September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

စိတ်ကြွမူးယစ်ဆေး အလုံးရေ ၃၀,၀၀၀ သယ်လာတဲ့ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းစစ်သားတွေဖမ်းမိ

စိတ်ကြွမူးယစ်ဆေး အလုံးရေ ၃၀,၀၀၀ သယ်လာတဲ့ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းစစ်သားတွေဖမ်းမိ ဇန်နဝါရီ ၂၃ ရက်၊ Migrant Times စိတ်ကြွဆေး (ရာဘ) အလုံး ၃၀,၀၀၀ ကို ငါးခြောက်အိတ်နဲ့ထည့်ပြီး လိုင်းကားနဲ့သယ်ဆောင်လာတဲ့ မြန်မာအမျိုးသားတစ်ဦးကို ရနောင်းခရိုင်အခြေစိုက်၊ ထိုင်းစစ်သားတွေက စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဇန်နဝါရီလ ၁၈ ရက်က မြန်မာအမျိုးသားတစ်ဦးဟာ စိတ်ကြွဆေး အထုတ်ရေ ၁၅ ထုတ်၊ စုစုပေါင်း အလုံး ၃၀,၀၀၀ ကို ငါးခြောက်အိတ်တွေနဲ့ ရောထည့်လာပြီး ဦးတည်ရာကိုသွားပို့ရင်း ရနောင်းလမ်းမှာရှိတဲ့ စိလာစရတ်စစ်ဆေးရေးဂိတ်က ထိုင်းစစ်သားတွေက ဖမ်းဆီးမိခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသားရဲ့အမည်မှာ အသက် ၂၄ နှစ်အရွယ် မောင်ဇော်မင်းထွေးလို့ သိရပြီး မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဘက်မှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ မောင်ဆန်းဦးကတစ်ဆင့် မူးယစ်ဆေးပို့ဆောင်ရေးအလုပ်ကမ်းလှမ်းမှုကိုရရှိခဲ့တယ်လို့ ဆိုပါတယ်။အဲဒီမူးယစ်ဆေးတွေဟာ ထိုင်း-မြန်မာနယ်စပ်ကတစ်ဆင့်

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ CI ပြုလုပ်ဖို့ ရက်သက်တမ်းတိုးမှုမှာလုပ်ငန်းစဉ် ရှုပ်ထွေးနေဟုဆို

ထိုင်းနိုင်ငံမှာ CI ပြုလုပ်ဖို့ ရက်သက်တမ်းတိုးမှုမှာလုပ်ငန်းစဉ် ရှုပ်ထွေးနေဟုဆို ဇန်နဝါရီ ၂၂ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်နိုင်မယ့်ရက်ကို သက်တမ်းတိုးပေးလိုက်တဲ့ လုပ်ငန်းစဉ်ဟာ အလုပ်သမားတွေအတွက် ရှုပ်ထွေးပြီး အလွယ်တကူနားလည်ဖို့ ခက်ခဲတာကြောင့် ငွေကြေးကုန်ကျမှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက သုံးသပ်နေကြပါတယ်။ယခင်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို နောက်ဆုံးထားပြီး CI လုပ်ကြဖို့သတ်မှတ်ထားပေမယ့် ထိုင်းအစိုးရက ဇန်နဝါရီ ၁၇ ရက်မှာ မေလ ၁၅ ရက်အထိ သက်တမ်းတိုးခွင့်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး CI လုပ်နိုင်မယ့်ရက်ကို သက်တမ်းတိုးခဲ့ပေမယ့် Work Permit ရရှိထားပြီးသူတွေနဲ့ Work Permit

Read More
စီးပွားရေး အလုပ်သမား သတင်း

ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်(ပထမအသုတ်)အောင်မြင်သူတွေရဲ့အလုပ်လျှောက်လွှာကို ဒီလကုန် ထုတ်ပေးမယ်

ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်(ပထမအသုတ်)အောင်မြင်သူတွေရဲ့အလုပ်လျှောက်လွှာကို ဒီလကုန် ထုတ်ပေးမယ် ဇန်နဝါရီ ၂၁ ရက်၊ Migrant Times တောင်ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်စာမေးပွဲ(ပထမအသုတ်)အောင်မြင်ထားသူတွေအတွက် အလုပ်လျှောက်လွှာကို ဒီလကုန်မှာ ထုတ်ပေးမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အလုပ်လျှောက်လွှာတွေကို ရက်အလိုက်ထုတ်ယူရမယ့် ခုံနံပါတ်တွေ ကြေညာပေးထားပြီး ဇန်နဝါရီလ ၃၀ ရက်ကနေ ဖေဖော်ဝါရီလ ၂ရက်အထိ ထုတ်ပေးမှာပါ။အလုပ်လျှောက်လွှာတင်တာတွေကို ဖေဖော်ဝါရီလ ၃ရက်ကနေ ၁၃ ရက်အထိ သတ်မှတ်ထားတဲ့ခုံနံပတ်အလိုက် ပြန်လက်ခံမယ်လို့လည်း အသိပေးထားပါတယ်။ အလုပ် လျှောက်လွှာတင်သူတွေဟာ နိုင်ငံကူးလက်မှတ်လက်ကျန်အနည်းဆုံး ၁နှစ်ရှိဖို့၊ ကိုယ်ပိုင်Bank စာရင်းအကောင့်ရှိဖို့၊ ကျန်းမာရေးဆေးစစ်ချက်အောင်မြင်ကြောင်း​‌ထောက်ခံချက်နဲ့နိုင်ငံသားစိစစ်ရေးကတ်ရှိဖို့စတဲ့သတ်မှတ်ချက်တွေလည်း ဖော်ပြထားပါတယ်။အဲဒီစာမေးပွဲကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းက ကျင်းပခဲ့ပြီး ဖြေဆိုသူ ၁၀၀၀၀ ကျော်ရှိတဲ့အနက် ထက်ဝက်ကျော်အောင်မြင်ခဲ့တယ်လို့ POEAရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။လက်ရှိမှာ ကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကို ဖေဖော်ဝါရီလ ၆ရက်ကနေ မေလအထိဆက်လက်ကျင်းပဖို့ စီစဥ်နေတယ်လို့

Read More
အလုပ်သမား သတင်း

မလေးရှားရောက်မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိဆုကြီး ဆွတ်ခူး

မလေးရှားရောက်မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိဆုကြီး ဆွတ်ခူး ဇန်နဝါရီ ၂၁ ရက်၊ Migrant Times မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးဟာ ၄လုံးတိုက်ထီကံထူးပြီး ကျပ်သိန်း ( ၁၁၀၀ )ကျော် ပိုင်ဆိုင်ခွင့်ရရှိခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ထံက သိရပါတယ်။မော်လ​မြိုင်က​နေလာ​ရောက်အလုပ်လုပ်ကိုင်တဲ့​မြန်မာနိုင်ငံသားဟာ ဒီတပတ် ( 1+3 )မလေးရှားထီ ( Big-5 Small- 45 )ပထမဆုပေါက်ပြီး ရင်းဂစ် ( တစ်သိန်း ခုနှစ်သောင်း ) မြန်မာငွေ ကျပ်သိန်း ( ၁၁၀၀ )ကျော်ရရှိသွားတာဖြစ်ပါတယ်။ကံထူးသူဟာ လမ်းမှာတွေ့တဲ့ကားနံပါတ်ကိုထိုးလိုက်ရာမှပေါက်တာလို့ဆိုပါတယ်။ဆု​ငွေကိုနှလုံးလှအဖွဲ့ကကူညီထုတ်​ပေးခဲ့​ပြီးကံထူးသူက ပရဟိတကိစ္စ​တွေမှာအသုံးပြုဖို့ ရင်းဂစ် ( ၅၀၀၀ ) လှူဒါန်းခဲ့တယ်လို့ ယင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအနေနဲ့အလားတူထီဆုကြီးတွေမကြာခဏဆွတ်ခူးလေ့ရှိတယ်လို့လည်းသတင်းတွေအရသိရပါတယ်။               

Read More
အလုပ်သမား သတင်း

ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသူမိသားစုတွေကို ထိုင်းအလုပ်သမားဝန်ကြီးက နစ်နာကြေးပေးအပ်

ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသူမိသားစုတွေကို ထိုင်းအလုပ်သမားဝန်ကြီးက နစ်နာကြေးပေးအပ် ဇန်နဝါရီ ၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ စမုဆွန်ခရမ်ခရိုင်မှာ ဆီတင်သင်္ဘောပေါက်ကွဲမှုမှာ မြန်မာလုပ်သား ၇ ဦး သေဆုံးခဲ့တဲ့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူမိသားစုဝင်တွေကို နစ်နာကြေးပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်က စမုဆွန်ခရမ်ခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ Soosh Sea C22 ဆီတင်သင်္ဘောတစ်စင်းပေါက်ကွဲခဲ့ပြီး မြန်မာလုပ်သား ၇ ဦး သေဆုံးခဲ့တာပါ။ထိုင်းအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုစေလွှတ်ပြီး လူမှုဖူလုံရေးအာမခံကြေးနဲ့ နစ်နာမှုကြောင့် ထောက်ပံ့ကြေးကို သေဆုံးသူ​ေတွရဲ့ မိသားစုဆီ ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးသူတစ်ယောက်ချင်းအတွက် အလုပ်သမားဝန်ကြီးဌာနက နာရေးပြုလုပ်ခ ဘတ် ၅၀,၀၀၀၊ အလုပ်ခွင်အတွင်း သေဆုံးမှုကြောင့် လျော်ကြေး ဘတ် ၇၇၀,၉၅၂ ပေးအပ်ခဲ့ပြီး သက်ကြီးပင်စင်ကြေးကိုတော့

Read More
အလုပ်သမား သတင်း

ပြည်ပသွားမယ့်သူတွေ ပတ်စ်ပို့ လုပ်မရလို့တရားမဝင်လမ်းကြောင်းကို ရွေးချယ်​မှုများလာ

ပြည်ပသွားမယ့်သူတွေ ပတ်စ်ပို့ လုပ်မရလို့တရားမဝင်လမ်းကြောင်းကို ရွေးချယ်​မှုများလာ ဇန်နဝါရီ ၂၀ ရက်၊ Migrant Times ပြည်တွင်းမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေ ရပ်နားထားတာကြောင့် ပြည်ပသွားမယ့် မြန်မာလုပ်သားတွေအနေနဲ့ တရားမဝင်လမ်းကြောင်းကို ပိုပြီးရွေးလာကြပါတယ်။ပတ်စ်ပို့အသစ်လုပ်ဖို့စောင့်နေသူတွေ၊ သက်တမ်းတိုးရမယ့်သူတွေဟာ တရားဝင်လမ်းကြောင်းကနေ ထွက်ခွာဖို့အခွင့်အလမ်းနည်းလာတာကြောင့် တရားမဝင်သွားရောက်ဖို့နည်းလမ်းသာရှိလာကြတယ်လို့ ​မြန်မာလုပ်သားတွေကဆိုပါတယ်။” ဖြစ်နိုင်ရင်တော့ တရားဝင်ပဲ သွားချင်တာပေါ့။ အခုလိုအနေအထားနဲ့က ကျွန်တော်တို့အတွက် အခွင့်အလမ်းကနည်းသွားပြီ။ အလုပ်ကလည်း လုပ်မှကိုရတော့မယ့်အခြေအနေမှာ မရေရာတာကြီး ထိုင်စောင့်နေလို့မဖြစ်ဘူး ” လို့ မလေးရှားနိုင်ငံကို သွားဖို့ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။ ပတ်စ်ပို့ထုတ်ပေးတာ ရပ်နားထားတာကြောင့်တရားမဝင်လုပ်သားစျေးကွက်ကို ပိုပြီးကြီးထွားလာစေနိုင်တယ်လို့လည်း အလုပ်အကိုင်အေဂျင်စီတချို့က သုံးသပ်ပါတယ်။” ယာယီရပ်တာဆိုတာမျိုး၊ အကန့်သတ်မရှိရပ်ထားရင်တော့ တရားဝင်လုပ်သားစေလွှတ်မှုတွေက တဖြေးဖြေးရပ်သွားနိုင်တယ် ” လို့ အမည်မဖော်လိုသူ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ပြည်ပကိုသွားမယ့်အလုပ်သမားတွေကို အခွင့်အရေးပေးဖို့အတွက် သက်ဆိုင်ရာကို တင်ပြဖို့ရှိတယ်လို့လည်း

Read More
အလုပ်သမား သတင်း

ဘန်ကောက်က လုပ်ငန်းခွင်ထိခိုက်ထားတဲ့ ကိုဝင်းနိုင်အတွက် ဗာရိုနီကာ ကူညီ

ဘန်ကောက်က လုပ်ငန်းခွင်ထိခိုက်ထားတဲ့ ကိုဝင်းနိုင်အတွက် ဗာရိုနီကာ ကူညီ ဇန်နဝါရီ ၂၀ ရက်၊ Migrant Times ဘန်ကောက်က ဆောက်လုပ်ရေးဆိုဒ်တစ်ခုမှာ လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ခဲ့တဲ့ ကရင်နီ အလုပ်သမားကို ဆေးကုသနိုင်ဖို့အတွက် ကရင်နီ လက်ဝှေ့မယ် ဗာရိုနီကာ က အလှူငွေကောက်ခံပြီး ကူညီဖို့ကြိုးစားနေပါတယ်။ဗာရိုနီကာ က “ ဆောက်လုပ်ရေးပေါ်ဆန်းအလုပ်သမားတစ်ယောက် ငြမ်းပေါ်ကနေ ပြုတ်ကျပြီး သံခေါင်းပေါ်ကျလို့ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံတင်လိုက်ရတယ်။ ဆေးဝါးဖိုး လိုအပ်နေလို့ပါ။ သူရဲ့မိဘတွေလည်း စစ်ဘေးရှောင်နေရလို့ ငွေကြေးအလုံလောက်မရှိတဲ့အတွက် တတ်နိုင်သလောက် ဘတ် ၅၀ဖြစ်ဖြစ်၊ ၁၀၀ ဖြစ်ဖြစ် ပါဝင်ကူညီပေးကြပါလို့တောင်းဆိုချင်ပါတယ်။ ငါ့တို့လူမျိုး ငါတို့မကူညီရင် ဘယ်သူကကူညီမှာလဲ။ တတ်နိုင်သလောက် ကူညီကြရအောင် ” လို့ သူ့ရဲ့ ​လူမှုကွန်ရက်စာမျက်နှာကနေ တိုက်တွန်းထားပါတယ်။ လုပ်ငန်းခွင်ထိခိုက်ခဲ့တဲ့ အလုပ်သမားဟာ ကိုဝင်းနိုင်လို့

Read More
အလုပ်သမား သတင်း

ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက်ဒုတိယအသုတ် EPS စာမေးပွဲကို ဝင်ဖြေမယ့်သူ ၁၅၀၀၀ နီးပါးရှိ

ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက်ဒုတိယအသုတ် EPS စာမေးပွဲကို ဝင်ဖြေမယ့်သူ ၁၅၀၀၀ နီးပါးရှိ ဇန်နဝါရီ ၁၉ ရက်၊ Migrant Times တောင်ကိုရီးယားအလုပ်အကိုင် EPS ရဲ့ ကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကို ဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အဲဒီစာမေးပွဲကို ဖေဖော်ဝါရီလ ၆ရက်ကနေ ၁၀ရက်အထိ ကျင်းပမှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုခွင့်ရှိသူစာရင်းကို POEAက ကြေညာထားတာဖြစ်ပါတယ်။အဲဒီကုန်ထုတ်လုပ်ငန်းရဲ့ပထမအသုတ်စာမေးပွဲကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျင်းပခဲ့တာမှာ ဖြေဆိုသူဦးရေရဲ့တစ်ဝက်ခန့်ဖြစ်တဲ့ ၆၀၀၀နီးပါးအောင်မြင်ခဲ့ပြီး အခုဒုတိယအသုတ်စာမေးပွဲကျင်းပဖို့ စီစဥ်နေတာဖြစ်ပါတယ်။” ဒုတိယအသုတ်မှာလည်း အောင်ချက်ကောင်းဖို့မျှော်လင့်ရတယ်။ စာတွေကတော့ ပိုင်နိုင်အောင်လုပ်ထားတယ်” လို့ အဲဒီစာမေးပွဲဖြေဆိုဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။ ကိုဗစ်ကာလနောက်ပိုင်း ပြန်လည်ကျင်းပတဲ့ EPSစာမေးပွဲမှာ စိုက်ပျိုးရေး/ မွေးမြူရေးနဲ့ ကုန်ထုတ်ပထမအသုတ်စာမေးပွဲကို ပြုလုပ်ထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲတွေ ကျန်ရှိနေတာဖြစ်ပါတယ်။ကုန်ထုတ်

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ကားတိမ်းမှောက်ပြီး တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ကားတိမ်းမှောက်ပြီး တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ ဇန်နဝါရီ ၁၉ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူအပြည့် တင်လာတဲ့ ပစ်ကပ်ကားတစ်စီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ပြီးနောက် အဲဒီယာဥ်ပေါ်ပါလာတဲ့ တရားမဝင်မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။မိုးကာအုပ်ထားကာ ပြုပြင်ထားတဲ့ ပစ်ကပ်ကားဟာ နောက်ဘီးတာရာ ပြုတ်ထွက်ပြီး ဖက်သလောင်-ဟက်ရိုင်လမ်းကြောင်း ဖက်ကဆမ်လမ်းမကြီးပေါ်မှာ မနက် ၆ နာရီခွဲခန့်က တိမ်းမှောက်ခဲ့တာပါ။အခင်းဖြစ်ပွားတဲ့နေရာကို ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာ ယာဥ်မောင်းနဲ့ ခရီးသည်တွေ မရှိတော့ဘဲ ထွက်ပြေးသွားခဲ့တယ်လို့ ဖက်သလောင် တာ၀န်ကျရဲအရာရှိက ပြောပါတယ်။ ဒါပေမဲ့ အခင်းဖြစ်ပွားရာနဲ့ ၁ ကီလိုမီတာလောက်အကွာက ဒေသခံတွေရဲ့ နေအိမ်မှာ ပုန်းခိုနေတဲ့ ခရီးသည် ၂၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအရာရှိက ဆိုပါတယ်။ရွှေ့ပြောင်းအလုပ်သမား

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ဆီတင်သင်္ဘောပေါက်ကွဲပြီး မြန်မာလုပ်သား ၇ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံမှာ ဆီတင်သင်္ဘောပေါက်ကွဲပြီး မြန်မာလုပ်သား ၇ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ ဇန်နဝါရီ ၁၈ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ မနေ့က ဆီတင်သင်္ဘောပေါက်ကွဲပြီးမြန်မာလုပ်သား ၇ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ဟာ ဇန်နဝါရီလ ၁၇ ရက်မနက်ပိုင်းမှာ အလုပ်သမား ၃၀ ဦးခန့်နဲ့ ဆီပိုက်လိုင်း ဂဟေဆော်တဲ့ လုပ်ငန်းဆောင်ရွက်နေတုန်း ပိုက်လိုင်းအတွင်းက ဆီလက်ကျန်ကတစ်ဆင့် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေခဲ့ရာမှာ မနေ့ မနက်ပိုင်းက မြန်မာနိုင်ငံသား ၁ ဦးရဲ့ ရုပ်အလောင်းကို စ တွေ့ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာမြန်မာနိုင်ငံသား

Read More