစ် ၆၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ( ဇန်နဝါရီလ ၃၁ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ

Read More