နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ဖမ်းဆီးခံထားရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ဆို

ဖမ်းဆီးခံထားရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ဆို ဇူလိုင် ၁၈ ရက် အရုဏ်ဦး၊ Migrant Times လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ အခုထိ အဆက်အသွယ်မရသေးဘူးလို့ သူတို့နဲ့နီးစပ်သူတွေထံက သိရပါတယ်။ဇွန်လ ဒုတိယအပတ်က ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ဦး၊ လှုိင်သာယာမြို့နယ်ရှိ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂ ဦးနဲ့ အလုပ်သမားအရေးကူညီနေသူ Action Labor Rights မှ ၃ ဦးတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဆူပူဆန္ဒပြမှုဖြစ်အောင် လှုံ့ဆော်လို့ဖမ်းဆီးတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် သူတို့ကိုဘယ်လိုအရေးယူထားတယ်ဆိုတာ အခုထိ မသိရသေးဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတချို့က ဆိုပါတယ်။ ” နိုင်ငံရေးပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့တော့ ကြားနေရပေမယ့် အတိအကျ မသိရဘူး။ ဖမ်းဆီးခံရသူတွေနဲ့လည်းအဆက်အသွယ် လုပ်မရတော့

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမြေပြိုမှုကြောင့် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း အလုပ်သမားဝန်ကြီး ပြော

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမြေပြိုမှုကြောင့် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း အလုပ်သမားဝန်ကြီး ပြော ဇူလိုင် ၁၈ ရက် ခွန်သောမတ်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံသူ ၁ ဦးအပါအ၀င် အနည်းဆုံး လူ ၄၉ ဦး သေဆုံးကာ ထောင်နှင့်ချီသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရပါတယ်။ဆိုးလ်မြို့ရှိ ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတွင် သေဆုံးသွားသည့် ထိုင်းနိုင်ငံသူ Ms. Patcharamon Ratkratoke အသက် ၃၃ နှစ်သည် Nakhon Ratchasima ပြည်နယ် နေထိုင်သူ ဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ခရီးသွားဗီဇာဖြင့် တောင်ကိုရီးယားသို့ ၃ နှစ်နီးပါး သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း

Read More
အလုပ်သမား သတင်း

လုပ်အားခတိုးမပေးတဲ့စက်ရုံတွေမှာအလုပ်ထွက်သူများနေ

လုပ်အားခတိုးမပေးတဲ့စက်ရုံတွေမှာအလုပ်ထွက်သူများနေ ဇူလိုင် ၁၇ ရက် အရုဏ်ဦး၊ Migrant Times လုပ်အားတိုးမြှင့်မပေးနိူင်တဲ့စက်ရုံတွေမှာ အလုပ်ထွက်သူတွေများနေတာကြောင့် အဲဒီစက်ရုံတွေအနေနဲ့လုပ်သားလိုအပ်ချက်ပြသနာတွေရှိနေတယ်လို့ စက်ရုံလုပ်သားအသိုင်းအဝိုင်းထံကသိရပါတယ်။ရန်ကုန်မြို့က စက်ရုံတချို့ဟာ ဇွန်လကစပြီး တရက်၄၈၀၀ ကျပ်ထက်ပိုတဲ့ လုပ်အားခတိုးမြှင့်ပေးခဲ့ပြီး တချို့စက်ရုံတွေကတော့ နဂိုလုပ်အားခအတိုင်းပေးကာလည်ပတ်နေကြတာဖြစ်ပါတယ်။အဲဒီလို လုပ်အားခတိုးမပေးတာကြောင့် လုပ်ခပိုရတဲ့စက်ရုံတွေဆီပြောင်းရွှေ့လုပ်ကိုင်တာတွေဖြစ်လာ​ကြတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။ “ လုပ်ခတိုးတောင်းဖို့ကလည်း ပြသနာဖြစ်မှာစိုးလို့ကိုယ့်ဘာသာဘဲအလုပ်ပြောင်းကြတာ။နေရာတိုင်းမှာအလုပ်သစ်ပြောင်းတာတွေဖြစ်နေတယ်” လို့ ရွှေပြည်သာမြို့နယ်ကစက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။ကျွမ်းကျင်လုပ်သားတွေအနေနဲ့တရက်လုပ်ခ ၄၈၀၀ကျပ်နဲ့မလုပ်နိူင်တဲ့အတွက်လုပ်ခပိုရတဲ့ဆီပြောင်းကြပြီးတချို့ကအလုပ်အသစ်ရှာနေကာ လုပ်ငန်းအတွေ့ကြုံနည်းသူအများစုကသာ မူလစက်ရုံတွေမှာ ကျန်နေကြတယ်လို့ အလုပ်သမားခေါင်းဆောင်တချို့ကဆိုပါတယ်။” လုပ်မတိုးပေးတဲ့စက်ရုံတွေအနေနဲ့ကတော့ကြာလေအလုပ်သမားရှားလေဖြစ်လာမယ့်အနေအထားရှိတယ်” လို့ စက်လိုင်းခေါင်းဆောင်တစ်ဦးကပြောပါတယ်။ လက်ရှိအချိန်မှာ လုပ်ခတိုးပေးတဲ့စက်ရုံတွေထဲကအများစုဟာ တရက်လုပ်ခ ၅၆၀၀ကျပ်သတ်မှတ်ပေးလာကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လက လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုတဲ့အလုပ်သမားတချို့ဖမ်းဆီးခံရပြီးတဲ့နောက် လုပ်အားခတိုးတောင်းတာတွေတိတ်သွားပြီး လုပ်ခများတဲ့ဆီရွှေ့ပြောင်းမူတွေရှိလာတာလို့လည်းသူတို့ကဆိုပါတယ်။အခုလို စက်ရုံတချို့က တရက်လုပ် ၅၆၀၀ကျပ်ပေးလာပေမယ့် အလုပ်သမားအဖွဲ့အစည်းတွေကတော့တရက်လုပ်ခ ၁၀၀၀၀ကျပ်ပေးဖို့ တောင်းဆိုထားကြဆဲဖြစ်ပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ရော်ဘာခြံပိုင်ရှင်နဲ့ မြန်မာလုပ်သား ၃ ဦး ပစ်သတ်ပြီး မီးရှို့ခံရ

ထိုင်းနိုင်ငံမှာ ရော်ဘာခြံပိုင်ရှင်နဲ့ မြန်မာလုပ်သား ၃ ဦး ပစ်သတ်ပြီး မီးရှို့ခံရ ဇူလိုင် ၁၇ ရက် Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်ပြည်နယ်၊ ဆဝီမြို့နယ်၊ နာဆက်ကျေးရွာအုပ်စု၊ ဘန်တလတ် ကျေးရွာ မူထိ ၁၉ မှာ ရော်ဘာြခံပိုင်ရှင် ၁ ဦးနဲ့ ရော်ဘာခြံအလုပ်သမား မြန်မာ ၃ ဦး၊ ခွေးတစ်ကောင် ပစ်သတ်ခံရကြောင်းသိရပါတယ်။အခင်းဖြစ်တဲ့နေရာဟာ ချွန်ဖွန်ပြည်နယ်၊ ဆဝီမြို့နယ်၊ နာဆက်ကျေးရွာအုပ်စု၊ ဘန်တလတ်ကျေးရွာ တောတောင်ထဲမှာဖြစ်ပြီး ၀င်ထွက်သွား လာရခက်ခဲသောနေရာ ဖြစ်တယ်လို့ သိရပါတယ်။အိမ်ပိုင်ရှင် Mr. Prayong Somnuk (၆၁ နှစ်) နဲ့ မြန်မာ အလုပ်သမား ၃ ဦးဟာ အိမ်နောက်ဘက်မှာ သေဆုံးနေပြီးမီးလောင်ကျွမ်းနေတဲ့ ဆိုင်ကယ်တစ်စီး ဘေးမှာ ထိုင်းခွေး တစ်ကောင်

Read More
အလုပ်သမား သတင်း

ရာသက်ပန်လိုင်စင် ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၄ခုရှိလာ

ရာသက်ပန်လိုင်စင် ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၄ခုရှိလာ ဇူလိုင် ၁၆ရက် အရုဏ်ဦး၊Migrant Times ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၄ခုအထိရှိလာပြီလို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အခုလို ပိတ်သိမ်းခံရတဲ့ အေဂျင်စီတွေထဲမှာ ဒီနှစ်ထဲ ရာသက်ပန်ပိတ်သိမ်းအရေးယူခံရတဲ့အေဂျင်စီ နှစ်ခုပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဲဒီအေဂျင်စီနှစ်ခုက Myint Mo Phue Pwint အေဂျင်စီဟာ မေလ၂၃ရက်နဲ့ Lu Kyaw အေဂျင်စီဟာ ဇူလိုင် ၁၁ရက်မှာ အကျိုးဆောင်လိုင်စင် ပိတ်သိမ်းအရေးယူခံရတာ ဖြစ်ပါတယ်။ “ ငွေကြေးအရူပ်အရှင်းတွေကြောင့်ပြသနာဖြစ်ပြီး အရေးယူခံရတာလို့သိရတယ်။ အလုပ်သမားတွေအပေါ်တာဝန်ယူမူမရှိတာတွေကြောင့်ရောလို့ဆိုတယ်” လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။အဲဒီအေဂျင်စီ ၂၄ခုဟာ လိုင်စင်ရာသက်ပန်ပိတ်သိမ်းခံရသလို လိုင်စင်ယာယီရုပ်သိမ်းခံရတဲ့အေဂျင်စီ ၈ခု၊ လုပ်ငန်းမဆောင်ရွက်နိူင်လို့ လိုင်စင်ပြန်အပ်တဲ့အေဂျင်စီ ၅၁ခုနဲ့ လိုင်စင်အာမခံကြေးကျပ်သိန်း ၂၀၀မပေးဆောင်လို့ လိုင်စင် ရုပ်သိမ်းခံရတဲ့အေဂျင်စီ ၂၆ခုရှိတယ်လို့လည်းထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။ လိုင်စင်ယာယီရုပ်သိမ်းခံရတဲ့အေဂျင်စီ

Read More
အလုပ်သမား သတင်း

ထိုင်းမှာ MoU ၄ နှစ်ပြည့် လာအို အလုပ်သမားများ ဇူလိုင်လ နောက်ဆုံးထား သက်တမ်း ပါမစ် လျှောက်ရမယ်

ထိုင်းမှာ MoU ၄ နှစ်ပြည့် လာအို အလုပ်သမားများ ဇူလိုင်လ နောက်ဆုံးထား သက်တမ်း ပါမစ် လျှောက်ရမယ် ဇူလိုင် ၁၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းမှာ သက်တမ်း ၄ နှစ်ပြည့် MoU လာအို ရွှေ့ပြောင်းအလုပ်သမားများ အခု ဇူလိုင်လ နောက်ဆုံးထား မှတ်ပုံတင် ပါမစ်သက်တမ်းတိုးဖို့ Lopburi ပြည်နယ် အလုပ်အကိုင်ရှာဖွေရေးရုံးက ထုတ်ပြန် ညွန်ကြားထားပါတယ်။၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အလုပ်ခန့်ထားရေး လမ်းညွှန်ချက်များအား ထိုင်း အစိုးရ အဖွဲ့၏ ဆုံးဖြတ်ခဲ့ပြီး MOU နားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ

Read More
အလုပ်သမား သတင်း

မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားလုပ်သားတွေကို ​အလုပ် ရွှေ့​ပြောင်း လုပ်ကိုင်ခွင့်ကန့်သတ်

မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားလုပ်သားတွေကို ​အလုပ် ရွှေ့​ပြောင်း လုပ်ကိုင်ခွင့်ကန့်သတ် ဇူလိုင် ၆ ရက် အရုဏ်ဦး၊ Migrant Times မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားအလုပ်သမားတွေကို စက်တင်ဘာလကစကာ အလုပ်ရွှေ့ပြောင်းလုပ်ခွင့်ကန့်သတ်မယ်လို့ သိရပါတယ်။နိုင်ငံခြားသားလုပ်သားတွေရဲ့အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခွင့်နဲ့ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ပတ်သက်လို့ ကျင့်သုံးမယ့်မူဝါဒအသစ်တွေကို တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၅ ရက်မှာ အတည်ပြုထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။” အခုကျင့်သုံးမယ့်မူဝါဒတွေက အလုပ်သမားတွေအတွက်ကောင်းတာပါသလို၊ အကြပ်ရိုက်စေမယ့်အခြေအနေတွေလည်းတွေ့ရတယ်။ များသောအားဖြင့် သူ့နိုင်ငံစီးပွားရေးလုပ်ငန်းတွေအတွက်ကျင့်သုံးမယ့်သဘောတွေ့ရတယ်” လို့ တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားအရေးကူညီနေသူတစ်ဦးကပြော​ပါတယ်။ အရင်က ဒေသမရွေး အလုပ် ပြောင်းရွှေ့ လုပ်ကိုင်ခွင့် ရရှိခဲ့တာကြောင့် နိုင်ငံခြားသား လုပ်သား အများစုဟာ မြို့ကြီးများမှာသာ အလုပ် ထပ်မံ ရှာဖွေ လုပ်ကြတဲ့အတွက် ဝေးလံတဲ့ ဒေသကအလုပ်ရုံတွေမှာ လုပ်သား လုံလောက်မှု အခက်အခဲများစွာ ကြုံတွေ့နေခဲ့ကြတာကြောင့် အခုလိုကန့်သတ်ရတာလို့ ကိုရီးယားအစိုးရက​ထုတ်ပြန်အသိပေးထားပါတယ်။ကိုရီးယားနိုင်ငံအတွင်းရှိ အလတ်စားနဲ့ အသေးစား စက်မှု

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး ဇူလိုင် ၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ မွိုင်မြို့နယ် ပြည်နယ်အလုပ်အကိုင် ရှာဖွေရေးရုံးက ဦးဆောင်ကာ Grand Inter Hotel တွင် ကျင်းပပြုလုပ်သည့် အလုပ်သမားရေးရာ ခေါင်းစဥ်ဖြင့် အသိပညာ ဗဟုသုတများ ပေးဆောင်ခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းတွင် အလုပ်အကိုင်ရှာဖွေရေးရုံး နိုင်ငံခြား အလုပ်သမားများ ညွှန်ကြားမှုရုံး ပြည်နယ်အလုပ်သမား သက်သာချောင်ချိရေးနှင့် ကာကွယ်ရေး ပြည်နယ်လူမှုဖူလုံရေး နှင့် လူဝင်မှုကြီးကြပ်ရေး ရဲများ၊ စက်ရုံပိုင်ရှင်များ နှင့် အလုပ်သမားများ ၃၀၀ ကျော် တက်ရောက်ကြောင်း စမွတ်စခွန်ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး ညွန့်ကြားရေးမှူး Mr. Wanchai

Read More
အလုပ်သမား သတင်း

ထိုင်းစီးပွားရေးအကျပ်အတည်းမှာ လုပ်သားလျှော့ချမှု မဖြစ်စေဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပြီး အစိုးရအမြန်ဖွဲ့ဖို့ FTI တောင်းဆို

ထိုင်းစီးပွားရေးအကျပ်အတည်းမှာ လုပ်သားလျှော့ချမှု မဖြစ်စေဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပြီး အစိုးရအမြန်ဖွဲ့ဖို့ FTI တောင်းဆို ဇူလိုင် ၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် မစ္စတာ ၀မ်းမိုဟာမက် နော်မာထား အား ရွေးချယ်တင်မြှောက်ခံရပြီး အချိန်ဇယားအတိုင်း ဇူလိုင်လတွင် အစိုးရအပြီး ဖွဲ့စည်းနိုင်ရန် အရေးကြီးကြောင်း နှင့် သွင်းကုန် ထုတ်ကုန် ပို့ကုန်များ စီးပွားရေး ပြန်လည်ကောင်းမွန်ရေး အထောက်အကူပြုဖို့ အရေးကြီး လိုအပ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌ မစ္စတာ Kriangkrai Thiennukul က ပြောကြားပါတယ်။စီးပွားရေး စစ်တမ်းကောက်ယူမှုအရ လုပ်ငန်းများဖြစ်သည့် ပရိဘောဂလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း နှင့် သံမဏိလုပ်ငန်း အထည်အလိပ် စသည့် လုပ်ငန်း ၂၃ ခု

Read More
အလုပ်သမား သတင်း

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး ဇူလိုင် ၅ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန်ဖလီယိုင်ရပ်ကွက်၊ Soi Chub Rung Rung လမ်းမှာ ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီး သူတို့ရဲ့ကလေးငယ်ကို ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ထားကာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားဟာ ငှားရမ်းထားတဲ့ အခန်းက ဆင်းလာကာ ရန်ဖြစ်စကားများပြီး အမျိုးသမီးက လမ်းကြားမှာ ပြေးထွက်သွားပြီး အမျိုးသားက အပေါ်ထပ် အခန်းသို့ ပြန်သွားကာ ခဏအကြာတွင် ဆင်းလာပြီး ကလေးချီလာကာ သူ့ကလေးမဟုတ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်ထံ အပ်ကာ ထပ်တူ ထွက်ပြေးသွားကြောင်း သိရပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင် Mr. Panithan Amarikawin ဟာ ဘန် ရဲစခန်းကို

Read More