နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ပတ္တာယားကမ်းခြေ တွင် မြန်မာနိုင်ငံသား ၁ ဦး ရေနစ်သေဆုံး

စက်တင်ဘာ ၂၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ဘန်းလမူးမြို့ရှိ Soi Pattaya 13/2 အဝင်ပေါက် အနီးရှိ ပတ္တာယားကမ်းခြေတွင် မြန်မာနိုင်ငံသား ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးကွန်ရက်မှထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် ရဲတပ်ဖွဲ့ကသတင်းအရ သွားရောက်စစ်ဆေးရာ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်မြတ်ထက်သူ၏ အလောင်းကိုရေထဲတွင်တွေ့ရှိခဲ့ပြီး သေဆုံးနေသည်မှာ အနည်းဆုံး နှစ်နာရီခန့်ရှိကြောင်းသိရသည်။ သေဆုံးသူသည် သူငယ်ချင်းအုပ်စုနှင့် အရက်သောက်ခဲ့ပြီး အရက်မူးပြီး ပင်လယ်ထဲတွင် ရေကူးချိန်ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။ တာဝန်ရှိသူများကလည်း သေဆုံးသူထံတွင် ဒဏ်ရာ သို့မဟုတ် ရိုက်နှက်ထိုး​​ကြိတ်သည့် လက္ခဏာများ မတွေ့ရှိသည့်အတွက်

Read More
သတင်း

ဘန်ကောက်မြို့လယ်ခေါင် တက္ကစီပေါ်တွင် မြန်မာအမျိုးသမီး ကလေးမွေး

စက်တင်ဘာ ၂၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် တက္ကစီဖြင့် လိုက်ပါလာသော မြန်မာအမျိုးသမီးတစ်ဦးသည် အရေးပေါ်မီးဖွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာအမျိုးသမီးတစ်ဦးသည် တက္ကစီဖြင့် လမ်းကျွံမှု ဖြစ်ပွားရာနေရာအနီးရှိ ဗချိရဆေးရုံ (Vajira Hospital) သို့အသွားတွင် မီးဖွားလုနီးပါး ဖြစ်ခဲ့ပြီး အရေးပေါ် အကူအညီတောင်းခံခဲ့သည်။ ဆမ်ဆင် (Sam Sen) ရဲစခန်းမှ ယာဉ်ထိန်းရဲများကလမ်းရှင်းရန်လာရောက်ခဲ့သော်လည်း မြန်မာအမျိုးသမီးသည် အရေးပေါ်မီးဖွားရန်လိုအပ်နေသည့်အတွက် စေတနာ့ဝန်ထမ်း အရာရှိများနှင့် ယာဉ်ထိန်းရဲများက ကလေးမွေးရန်ကူညီပေးခဲ့ကြောင်းသိရသည်။ မြန်မာအမျိုးသမီးသည် မိန်းကလေးငယ်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး လူနာတင်ယာဉ်ဖြင့် ဗချိရဆေးရုံသို့ မိခင်နှင့် ကလေး နှစ်ဦးစလုံးကို အလျင်အမြန် ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ #MigrantTimes #မြန်မာ #ဘန်ကောက်

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ CI ကနေ PJ စာအုပ်ပြောင်းသူတွေ ပြည်ပထွက်ခွာခွင့်မရတော့

စက်တင်ဘာ ၂၆ ၊ Migrant Times ။ ထိုင်းနိုင်ငံမှာ CI စာအုပ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို PJ ပတ်ပို့စ်စာအုပ်ပြောင်းရာမှာမနေ့ကစပြီး Passport For Thailand Only ဆိုတဲ့ တံဆိပ်တုံးတွေပါဝင်နေတာတွေ့တယ်လို့ဗီဇာလုပ်ငန်းဆောင်ရွက်ပေးသူအချို့ကပြောပါတယ်။ Passport For Thailand Only စာတမ်းပါနေတာကြောင့် PJ ပတ်ပို့စ်ကိုင်ဆောင်သူတွေဟာ အခြားနိုင်ငံထွက်ခွာခွင့်မရတော့ဘဲ ထိုင်းနိုင်ငံမှာပဲ နေထိုင်ရတော့မှာပါ။ ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ မနေ့ကစပြီး CI စာအုပ်ကနေ PJ စာအုပ်ပြောင်းလဲတဲ့ မြန်မာတွေကို Passport For Thailand Only ဆိုပြီး စတင်ကာတုံးထုပေးခဲ့တာလို့ ဧကရာဇ် VISA service တာဝန်ရှိသူက Migrant Times ကိုပြောပါတယ်။ “ မဟာချိုင်မှာ CI စာအုပ်ကနေ

Read More
သတင်း

ချင်းမိုင်မှာ မြစ်ရေလျှံ စိုးရိမ်ရေမှတ် မရောက်နိုင်ဘူးလို့ခန့်မှန်း

စက်တင်ဘာ ၂၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့နယ်မှာ မနေ့ည သန်းခေါင်ယံကစပြီး ပင်းမြစ်ရေလျှံကာ ရေတက်နေတယ်လို့ ချင်းမိုင်သတင်းတွေကဖော်ပြပါတယ်။ ချင်းမိုင်အထက် ချင်းဒေါင်းမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ရေထုတိုင်းတာရေးစခန်း P20 ‌ကရေတွေဟာ ရေတိုင်းတာရေးစခန်း P1 ကိုစီးဆင်းခဲ့တာလို့ဖော်ပြပါတယ်။ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီမှာတော့ ချင်းမိုင်မြို့မြစ်ရေဟာ ၃.၁၈ ရေတိုင်းအမှတ်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။ ချင်းဒေါင်းမြို့နယ်၊ မယ်တန်မြို့နယ်နဲ့ အခြားဒေသတွေက စုပေါင်းစီးဆင်းလာတဲ့ရေတွေဟာ ချင်းမိုင်မြို့မှာ စိုးရိမ်ရေတိုင်းအမှတ် ၃.၇မီတာ ထက် မကျော်လွန်နိုင်ဘူးလို့ ချင်းမိုင်ခရိုင် ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ သက်သာရာရုံးကခန့်မှန်းထားပါတယ်။ ချင်းမိုင်မြို့မှာ မနှစ်ကလည်း စက်တင်ဘာလကုန်နဲ့ အောင်တိုဘာလဆန်းမှာ ပင်းမြစ်ရေလျှံပြီး ရပ်ကွက်အများစုရေနစ်မြုပ်ခဲ့ပါတယ်။ မုတ်သုံလေအားကောင်းနေတာကြောင့် စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း ထိုင်းမြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာ

Read More
သတင်း အလုပ်သမား သတင်း

မဲဆောက်ရှိ စက်ရုံတစ်ခုတွင် မြန်မာ ၈ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ စက်ရုံတစ်ခုတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၈ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခွဲ အချိန်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မဲဆောက်မြို့နယ် ဖရထပ်ဖာဒဲင်ကျေးရွာရှိ ကလေးကစားစရာထုတ်လုပ်သည့် စက်ရုံတစ်ရုံအတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးမှုတွင် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားလုပ်ငန်းရှင် ၁ ဦးနှင့် မြန်မာအလုပ်သမား ၇ ဦး စုစုပေါင်း ၈ ဦးအား တွေ့ရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေများ ချိုးဖောက်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်းထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများကို မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင် အလုပ်သမားပို့ဆောင်သည့် မြန်မာအမျိုးသမီးကိုဖမ်းဆီး

စက်တင်ဘာ ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်တွင် မရင်စန်း (MRS. YIN SAN) အမည်ရှိ မြန်မာအမျိုးသမီးကို တရားမဝင် မြန်မာအလုပ်သမားများအား သယ်ယူပို့ဆောင်သည့် ခေါင်းဆောင်အဖြစ် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်နေ့ ညနေတွင် ဖမ်းမိခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။ မရင်စန်းသည် ချွန်းဖွန်းခရိုင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ထားသူဖြစ်ပြီး တိမ်းရှောင်နေသူဖြစ်ကြောင်း၊ ၎င်းသည် စမွတ်စခွန်ခရိုင်၊ Krathum Baen ရှိ လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုစင်တာသို့ ရုံးကိစ္စဖြင့် လာရောက်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းတွင် ချွန်းဖွန်း အဝေးပြေးလမ်းမရဲများက တရားမဝင် အလုပ်သမားများကိုဖမ်းမိခဲ့သည်။ ထိုအချိန်က ဖမ်းမိသူယာဉ်မောင်းသည် မဟာချိုင်ရှိ တရားမဝင်

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာ ၁ ဦးအား ဘတ် ၂ သန်းတန်သည့် တရားမဝင်စီးကရက်များဖြင့်ဖမ်းမိ

စက်တင်ဘာ ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ် ၊ စံခလဘူရီမြို့နယ်ရှိ အခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဘတ်ငွေ ၂ သန်းနီးပါးတန်ဖိုးရှိ တရားမဝင်စီးကရက်များတွေ့ရှိကာ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့၊ ညနေတွင် သတင်းပေးချက်အရဟုဆိုကာ ရဲတပ်ဖွဲ့က ငှားရမ်းထားသောအခန်းတစ်ခန်းကိုရှာဖွေခဲ့ကြောင်း သိရသည်။ အခန်းတွင်းတွင် ပုံးများ၊ အိတ်များဖြင့် ထည့်ထားသည့် စီးကရက်များကိုတွေ့ရပြီး ထိုင်းအမှတ်တံဆိပ် Krong Thip (ပျော့ဖတ်) စီးကရက် ၂၄၈ ထုပ်နှင့် မြန်မာအမှတ်တံဆိပ် ဖက်ကြမ်းစီးကရက် ၆၀၀ ထုပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အခန်းငှားရမ်းထားသူ မြန်မာလူမျိုးသည် ထိုင်းနိုင်ငံတွင် ၁ဝ နှစ်ခံကတ်ဟုခေါ်ဆိုသည့် နံပါတ် ၀

Read More
သတင်း

ထိုင်းမှာ တောဆင်ရိုင်းနင်းလို့ ရွာသား ၁ ဦးသေဆုံး

စက်တင်ဘာ ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ပရာချင်ပူရီပြည်နယ်၊ နာဒီခရိုင်၊ ကဲင်ဒင်ဆိုမြို့နယ်ခွဲ၊ ဝမ်အိုင်ပွန်ရွာတွင် တောဆင်ရိုင်းနင်းမှုကြေင့် ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ထပ်လန်အမျိုးသားဥယျာဉ်မှ တောဆင်ရိုင်းတစ်ကောင်သည် ယမန်နေ့ ည ၈ နာရီခန့်တွင် ဝမ်အိုင်ပွန်ရွာသို့ရောက်ရှိလာသည့်အတွက် ဆင်ရိုင်းစောင့်ကြည့်ရေးအဖွဲ့က မောင်းထုတ်ခဲ့သည်။ သို့သော်လည်း ယနေ့ စက်တင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခန့်လူခြေတိတ်ချိန်တွင် တောဆင်ရိုင်းသည် အစာရှာရန် ပြန်လာခဲ့ပြီး ရွာသားတစ်ဦးက ၎င်း၏နေအိမ်ရှေ့သို့ သွားရောက်စစ်ဆေးရာမှ ဆင်နင်း အသတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ မှတ်တမ်းများအရ ထိုင်းနိုင်ငံတွင် တောဆင်ရိုင်းများနှင့် ထိတွေ့မှုကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကုန် အထိ စုစုပေါင်း သေဆုံးသူ ၁၈၅ ဦး

Read More
သတင်း

ထိုင်းတွင် ကားတစ်စီးတွင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၈ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂၄ ၊ Migrant Times။ ထိုင်းနိုင်ငံ၊ စရပူရီပြည်နယ်တွင် ကားတစ်စီးပေါ်၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးအား ယနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ စရပူရီ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့သည် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး သံသယဖြစ်ဖွယ် ကားတစ်စီးကို ရှာဖွေစဉ်အတွင်း ပတ်ပို့စ်နှင့်ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများမပါရှိသည့် မြန်မာအလုပ်သမား ၈ ဦးအား ပြွတ်သိပ်စီးနင်းလိုက်ပါလာသည်ကို တွေ့ရှိခဲ့ကြောင်းထုတ်ပြန်သည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ကားမောင်းသူအားစစ်ဆေးရာ အမည်မသိ ထိုင်းအမျိုးသားတစ်ဦးက အက်ပလီကေးရှင်းတစ်ခုမှတစ်ဆင့် ဆက်သွယ်ခဲ့ကြောင်း၊ နခွန်ဆဝမ်ပြည်နယ်မှ မြန်မာအလုပ်သမား ၈ ဦးကို သွားရောက်ခေါ်ဆောင်ရန် ပြောဆိုခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁,ဝဝဝ ရရှိခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။ မြန်မာအလုပ်သမားများကလည်း ထိုင်းနိုင်ငံသို့ တရားမဝင်

Read More
သတင်း အလုပ်သမား သတင်း

အယုဒ္ဓယမြို့ ရှိ မြန်မာအလုပ်သမား ၁ ဦး လုပ်အားခ ၈ လစာမရ

စက်တင်ဘာ ၂၄ ၊ Migrant Times။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသော MoU စနစ်ဖြင့်လာရောက်သည့် မြန်မာ အလုပ်သမားတစ်ဦးသည် လုပ်အားခ ၈ လစာမရ သည့်အတွက်ကူညီမှုပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ “အခုလက်ရှိတော့ အခြေအနေကတော့ ဘာမှမထူးသေးဘူး။ တိုင်းကြားထားတုန်းပဲရှိသေးတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ မြန်မာ အလုပ်သမား၏လုပ်အားခကို အလုပ်ရှင်မှ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၅ခုနစ်၊ သြဂုတ် ၁၆ ရက်နေ့ထိ မရှင်းပေးခြင်းဖြစ်ကြောင်း ၊ စက်တင်ဘာလ ၂၃ ရက်တွင် နယ်မြေခံဆာဝါဒီကန်ရုံးသို့ အလုပ်သမားနှင့်အတူသွားရောက်တိုင်ကြားပေးခဲ့ပြီး ၈ လစာ စုစုပေါင်းဘတ်ငွေ ၄ သောင်းခန့်ရရန် ရှိကြောင်း

Read More