ဘန်ကောက်ရှိ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသည့် မြန်မာနှစ်ဦးကို သင်္ဂြိုဟ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ စာရင်စစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား နှစ်ဦးကို သင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့မှသိရသည်။ မတ်လ ၂၇ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် စာရင်စစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများ အပါအဝင် ၁ဝ၃ ဦးပျောက်ဆုံးခဲ့ကြောင်း ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမား ကိုသိန်းစုနှင့် ကိုသန့်ဇော်ဦးတို့၏ ရုပ်အလောင်းများကို ဧပြီလ ၂၂ ရက်နေ့၌ မိသားစုဝင်များနှင့်အတူ ပတိုနန်းမြို့ရှိ ဘုန်းကြီးကျောင်း၌ သင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့က ထုတ်ပြန်သည်။ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ ကျန်ရှိမိသားစုဝင်များ လျော်ကြေးရရှိရေးအတွက် အခက်အခဲအချို့ရှိနေကြောင်း WAG Myanmar အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။ “မနေ့