September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ဆန္ဒပြခဲ့တဲ့ထိုင်းနိုင်ငံ ရနောင်းအချုပ်က မြန်မာ ၆၀၀ ဦးကို သုံးသုတ်ခွဲပြီး နေရပ်ပြန်ပို့မယ်

လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ဆန္ဒပြခဲ့တဲ့ထိုင်းနိုင်ငံ ရနောင်းအချုပ်က မြန်မာ ၆၀၀ ဦးကို သုံးသုတ်ခွဲပြီး နေရပ်ပြန်ပို့မယ် ဇန်နဝါရီ ၃၀ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်း လဝက အချုပ်ခန်းက မြန်မာ ၆၀၀ ဦးဟာ လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ဇန်နဝါရီလ ၂၈ ရက်မှာ ဆန္ဒပြခဲ့ပြီးနောက် သူတို့ကို သုံးသုတ်ခွဲပြီး မြန်မာနိုင်ငံ ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဥ်နေပါတယ်။လွတ်ရက်စေ့ပြီး မြန်မာပြည်ပြန်ပို့ဖို့ စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ တချို့က ၆ လ၊ ၇လခန့ျ အခု အချုပ်မှာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။အဲဒီမြန်မာလုပ်သားတွေဟာ ဇန်နဝါရီလ ၂၈ ရက်မှာ အချုပ်တွင်း ဆန္ဒပြခဲ့တာကြောင့် မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဉီးတင်အောင်က IDC တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနဲ့

Read More
အလုပ်သမား သတင်း

မြန်မာနိုင်ငံသား ၉၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

မြန်မာနိုင်ငံသား ၉၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ ဇန်နဝါရီ ၃၀ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာလုပ်သား ၈၇ ဦးနဲ့ သူတို့နဲ့အတူလိုက်ပါလာတဲ့ သားသမီး ကလေးငယ် ၆ ဦးဟာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ကန်ကျနဘူရီခရိုင် အခြေစိုက်၊ စူရစီတပ်က ကင်းလှည့်စစ်ဆေးတာ၊ ဂိတ်ချစစ်ဆေးတာ၊ ဒေသခံပြည်သူတွေ သတင်းပေးမှုစတာတွေကြောင့် ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်က ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ မိဘနဲ့အတူလိုက်ပါလာတဲ့ ကလေးငယ် ၆ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ သူတို့နဲ့အတူ

Read More
အလုပ်သမား သတင်း

ထိုင်းအချုပ်ခန်းမှာ ဆန္ဒပြမှုဖြစ်

ထိုင်းအချုပ်ခန်းမှာ ဆန္ဒပြမှုဖြစ် ဇန်နဝါရီ ၂၉ ရက် ၊ Migrant Times ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးမြောက်ပြီး အချိန်ကြာမြင့်တဲ့အထိလွတ်မြောက်ခွင့် မရသေးလို့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၅၅ ဦးဟာ ဇန်နဝါရီလ ၂၈ ရက်က အချုပ်ခန်းတွင်း ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။သူတို့ဟာ ထိုင်းတောင်ပိုင်း ရနောင်း လဝကအချုပ်မှာ မြန်မာပြည်ကို ပြန်ပို့ခံရဖို့ စောင့်ဆိုင်နေကြတာလို့သိရပါတယ်။မြန်မာပြည်ကို အမြန်ဆုံးပို့ဆောင်ပေးဖို့ သူတို့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ထိုင်းအစိုးရနဲ့ မြန်မာအလုပ်သမားသံအရာရှိတို့က ဒီကိစ္စနဲ့ပတ်သက်လို့ညှိနှိုင်းဖြေရှင်း​နေကြတယ်လို့ သိရပါတယ်။ရနောင်း လဝက အချုပ်တွင်း ဆန္ဒပြမှု ဖြစ်ပွားတာဟာ ကိုဗစ်ကာလကစပြီး အခုအကြိမ်နဲ့ဆို ၂ ကြိမ်ရှိပြီလို့ သိရပါတယ်။                       

Read More
အလုပ်သမား သတင်း

Kingrich အထည်ချုပ်စက်ရုံက နေမကောင်းတဲ့အလုပ်သမားကို ကျန်းမာရေးစောင့်ရှောက်မှုမပေးတဲ့အပြင် အလုပ်ကထုတ်တယ်လို့ဆို

Kingrich အထည်ချုပ်စက်ရုံက နေမကောင်းတဲ့အလုပ်သမားကို ကျန်းမာရေးစောင့်ရှောက်မှုမပေးတဲ့အပြင် အလုပ်ကထုတ်တယ်လို့ဆို ဇန်နဝါရီ ၂၈ ရက်၊ Migrant Times ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၂) မှာဖွင့်ထားတဲ့ Kingrich အထည်ချုပ်စက်ရုံက ​နေမ​ကောင်းတဲ့အလုပ်သမားတစ်ဦးအလုပ်ပျက်လို့ဆိုပြီး အလုပ်က ထုတ်ပယ်ခံထားရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ထုတ်ပြန်ပါတယ်။အဲဒီ အမျိုးသမီးဟာ နေမကောင်းတာကြောင့် စက်ရုံတွင်း အလုပ်လုပ်ကိုင်နေချိန် မူးလဲခဲ့ပြီး စက်ရုံဆေးပေးခန်းမှာလုံလောက်တဲ့ ဆေးဝါးမရှိဘဲ အပြင်ဆေးခန်းသို့လည်း ပို့ဆောင်ကုသပေးခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။အလုပ်သမားရဲ့မိသားစုဆီအကြောင်းကြားကာအိမ်ပြန်ပို့ခဲ့ပြီး အိမ်မှာပဲ ခွင့် ၃ ရက်ယူနားပြီးနောက် အလုပ်ပြန်ဆင်းတဲ့နေမှာ ထပ်ပြီးမူးလဲခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုကျန်းမာရေးမကောင်းတာကြောင့် အလုပ်သမားရဲ့မိသားစုက ဆေးကုသဖို့လစာမဲ့ခွင့်တောင်းခံတာကို စက်ရုံဘက်က လက်မခံဘဲ အလုပ်ကထုတ်လိုက်တာဖြစ်တယ်လို့ STUMရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဥပဒေအရ လုပ်သားထောင်ကျော်ရှိတဲ့ အလုပ်လုပ်စက်ရုံမှာ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းအစုံအလင်ရှိတဲ့ဆေးပေးခန်းနဲ့အတူ ဆရာဝန်တဦး ထားရှိရမှာဖြစ်ပေမယ့် အဲဒီစက်ရုံမှာတော့ ဆေးဝါးမပြည့်စုံတဲ့အပြင် သူနာပြုတစ်ဦးသာ ထားရှိတယ်လို့ဆိုပါတယ်။အလုပ်သမားတွေအနေနဲ့

Read More
အလုပ်သမား သတင်း

မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိထီဆုပေါက်

မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိထီဆုပေါက် ဇန်နဝါရီ ၂၈ ရက်၊ Migrant Times မ​လေးရှား​ရောက်​မြန်မာလုပ်သားတစ်ဦး ၆ လုံးထီ ကျပ် သိန်း ၂၀၀၀ နီးပါး ပေါက်ခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ဆီက သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ ပထမပတ်ကတည်းက ထီပေါက်တာ ဖြစ်ပြီး အခုမှဆု​ငွေထုတ်ဖို့အကူအညီတောင်းခံလာလို့ ကူညီပေးခဲ့ရတာလို့ဆိုပါတယ်။ဆု​ငွေထုတ်ယူ​ပြီးတဲ့​နောက်မှာ ကံထူးရှင်က နှလုံးလှပရဟိတအသင်းရဲ့ပရဟိတလုပ်ငန်းအတွက် ရင်းဂစ် ( ၅၀၀၀ )လှူဒါန်းပေးခဲ့တယ်လို့လည်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မလေးရှားရောက်မြန်မာလုပ်သားတွေဟာ မကြာခဏထီဆုကြီးဆွတ်ခူးရရှိလေ့ရှိနေတာဖြစ်ပါတယ်။​ပြီးခဲ့တဲ့အပတ်ကလည်းမလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးဟာ ၄ လုံးတိုက်ထီကံထူးပြီး ကျပ်သိန်း ( ၁၁၀၀ )ကျော် ပိုင်ဆိုင်ခွင့်ရရှိခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။​မော်လ​မြိုင်က​နေလာ​ရောက်အလုပ်လုပ်ကိုင်တဲ့​မြန်မာနိုင်ငံသားဟာဒီတစ်ပတ် ( 1+3 )မလေးရှားထီ ( Big-5 Small- 45 )ပထမဆုပေါက်ပြီး ရင်းဂစ် ( တစ်သိန်း ခုနှစ်သောင်း ) မြန်မာငွေ

Read More
အလုပ်သမား သတင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား၂ ဦးသေဆုံးပြီး ၅ ဦးပျောက်နေ

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား၂ ဦးသေဆုံးပြီး ၅ ဦးပျောက်နေ ဇန်နဝါရီ ၂၇ ရက်၊ Migrant Times တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် မနက်ပိုင်းက ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၂ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။အဲဒီသင်္ဘောနစ်မြုပ်မှုမှာ မြန်မာ ၃ ဦးနဲ့ တရုတ်နိုင်ငံသား ၁၀ ဦးကို ကနဦးရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီတွေ့ရှိသူတွေထဲက မြန်မာ ၂ ဦးနဲ့တရုတ်နိုင်ငံသား ၆ဦးကတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ဆက်လက်ပျောက်ဆုံးနေတာ ၉ ဦးရှိပြီး မြန်မာသင်္ဘောသား ၅ ဦးပါဝင်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ပျောက်ဆုံးသူတွေကို ဂျပန်နဲ့ တောင်ကိုရီးယား ယကမ်းခြေစောင့်တပ်တွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သင်္ဘောနစ်မြုပ်ပြီး ၃ရက်မြောက်အထိတော့ တွေ့ရှိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ပျောက်ဆုံးသူတွေဟာ

Read More
အလုပ်သမား သတင်း

ယခုနှစ်အတွင်း Work Permit နဲ့ ဗီဇာ သက်တမ်းကုန်မယ့်သူတွေ ပွဲစားတွေကို ငွေကြိုမပေးကြဖို့ သတိပေး

ယခုနှစ်အတွင်း Work Permit နဲ့ ဗီဇာ သက်တမ်းကုန်မယ့်သူတွေ ပွဲစားတွေကို ငွေကြိုမပေးကြဖို့ သတိပေး ဇန်နဝါရီ ၂၅ ရက်၊ Migrant Times ယခုနှစ်အတွင်း Work Permit နဲ့ ဗီဇာ သက်တမ်းကုန်ကြမယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် တိကျတဲ့ အမိန့်ညွှန်ကြားချက်တွေ မထွက်ရှိသေးတာကြောင့် သက်တမ်းတိုးဖို့အတွက် ပွဲစားကို အခကြေးငွေကြိုပေးတာမျိုး မလုပ်ဖို့ အလုပ်သမားအ​ရေး ကူညီတဲ့ အဖွဲ့တွေက သတိပေးထားပါတယ်။ယခင်က ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကိုပြန်ပြီး သက်တမ်းတိုးဖို့ခက်ခဲတာကြောင့် ထိုင်းနိုင်ငံအာဏာပိုင်တွေက အလုပ်လုပ်ခွင့် Work Permit ကို ၂ နှစ်သက်တမ်းတိုးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီ ၂ နှစ်သက်တမ်းတိုးဖို့အတွက် ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်သူတွေလည်း အကြုံးဝင်ပေမယ့် ၂၀၂၃ ခုနှစ်အတွက်တော့ တိကျတဲ့

Read More
အလုပ်သမား သတင်း

မြန်မာ သင်္ဘောသား ၁၄ ဦးလိုက်ပါတဲ့ ဟောင်ကောင် ကုန်တင် သင်္ဘော နစ်မြုပ်

မြန်မာ သင်္ဘောသား ၁၄ ဦးလိုက်ပါတဲ့ ဟောင်ကောင် ကုန်တင် သင်္ဘော နစ်မြုပ် ဇန်နဝါရီ ၂၅ ရက်၊ Migrant Times မြန်မာသင်္ဘောသား ၁၄ ဦးလိုက်ပါလာတဲ့ ဟောင်ကောင်ပိုင် ကုန်တင်သင်္ဘောတစ်စီးဟာ ဒီနေ့မနက်ပိုင်းမှာ နစ်မြုပ်သွားတယ်လို့ ကိုရီးယားနိုင်ငံသတင်းတွေအရ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ၊ ဂျဲဂျူကျွန်း ဆောဂွီဖိုမြို့ အရှေ့တောင်ပိုင်း ပင်လယ် ကမ်းခြေ အကွာ ၁၄၈ ကီလိုမီတာ ပင်လယ်ပြင်မှာ မနက် ၂ နာရီခန့်က တန်ချိန် ၆၅၅၁ တန်ရှိ ကုန်တင် သင်္ဘော တစ်စီး နစ်မြုပ်သွားခဲ့တာလို့ ဆိုပါတယ်။အဲဒီသင်္ဘောပေါ်မှာ တရုတ် ၈ ဦးနဲ့ မြန်မာ နိုင်ငံသား ၁၄ ဦးတို့ စီးနင်း လိုက်ပါလာကြတာလို့သတင်းတွေက ဖော်ပြပါတယ်။ ဟောင်ကောင် သင်္ဘောနဲ့ ဂျဲဂျူ

Read More
အလုပ်သမား သတင်း

မြန်မာလုပ်သားတချို့ ပြည်ပအလုပ်အကိုင်ရပြီးမှ ပတ်စ်ပို့သက်တမ်းကုန်ကာနီးလို့ ပြန်ပယ်ဖျက်ခံနေရ

မြန်မာလုပ်သားတချို့ ပြည်ပအလုပ်အကိုင်ရပြီးမှ ပတ်စ်ပို့သက်တမ်းကုန်ကာနီးလို့ ပြန်ပယ်ဖျက်ခံနေရ ဇန်နဝါရီ ၂၄ ရက်၊ Migrant Times မြန်မာလုပ်သားတချို့ ပြည်ပအလုပ်အကိုင်ရပြီးပေမယ့်နိုင်ငံကူးလက်မှတ်(Passport)သက်တမ်းကုန်တော့မှာမို့ ပြန်ပယ်ဖျက်ခံနေရတယ်လို့ သိရပါတယ်။ပြည်ပမှာ အလုပ်အကိုင်ရရှိကြောင်း အလုပ်အကိုင်အေဂျင်စီတွေနဲ့သဘောတူညီမှုရပြီးတဲ့ မြန်မာလုပ်သားတွေဟာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို အစိုးရက ရပ်ဆိုင်းလိုက်တာပါ။ ဒါကြောင့် ပြည်ပထွက်မယ့် မြန်မာလုပ်သားတွေအနေနဲ့ အလုပ်ရဖို့    အခွင့်အရေးပါ လွဲချော်ကုန်တယ်လို့ဆိုပါတယ်။” နိုင်ငံကူးလက်မှတ်သက်တမ်းကုန်တော့မှာမို့လို့ ပြည်ပထွက်ခွင့်မရတော့ဘူးဆိုပြီး Cancel လုပ်ခံလိုက်ရတယ်။တခြားသက်တမ်းလက်ကျန် ပိုတဲ့သူနဲ့ အစားထိုးလိုက်တယ် ” လို့ မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြည်ပကိုစေလွှတ်မယ့်အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကို အဓိကကြည့်ပြီး ခေါ်ယူနေတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။” လွှတ်မယ်ဆိုရင်လည်း ချက်ချင်းလွှတ်ရတာမဟုတ်ဘူး။တခြားပြင်ဆင်ရတဲ့ကိစ္စတွေနဲ့ လချီကြာတတ်တော့ နိုင်ငံကူးလက်မှတ်သက်တမ်းက အခုချိန်မှာ အရမ်းစကားပြောတယ် ” လို့

Read More
စီးပွားရေး အလုပ်သမား သတင်း

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်းအတွက် အလုပ်လျှောက်လွှာထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်သက်တမ်းလက်ကျန်ကို ဖြေလျှော့ပေး

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်းအတွက် အလုပ်လျှောက်လွှာထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်သက်တမ်းလက်ကျန်ကို ဖြေလျှော့ပေး ဇန်နဝါရီ ၂၃ ရက်၊ Migrant Times ကိုရီးယားအလုပ်အကိုင်ဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်းပထမအသုတ်အောင်မြင်ထားသူတွေအတွက် အလုပ်လျှောက်လွှာထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်သက်တမ်းကိုဖြေလျှော့ပေးထားတယ်လို့ သိရပါတယ်။မူလက အလုပ်လျှောက်လွှာထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်ရဲ့လက်ကျန်သက်တမ်းက အနည်းဆုံး ၁နှစ်ရှိရမယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။လက်ရှိမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ၊ သက်တမ်းတိုးတာတွေကို ရပ်ဆိုင်းထားတာကြောင့် အလုပ်လျှောက်လွှာထုတ်ယူမယ့်သူတွေ အခက်အခဲရှိနေပြီး အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က သက်တမ်းလက်ကျန် ၁ နှစ်မရှိလည်း ရတယ်ဆိုပြီး​ပြန်အသိပေးထားပါတယ်။POEAရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ နိုင်ငံကူးလက်မှတ်အခက်အခဲရှိနေတဲ့အကြောင်း အလုပ်လျှောက်လွှာထုတ် မယ့်သူတွေရဲ့မှတ်ချက်ပေးမှုကို ” ၁ နှစ်မပြည့်လည်းအလုပ်လျှောက်လွှာထုတ်/တင်လို့ရပါတယ် ” ဆိုပြီး အကြောင်းပြန်ထားတာ ဖြစ်ပါတယ်။ အလုပ်လျှောက်လွှာထုတ်တဲ့အခါမှာ စာမေးပွဲဖြေချိန်ကပြသခဲ့တဲ့ နိုင်ငံကူးလက်မှတ်စာအုပ်နဲ့ထုတ်နိုင်တယ်ဆိုပြီးတော့လည်း ရှင်းလင်းထားပါတယ်။အဲဒီကုန်ထုတ်လုပ်ငန်းပထမအသုတ်စာ​မေးပွဲ​အောင်ထားသူ​တွေအတွက်အလုပ်လျှောက်လွှာကို ဇန်နဝါရီ၃၀ကနေ ဖေဖော်ဝါရီလ ၂ရက်အထိ ထုတ်ယူနိုင်တယ်လို့ POEAက ကြေညာထားပါတယ်။ဒုတိယအသုတ်စာမေးပွဲကိုတော့ ဖေဖော်ဝါရီလ ၆ရက်ကနေ ဧပြီလအထိကျင်းပသွားမှာဖြစ်ပြီး ဖြေဆိုမယ့်သူ ၁၅၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။အလုပ်လျှောက်လွှာထုတ်တဲ့အခါမှာ

Read More