September 25, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ထိုင်းမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိ

ထိုင်းမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိ မေ ၂၁ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မယ်ကျန်မြို့နယ်၊ မဲရုဲငျးကြေးရှာအုပျစု၊ ဘန်းဆန်ကောင်ရွာ၊ ဖဟွန်ယိုထင်လမ်းမကြီးမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံသား မှတ်ပုံတင်မရှိတဲ့ တောင်ပေါ်သား ၁၀ နှစ်ခံ ကတ်ပြား ကိုင်ဆောင်ထားတဲ့ အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး လိုက်ပါလာတဲ့ကားကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးရာမှာကားပေါ်မှာ ကောက်ရိုး ဆာလာအိတ် ၅ အိတ်အတွင်း ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၅၀၀,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ နယ်စပ်ဒေသလုံခြုံရေးရဲတပ်ဖွဲ့ နှင့် လူ၀င်မှုကြီးကြပ်ရေး (လ၀က)ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

Read More
အလုပ်သမား သတင်း

YFAစက်ရုံကိုအလုပ်သမားကတရားစွဲဆိုမူပြေလည်မူရရှိ

YFAစက်ရုံကိုအလုပ်သမားကတရားစွဲဆိုမူပြေလည်မူရရှိ မေ ၂၀ ရက် အရုဏ်ဦး၊ Migrant Times YFAအထည်ချုပ်စက်ရုံကို အလုပ်သမားဖြစ်သူက တရားရုံးမှာ တရားစွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ ရန်ကုန်တရားသူကြီးရှေ့တွင်နှစ်ဘက်ညှိနှိုင်းပြီးတဲ့နောက် ပြေလည်မှုရရှိခဲ့တယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်နဲ့ကိုက်ညီမှုမရှိဘဲ အလုပ်ကထုတ်ပယ်တာနဲ့ပတ်သက်လို့ အလုပ်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီတရားစွဲဆိုမှုအပေါ်ရုံးချိန်း ၅ကြိမ်ခေါ်ယူပြီးတဲ့နောက် တိုင်းဥပဒေရုံးမှာ စေ့စပ်ညှိနှိုင်းဖို့ မြို့နယ်တရားသူကြီးက လမ်းညွန်လိုက်တဲ့အတွက်မနေ့က အလုပ်ရှင်၊အလုပ်သမားစေ့စပ်ညှိနိူင်းမှုပြုလုပ်ခဲ့တာလို့ဆိုပါတယ်။”မနေ့ကနှစ်ဘက်အဆင်ပြေမှုရရှိသွားတယ်လို့ပြောလို့ရတယ်။အဲဒါကြောင့် တရားစွဲဆိုမှုကပြီးပြတ်သလောက်ဖြစ်သွားပြီ”လို့ STUMမှတာဝန်ရှိသူက ပြောပါတယ်။အဲဒီအမှုဟာ ဘယ်လို သဘောတူညီမှုနဲ့ပြီးပြတ်တယ်ဆိုတာတော့သေသေချာချာမသိရသေးပါဘူး။အခုလို စက်ရုံပိုင်ရှင်ကိုအလုပ်သမားက တရားစွဲဆိုတာဟာ ရှားရှားပါးပါးဖြစ်ရပ်ဖြစ်ခဲ့ပြီးအမှုရင်ဆိုင်ချိန် ငါးလနီးပါးကြာမြင့်ခဲ့ပါတယ်။

Read More
အလုပ်သမား သတင်း

တရားမ၀င် တရုတ်နိုင်ငံသားနဲ့ ခိုးသွင်းသူ တက္ကစီမောင်းသမား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မှာ ဖမ်းဆီးခံရ

တရားမ၀င် တရုတ်နိုင်ငံသားနဲ့ ခိုးသွင်းသူ တက္ကစီမောင်းသမား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မှာ ဖမ်းဆီးခံရ မေ ၁၉ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မွိုင်မြို့နယ်၊ ရော့်၀င်ကျေးရွာအုပ်စု၊ ပယန်မွန်မိုင် ကျေးရွာမှာတရားမ၀င် တရုတ်နိုင်ငံသားနဲ့ ခိုးသွင်းသူ တက္ကစီမောင်းသမား ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။မယ်ဆိုင်လူ၀င်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ အဖွဲ့စုံ ဂိတ်မှာ အဝါရောင် တံဆိပ်ပါ တက္ကစီမောင်းနှင်းလာတဲ့ ထိုင်းနိုင်ငံသား မစ္စတာ ပီရီယာနဲ့ တရုတ်နိုင်ငံသား Mr.LIU LUANG ကိုစစ်ဆေးရာမှာ စာရွက်စာတမ်းအထောက်အထား မရှိဘဲ ဘန်ကောက်ကိုပို့ဆောင်မှာကို စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း မယ်ဆိုင် လူ၀င်မှု့ ကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။Mr.LIU LUANG ဟာ ထိုင်း- မြန်မာနယ်စပ် မယ်ဆိုင်မြစ်ကြောင်းကတစ်ဆင့် ပို့ဆောင်ခ ၈၀၀၀

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မေလကုန်မှာ လုပ်သားဟောင်း ၁၄၀ နီးပါးစေလွှတ်မယ်

တောင်ကိုရီးယားကို မေလကုန်မှာ လုပ်သားဟောင်း ၁၄၀ နီးပါးစေလွှတ်မယ် မေ ၁၈ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို မေလကုန်မှာ လုပ်သားဟောင်း ၁၄၀ နီးပါး ထပ်စေလွှတ်မယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အလုပ်သမားဟောင်း(Re-entry) ၁၃၆ ဦးဟာ မေလ ၂၉ ရက်မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ရမှာဖြစ်တာကြောင့် လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ မေလ ၂၂ ရက်မှာ ပင်လုံခန်းမဆီလာရောက်ကြဖို့ အသိပေးထားပါတယ်။အခုသွားရောက်ရမယ့်သူတွေဟာ တောင်ကိုရီးယားနိုင်ငံမှာ မူလလုပ်သက်အပြည့်လုပ်ကိုင်ခဲ့ပြီး အလုပ်ရှင်က ဆက်လက်စာချုပ်ချုပ်ဆိုခေါ်ယူထားသူတွေ ဖြစ်ပါတယ်။ “လုပ်သားအသစ်တွေလည်း ဆက်ထွက်ဖို့ရှိတယ်။ လုပ်သားဟောင်းတွေက ဒီတစ်ခေါက်များတယ်”လို့ ကိုရီးယားဘာသာသင်တန်းကျောင်းနည်းပြတစ်ဦးက ပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ လုပ်သားလိုအပ်ချက်ကြောင့် မြန်မာလုပ်သားတွေ တိုးမြှင့်ခေါ်ယူနေသလို လုပ်သားဟောင်းတွေကိုလည်း ဆက်ပြီးခေါ်ယူခန့်ထားတာတွေ များလာတယ်လို့သိရပါတယ်။လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သားဦးရေ ၅၀၀၀၀ နီးပါးရောက်ရှိနေကာ လစဥ်လုပ်သားဦးရေ ရာချီဆက်လက်ထွက်ခွာနေတယ်လို့

Read More
အလုပ်သမား သတင်း

ဘရာဇီးနိုင်ငံက မြန်မာသင်္ဘောသားသက်သေခံလက်မှတ် (CDC)ကိုင်ထားသူတွေကို ဝင်ခွင့်မပေးတော့ဘူးလို့ဆို

ဘရာဇီးနိုင်ငံက မြန်မာသင်္ဘောသားသက်သေခံလက်မှတ် (CDC)ကိုင်ထားသူတွေကို ဝင်ခွင့်မပေးတော့ဘူးလို့ဆို မေ ၁၇ ရက် အရုဏ်ဦး၊ Migrant Times ဘရာဇီးနိုင်ငံက မြန်မာသင်္ဘောသားသက်သေခံလက်မှတ်(CDC)ကိုင်ဆောင်ထားသူတွေကို နိုင်ငံထဲဝင်ခွင့်မပေးတော့ဘူးလို့ မြန်မာနိုင်ငံသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MSESF)ထံက သိရပါတယ်။ဘရာဇီးနိုင်ငံရဲ့ မေလ ၁ ရက်မှာ စတင်အသက်ဝင်နေပြီဖြစ်တဲ့ လူဝင်မှုဥပဒေအသစ်အရ CDCကိုင်ဆောင်ထားသူတွေ ဝင်ရောက်ခွင့်ကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီလူဝင်မှုဥပဒေအသစ်အရ မြန်မာသင်္ဘောသား CDC ကိုင်ထားရင် ဝင်ခွင့်မရတော့ဘဲ ဝင်လာရင် ကြီးလေးတဲ့ဒဏ်ရိုက်ခံရနိုင်တဲ့အပြင် သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ခံရမယ်ဆိုပြီး ဘရာဇီးအစိုးရက အသိပေးထားတယ်လို့ MSESFက ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံက CDCကိုင်ဆောင်ထားသူတွေကို ဝင်ရောက်ခွင့်မပြုတော့သော်လည်း SID လက်မှတ်ရှိရင်တော့ ဝင်ခွင့်ပြုမှာဖြစ်ပြီး အဲဒီလက်မှတ်မရှိရင်မြန်မာနိုင်ငံရှိ ဘရာဇီးသံရုံးမှာ Visa လျှောက်ရမယ်လို့ သိရပါတယ်။” မြန်မာသင်္ဘောသားတွေအတွက် ဘရာဇီးသင်္ဘောလိုင်းဝင်ဖို့ အခက်အခဲတော့ရှိသွားတယ်။ သူ့နိုင်ငံဥပဒေဖြစ်နေတော့ မသိလို့ပါဆိုပြီး လိုက်သွားလို့မရဘူး ” လို့

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ဂျာမနီစက်မှုကဏ္ဍမှာ ကျွမ်းကျင်အလုပ်သမားရှားပါးမှု ပြင်းထန်စွာ ရင်ဆိုင်နေရ

ဂျာမနီစက်မှုကဏ္ဍမှာ ကျွမ်းကျင်အလုပ်သမားရှားပါးမှု ပြင်းထန်စွာ ရင်ဆိုင်နေရ မေ ၁၇ ရက် ခွန်သောမတ်၊ Migrant Times ဂျာမနီနိုင်ငံဟာ စက်မှုထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ပေမယ့် စက်မှုလုပ်ငန်း ကဏ္ဍမျိုးစုံမှာ ကျွမ်းကျင်လုပ်သားရှားပါးမှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ရေရှည် စီးပွားရေးတိုးတက်မှုအတွက် ဆိုးရွားမှုမဖြစ်စေဖို့ စက်မှုလုပ်ငန်းကဏ္ဍမှာ ကျွမ်းကျင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အရှိန်အဟုန်မြှင့် ဆွဲဆောင်ဖို့အစိုးရကို တိုက်တွန်း နေရကြောင်း Deutschevelle ဂျာမန် မီဒီယာများက ဖော်ပြပါတယ်။ဂျာမနီနိုင်ငံဟာ ဥရောပ၏ အကြီးဆုံးစီးပွားရေး စက်မှုလုပ်ငန်းကဏ္ဍမှာ ကျွမ်းကျင် လုပ်သားရှားပါးမှု ရင်ဆိုင်နေရတဲ့အသံ ပိုမိုကျယ်လောင်လာပြီး ကုမ္ပဏီများစွာဟာလုပ်ငန်းလည်ပတ်မှုအတွက် သင့်တော်တဲ့ အရည်အချင်းရှိသူတွေကို ရှာဖွေဖို့ အဓိကစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရုန်းကန်နေရတယ်လို့ German Automotive Industry Association (VDA)မှ ဂျာမန်မော်တော်ကား လုပ်ငန်းအတွက် မန်နေဂျင်းဒါရိုက်တာ Andreas Rade

Read More
အလုပ်သမား သတင်း

မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားတွေကို ပြန်လည်စစ်ဆေးဖမ်းဆီးခံနေရ

မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားတွေကို ပြန်လည်စစ်ဆေးဖမ်းဆီးခံနေရ အရုဏ်ဦး မေ ၁၆ ရက်၊ Migrant Times မလေးရှားနိုင်ငံ၊ ဂျလန်း​မြို့မှာ ဒီရက်ပိုင်းအတွင်း တရားမဝင်နိုင်ငံခြားသားတွေကို ပိုက်စိတ်တိုက် ဖမ်းဆီးမှုတွေ ပြန်လည်ပြုလုပ်လာရာ မြန်မာနိုင်ငံသားတချို့လည်း ဖမ်းဆီးခံနေရတယ်လို့ အဲဒီနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။မလေးရှားအာဏာပိုင်တွေက ဌာနစုံပူးပေါင်းအဖွဲ့တွေနဲ့ တရားမဝင်နိုင်ငံခြားသားတွေ နေထိုင်မှုများတဲ့နေရာတွေကို ရှာဖွေဖမ်းဆီးမှုတွေတင်းကြပ်စွာပြုလုပ်လာတာဖြစ်ပါတယ်။”ပြီးခဲ့တဲ့ရက်ပိုင်းတွေက တရားမဝင်နိုင်ငံခြားသားတွေတော်တော်များများမိသွားတယ်။အခုတရားမဝင်တွေအတော်သတိထားတိမ်းရှောင်နေကြရတယ်”လို့ မြန်မာအလုပ်သမားအရေးကူညီပေးနေသူ ကိုအောင်ဝင်းက ပြောပါတယ်။ ​မေလ ၁၄ရက် ည ၁၂ နာရီ ကျော်လောက်မှာ ဂျလန်းမြို့က တိုက်ခန်းရှိ အိမ်အလုံးရေ ၁၀၀ နီးပါးကို ပူး​ပေါင်းအဖွဲ့ တွေ စစ်ဆေးခဲ့ကြပြီး နိုင်ငံခြားသားရာချီကို တွေ့ရှိခဲ့ရပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၁ဦးဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားလဝက က ထုတ်ပြန်ထားပါးတယ်။ဖမ်းဆီးရမိတဲ့ထဲမှာ မြန်မာနိုင်ငံသား ၁၇ ဦးလည်းပါဝင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ် မေ ၁၆ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၅၀ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၁၃၅) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၁၅)ဦးဟာ ဒီက​နေ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုလအတွင်း ပထမအကြိမ်အနေနဲ့ ကုန်ထုတ်လုပ်သား ၁၄၉ ဦးကိုလည်း တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။ ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်

ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ် ခွန်သောမတ် မေ ၁၅ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်နေပါတယ်။ထိုင်းနိုင်ငံ၊ Phetchabun ပြည်နယ်၊ Bueng Sam Phan မြို့ ၊ ကန်ဂျူးကျေးရွာအုပ်စု၊ မူထိ (၄) မှာရှိတဲ့ Golden Line Business Company Limited ရှိ တရား၀င် မှတ်ပုံတင်ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား (၂၀၀)ကျော်နဲ့ စီးပွားရေး အလုပ်ရှင်/ လုပ်ငန်းရှင်များအတွက် အလုပ်သမားဥပဒေဆိုင်ရာ ပြည်သူ့ဆက်ဆံရေး အနေနဲ့ တွေ့ဆုံ နှီးနှောဖလှယ်ကြောင်း သိရပါတယ်။ ထိုင်း လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဆိုင်ရာအား ဖေ့စ်ချာဘွန်

Read More
အလုပ်သမား သတင်း

မလေးရှားအလုပ်အကိုင် စျေးကွက် ဩဂုတ်လလောက်မှာပြန်ကောင်းလာမယ်လို့ အေဂျင်စီတွေမျှော်လင့်

မလေးရှားအလုပ်အကိုင် စျေးကွက် ဩဂုတ်လလောက်မှာပြန်ကောင်းလာမယ်လို့ အေဂျင်စီတွေမျှော်လင့် မေ ၁၅ ရက် အရုဏ်ဦး၊ Migrant Times မလေးရှားအလုပ်အကိုင်စျေးကွက်ဟာ ဩဂုတ်လလောက်မှာ ပြန်ကောင်းလာနိုင်တယ်လို့ အဲဒီနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတချို့က ခန့်မှန်းထားပါတယ်။လက်ရှိမှာ မလေးရှားနိုင်ငံက မြန်မာလုပ်သားခေါ်ယူတာ သိသာစွာကျဆင်းနေပြီး သွားရောက်လုပ်ကိုင်လိုသူတွေက များပြားနေတာဖြစ်ပါတယ်။မလေးရှားနိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ လုပ်သားခေါ်ယူတဲ့မူ အပြောင်းအလဲတွေကြောင့် မြန်မာလုပ်သားစေလွှတ်မှုထိခိုက်နေပေမယ့် မကြာခင် အခြေအနေပြန်ကောင်းလာနိုင်တယ်ဆိုပြီး အေဂျင်စီတွေက မျှော်လင့်နေကြပါတယ်။”မလေးရှားနိုင်ငံရဲ့သဘောက တရုတ်နှစ်ကူးပြီးလို့ ခြောက်လလောက်အထိက လုပ်ငန်းအေးလေ့ရှိတယ်။ အခု အဲဒီအကျိုးဆက်လို့လည်း ပြောလို့ရတယ်။ ရှစ်လပိုင်းလောက်ဆိုရင် လုပ်ငန်းတွေပြန်ကောင်းပြီးအလုပ်သမားခေါ်ယူတာ ပြန်တက်လာမယ်လို့ ထင်တယ်”လို့ အဲဒီနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ မလေးရှားနိုင်ငံက ကိုဗစ်အလွန်ပြီးခဲ့တဲ့နှစ်အလုပ်သမားတွေ ပြန်ခေါ်စဥ်ကစပြီး မြန်မာလုပ်သားခေါ်ယူမှုနည်းသွားခဲ့တာဖြစ်ပါတယ်။မြန်မာလုပ်သားတွေကို အရင်လိုများများပြန်ခေါ်ပေးဖို့ အေဂျင်စီက မလေးရှားအလုပ်ရှင်တွေကတစ်ဆင့် သူတို့အစိုးရကို တောင်းဆိုခိုင်းတာမျိုးတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။”မလေးရှားစီးပွားရေးကအစိုးရအသစ်အပြောင်းအလဲကြောင့်ငြိမ်နေတာ။တဖြေးဖြေးနဲ့အရှိန်ပြန်ယူမယ့်သဘောတော့တွေ့ရတယ်”လို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။မလေးရှားကမြန်မာလုပ်သားအသစ်ခေါ်ယူတာနည်းသွားပေမယ့် အဲဒီနိူင်ငံရောက် တရားမဝင်လုပ်သားတွေကိုအလုပ်လုပ်ခွင့်ပါမစ်ချပေးပြီး ပြည်ပကခေါ်ယူမယ့်အလုပ်သမားအသစ်တွေနေရာအစားထိုးတာတွေရှိနေတယ်လို့လည်း

Read More