နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ထိုင်းတွင် ဘဏ်အကောင့်တစ်ခု ဘတ် ၁၆,ဝဝဝ ဖြင့် ရောင်းချသူကိုဖမ်းမိ

အောက်တိုဘာ ၁၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ပြည်နယ် ၊စမွတ်စခွန်မြို့ ခေါက်ကရဘူးရပ်ကွက်တွင် ထိုင်းနိုင်ငံဖွား အသက် ၂၀ အရွယ် နိုင်ငံခြားသား ၁ ဦးအား ဘဏ်အကောင့်များရောင်းချမှုဖြင့် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းသည် ဘဏ်အကောင့်တစ်ခု(ဘဏ်စာအုပ်တစ်အုပ်) ကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် နိုင်ငံခြားသားများထံမှ ဝယ်ယူခဲ့ပြီး ဘန်ကောက်ရှိ call center ဂိုဏ်းများနှင့် အွန်လိုင်းလောင်းကစား ၀က်ဘ်ဆိုဒ်များထံသို့ ဘတ် ၁၆,၀၀၀ ဖြင့် ရောင်းချခဲ့သည်ဟု၀န်ခံ ထွက်ဆိုထားကြောင်းရဲတပ်ဖွဲ့ကပြောသည်။ မစ္စတာ ဂျီရာဒက်ဟုအမည်ရသည့် နိုင်ငံခြားသားထံတွင် လိမ်လည်မှုနှင့် ဆက်နွယ်သည့် ဘဏ်စာအုပ် ၃၆ အုပ် ၊ ATM ကတ် ၈၆ ကတ် နှင့် စိတ်ကြွဆေးပြား

Read More
သတင်း အလုပ်သမား သတင်း

နိုင်ငံခြားသား အလုပ်သမားများ E-Work Permit စနစ် လျှောက်လွှာစတင်နိုင်

အောက်တိုဘာ ၁၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများအတွက် E-Work Permit စနစ် အလုပ်လုပ်ခွင့်လျှောက်လွှာအား အွန်လိုင်းပေါ်၌ စတင်နိုင်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။ E-Work Permit စနစ်တင်ရန်အတွက် အောက်ပါအဆင့် ၈ ဆင့်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ၁။ စနစ်ကိုအသုံးပြုရန်မှတ်ပုံတင်ပါ။ အသုံးပြုသူများသည် အွန်လိုင်းစနစ်ကို အသုံးပြုရန် E-Work Permit ဝက်ဘ်ဆိုက်မှ တစ်ဆင့်မှတ်ပုံတင်ရပါမည်။ ၂။ အလုပ်လုပ်ခွင့်လျှောက်လွှာတင်သွင်းပါ။ အသုံးပြုသူများသည် လျှောက်လွှာတင်သွင်းခြင်း၊မီနူးကို ရွေးချယ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်နှင့် အလုပ်အမျိုးအစားကို ရွေးချယ်ပြီး အွန်လိုင်းကတစ်ဆင့် လျှောက်ထားနိုင်သည်။ ၃။ လျှောက်လွှာကြေးပေးဆောင်ပါ။ အသုံးပြုသူများသည် ၄င်းတို့၏အလုပ်လုပ်ခွင့် လျှောက်လွှာတင်လို့ပြီးစီးသည့် အခါ လျှောက်လွှာဖိုးပေးဆောင်ပါ။ ၄။ စာရွက်စာတမ်းများစစ်ဆေးရန်စောင့်ဆိုင်းပါ။ ငွေပေးချေပြီးနောက်၊ အွန်လိုင်းမှ တင်းသွင်းပြီးသော အချက်အလတ်များကို ပြန်လည်စစ်ဆေးခြင်းဖြင့်

Read More
သတင်း

ရွှေဆိုင် ဓားပြဖမ်းဖို့ ချင်းမိုင်ရဲတွေ အပြင်းအထန် လေ့ကျင့်

အောက်တိုဘာ ၁၅ ၊ Migrant Times ။ ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်မြို့နယ်ရှိ ရွှေဆိုင်များတွင် ဓားပြတိုက်မှုဖြစ်ပေါ်လာပါက ဖမ်းဆီးနိုင်ရန်ချင်းမိုင်ရဲတပ်ဖွဲ့က အပြင်းအထန် လေ့ကျင့်နေကြသည်။ ရွှေဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာပြီး ရွှေဆိုင်များ စိုးရိမ်ပူပန်လာခြင်းကြောင့် လုံခြုံရေးအဆင့်မြှင့်တင်ရန်ချင်းမိုင်မြို့နယ် ရဲတပ်ဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ချင်းမိုင်မြို့ Hang Dong ရပ်ကွက် Tesco Lotus ကုန်တိုက် ရှိ Yaowarat Omthong ရွှေဆိုင်တွင် ယမန်နေ့ကရွှေဆိုင်အား ဓားပြတိုက်မှု ဖြစ်ပွားပါက ရင်ဆိုင်ဖြေရှင်းရမည့် အစီအစဉ်ကို ရဲတပ်ဖွဲ့က အပြင်းအထန် လေ့ကျင့်ခဲ့ကြောင်း ဖော်ပြသည်။ လေ့ကျင့်မှုတွင် ရွှေဆိုင်၌ သေနတ်ကိုင်ဆောင်ထားသူမှ တစ်ကျပ်သား အလေးချိန်ရှိသော ရွှေဆွဲကြိုး ၃ ကုံးကို ဓားပြတိုက်သည့် အခြေအနေကို ပုံဖော်ခဲ့ကြသည်။ ချင်းမိုင်မြို့နယ်

Read More
သတင်း အလုပ်သမား သတင်း

နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေး ကျပ် ၁,ဝဝဝ တိုး

အောက်တိုဘာ ၁၅ ၊ Migrant Times ။ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ အပိုထောက်ပံ့ကြေးငွေကို ကျပ် ၁,ဝဝဝ ထပ်မံတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီ(စစ်ကော်မရှင်) လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။ အလုပ်ချိန်တစ်ရက် ၈ နာရီစာ အတွက်သတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈ဝဝ အပေါ်တွင် ကျပ် ၁,ဝဝဝ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ “နေရေးထိုင်ရေး ကုန်စျေးနူန်းကလည်း အဆမတန်မြှင့်နေတဲ့ အချိန်တိုးတော့ ကောင်းတယ်။ နည်းနည်း အသက်ရှုချောင်တာပေါ့”ဟု အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးက Migrant Times ကိုပြောသည်။ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေးအဖြစ်၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင် ၁,ဝဝဝ ၊၂ဝ၂၄ ခုနှစ် ဩဂုတ်လတွင် ကျင် ၁,ဝဝဝ အသီးသီး

Read More
သတင်း အလုပ်သမား သတင်း

စက်ရုံအပြန် ကြေးပိုက်ခိုးသယ်သည့် မြန်မာအလုပ်သမားတစ်ဦး ဝိုင်းဝင်းထိုးကြိတ်ခံရ

အောက်တိုဘာ ၁၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ချွန်ပူလီခရိုင်၊နာဟုန်ရင်ရပ်ကွက်ရှိ ကြေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁ ဦးသည် ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်)ညနေအလုပ်ဆင်းချိန်၌ ကြေးပိုက်များကို လွယ်အိတ်တွင် ခိုးထည့်ယူလာခဲ့ပြီး စက်ရုံဂိတ်စောင့် လုံခြုံရေးက တွေ့ရှိကာ ထိုးကြိတ်ခဲ့သည်။ မြန်မာအလုပ်သမားအား စက်ရုံလုံခြုံရေးက ထိုးကြိတ်နေချိန်တွင် စက်ရုံမှ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးက လာရောက်ကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသည့် WAG အဖွဲ့ကထုတ်ပြန်သည်။ ထို့ပြင် ထိုးကြိတ်ပြီးနောက်တွင် မြန်မာအလုပ်သမား ကိုဇော်မိုးအား သံကြိုးနှင့် တုတ်ထားပြီး သံတုံးများကို လည်ပင်းတွင် ဆွဲထားခဲ့ကြောင်း၊ ကိုဇော်မိုးအား ပစ္စည်းနှင့်အတူဖမ်းမိသော်လည်း ရဲစခန်းသို့ ချက်ချင်း မပို့ဘဲ ဝိုင်းဝန်းနှိပ်စက်ခဲ့ကြောင်း၊ အလုပ်သမားများက ဆန္ဒပြရာမှ ညနေ ၆နာရီတွင်

Read More
သတင်း အလုပ်သမား သတင်း

မလေးရှားတွင် မြန်မာအလုပ်သမား ၅ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၁၅ ၊ Migrant Times ။ မလေးရှားနိုင်ငံ ၊ ဂျိုဟိုးပြည်နယ် ၊ JOHOR BAHRU တွင် မြန်မာနိုင်ငံသား အလုပ်သမား ၅ ဦးအပါအဝင် နိုင်ငံခြားသား ၃၂ ဦးအား အောက်တိုဘာလ ၁၃ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ဂျိုဟိုး ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကထုတ်ပြန်သည်။ နိုင်ငံခြားသားများအား အလုပ်သမားပါမစ်နှင့် ခွင့်ပြုမိန့်များကို အလွဲသုံးစားပြုခြင်းအား တိုက်ဖျက်ရေးစီမံချက်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားသတင်းကဖော်ပြသည်။ ဂျိုဟိုးဘာရူးနှင့် ဘာတူးပါဟတ်ဒေသများတွင် နိုင်ငံခြားသား ၉၆ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် မြန်မာ ၅ ဦးပါ ၃၂ ဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ပြစ်မှုအမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူကပြောသည်။ “ သူတို့ကို

Read More
သတင်း

ဖူးခက်တွင် ဆိုင်ကယ်ခိုးသည့် မြန်မာ ၁ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၁၄၊ Migrant Times။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ ပါသောင်ကမ်းခြေအနီးတွင် ဆိုင်ကယ်ခိုးသည့် အသက် (၂၂) အရွယ် မြန်မာအလုပ်သမား ၁ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ညနေတွင် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား အား ပျောက်ဆုံးကြောင်း တိုင်ကြားထားသည့် အနက်/အနီရောင် Honda Click i မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ၎င်းဆိုင်ကယ်သည် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် ဒေသခံတဦးက ပျောက်ဆုံးကြောင်း တိုင်ကြားထားသည့်ဆိုင်ကယ်ဖြစ်ကြောင်း၊ ခိုးယူသူသည် ထိုင်းနိုင်ငံတွင် တရားမဝင်နေနိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ဖမ်းဆီးခဲ့သည့်နေရာမှာ ပါသောင်မြို့နယ်ရှိ အလုပ်သမားစခန်းတစ်ခုရှေ့တွင်ဖြစ်ပြီး ခိုးယူသူနှင့် သက်သေခံပစ္စည်းများကို ပါသောင်ရဲစခန်းထံသို့ အမှုဖွင့်ဆောင်ရွက်ရန် လွှဲပြောင်းခဲ့ကြောင်းသိရသည်။

Read More
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် မြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခ ပုံမှန်မရ

အောက်တိုဘာ ၁၄၊ Migrant Times။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ နခွန်ချိုင်စီ အတွင်းရှိဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၀ ဦးအား အလုပ်ရှင်က လုပ်အားခများပုံမှန် မထုတ်ပေးခြင်းကြောင်း အခက်အခဲဖြစ်ပေါ်နေကြောင်း ကူညီပေးနေသည့် WAG အဖွဲ့ကထုတ်ပြန်သည်။ ထိုအလုပ်သမားများသည် လုပ်သက်အများဆုံး ၂ နှစ်သက်တမ်းရှိပြီး အလုပ်ရှင်က လုပ်အားခ ပုံမှန်မထုတ်ပေးခြင်း၊ အပြည့်ဝမပေးခြင်း၊ စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်း၊ ဘတ်မရှိသူများကို ဘတ်ရိုက်ပေးမည်ဟုဆိုကာ ဘတ် ၂၀,၀၀၀ ကျော် ဖြတ်ထားပြီး မလုပ်ပေးခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း WAG အဖွဲ့ကပြောသည်။ “အခု ဒီနေ့တော့ ကျွန်တော်တို့ နယ်မြေခံ ဆဝါဒီကန်ရုံး(အလုပ်သမားရုံး)မှာ အမှုဖွင့်တိုင်းကြားနေတယ်။ လက်ရှိကတော့ ဒီအခြေအနေပဲရှိသေးတယ်” ဟု WAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက

Read More
သတင်း

ထိုင်း သက္ကရာဇ် ၂၄၉၃ ထုတ် တစ်ဘတ်စေ့အား ဘတ် ၁ သန်းဖြင့် ဝယ်ယူမည့်သတင်း မဟုတ်ဟု ဆိုင်ရှင်ပြော

အောက်တိုဘာ ၁၄၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ထိုင်းသက္ကရာဇ် ၂၄၉၃ ခုနှစ်က ထုတ်ဝေခဲ့သည့် (၉) ဆက်မြောက် ထိုင်းဘုရင် ဘူမိဘောပုံပါ တစ်ဘတ်စေ့အား ဘတ် (၁) သန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သတင်းပျံနှံနေပြီး သတင်းမှားသာဖြစ်ကြောင်း Indy Coin ဆိုင်ရှင်က Migrant Times ကိုပြောကြားသည်။ “ မသမာ လူလိမ်များလို့ အထူးသတိထားနော် ၊ ဓာတ်ပုံသာကြည့်ပြီး စျေးနှုန်း သိန်းဂဏန်းဆိုတာ ရှားပါတယ်၊ မရှိသလောက်ပါပဲ၊ အဲဒီ အကြွေ ဒင်္ဂါးပြားကို ကြည့်ပြီးမှ စျေးနှုန်း ပြောဆိုနိုင်မှာဖြစ်ပါတယ်” ဟု၎င်းကပြောသည်။ အွန်လိုင်းတွင်ဖော်ပြချက်များအရ ၎င်းပိုက်ဆံစေ့ဝယ်ယူမည့်ဆိုင်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျတုကျတ်နယ်မြေတွင် ဖွင့်လှစ်ထားကြောင်း၊စည်းကမ်းချက်အနေဖြင့် ရောင်းချမည့် ပိုက်ဆံစေ့သည် အရည်အသွေးကောင်မွန်ရမည်ဖြစ်ပြီး၊ သတ်မှတ်ချက်ပြည့်မီပါက တစ်ပြားလျှင်

Read More
သတင်း အလုပ်သမား သတင်း

မြန်မာအလုပ်သမား ၁ ဦး လာကြိုသည့် ကားတိုက်ခံရပြီး သေဆုံး

အောက်တိုဘာ ၁၄၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ချွန်ပူလီမြို့တွင် ယနေ့ နံနက် ၆ နာရီခွဲအချိန်၌ အလုပ်သွားရန် ကားစောင့်နေကြသည့် မြန်မာအလုပ်သမား ၄ ဦးအား လာရောက်ကြိုသည့်ကားက တိုက်မိခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်။ ချွန်ပူလီမြို့အတွင်းရှိ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီးရှိ ဖုန်းဆိုင်ရှေ့တွင် မြန်မာအလုပ်သမား ၄ ဦးသည် အလုပ်သွားရန် ကားစောင့်နေကြပြီး လာကြိုသည့် ကားက အရှိန်လွန်ကာ ဝင်တိုက်မိခြင်းဖြစ်ကြောင်းဖြစ်စဉ်သိရှိသည့် WAG အဖွဲ့ကပြောသည်။ ကားတိုက်မှုကြောင့် ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သော မြန်မာအလုပ်သမားမှာ ကိုစိုးလင်းဦး ဆိုသူဖြစ်ပြီး ကျန် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။ ဒဏ်ရာရ အလုပ်သမားများသည် ဘန်ဝ၊ဒယ်အိုးရုံတွင်အလုပ်လုပ်နေကြသည့် အလုပ်သမားများဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ မြို့နယ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူနှင့်ဒဏ်ရာရ

Read More