September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thai

သတင်း

ထိုင်းသင်္ကြန် ၅ ရက်အတွင်း လမ်းမတော်တဆမှုကြောင့် ၁၇၁ ဦး သေဆုံး

ထိုင်းသင်္ကြန် (ဆွန်ခရမ်ပွဲတော်)ကျင်းပသည့် ၅ ရက်အတွင်း လမ်းမတော်မတော်တဆမှုကြောင့် သေဆုံးသူ ၁၇၁ ဦးရှိလာကြောင်း ထိုင်းသတင်းများတွင် ယနေ့ဖော်ပြသည်။ ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းသင်္ကြန် ပထမငါးရက်အတွင်း ထိုင်းနိုင်ငံတစ်ဝှမ်း၌ လမ်းမတော်တဆမှု ၁,၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၁ ဦး သေဆုံးခဲ့ကာ ၁,၂ဝ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် ဆွန်ခရန်ပွဲတော်ကျင်းပသည့် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိကာလအား လမ်းမတော်တဆမှု ဖြစ်ပွားနိုင်သည့်အတွက် “အန္တရာယ်ရှိသော ခုနစ်ရက်”အဖြစ်သတ်မှတ်ထားသည်။ လမ်းမတော်တဆမှုများတွင် အမြန်နှုန်းသတ်မှတ်ချက်ထက် ပိုမိုမောင်းနှင်ခြင်းနှင့် အရက်သောက်ပြီး ယာဉ်မောင်းခြင်းတို့က အဓိက အကြောင်းရင်းများဖြစ်ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင်

Read More
သတင်း

မြန်မာနယ်စပ် တိုက်ပွဲကြောင့် ထိုင်းလုံခြုံရေး တိုးမြှင့်

ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် ထိုင်းတပ်မတော်မှ ထိုင်း-မြန်မာနယ်စပ်၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းအရ သိရသည်။ ထိုင်း-မြန်မာနယ်စပ်မှ ၄၂ ကီလိုမီတာ အကွာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုင်းတပ်မတော်သည် တက်ခ်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်နေခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၅ ရက်နေ့ နံနက်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ကရင်အခြေစိုက် သတင်းများတွင်ဖော်ပြသည်။ ဌင်းအပြင် ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က ကျုံဒိုးမြို့နယ် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ Photo – Khaosod

Read More
သတင်း

မဟာချိုင်တွင် သင်္ကြန်လည်သည့် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦး သေဆုံး

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့နယ်တွင် ဧပြီလ ၁၄ ရက်နေ့က သင်္ကြန်လည်သည့် မြန်မာလူမျိုး အချင်းချင်း စကားများရာမှ ဓားထိုးမှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်း Siamrath သတင်းတွင်ဖော်ပြသည်။ မျက်မြင်များ၏ အဆိုအရ ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်က မဟာချိုင်မြို့နယ် ဝီလ ၁၅ လမ်းထိပ်တွင် ရေကစားနေသည့် လူငယ်များက လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးအား မျက်နှာကို ပေါင်ဒါများဖြင့်သုပ်လိမ်းခဲ့ကြောင်း၊ အမျိုးသမီးနှင့်ပါလာသူများက ထိုလူငယ်များနှင့်စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမျိုးသမီးနှင့်ပါလာသူများက ဓားထုတ်ကာ လိုက်လံတိုက်ခိုက်သဖြင့် သေဆုံးသူသည် ဝီလ ၁၇ လမ်းသို့ ထွက်ပြေးခဲ့ရာ ခြေချော်၍ လဲကျသွားခဲ့ရာမှ ဓားဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ်

Read More
သတင်း

အရက်သောက်ပြီး ကားမောင်းမှု အများဆုံးအဖြစ် ချင်းမိုင် နံပတ် ၁ ချိတ်

ချင်းမိုင်မြို့နယ်သည် ထိုင်းသင်္ကြန်ကာလ ၃ ရက်တာအတွင်း အရက်သောက်ပြီး ကားမောင်းမှုအများဆုံး ခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေကြောင်း အကျင့်စာရိတ္တထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်သည်။ ဆုန်ခရမ် သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်ဖြစ်သည့် ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိခဲ့ပြီး “ချင်းမိုင်” သည် အရက်သောက်ပြီး ကားမောင်းမှုအများဆုံးခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိပြီး လူပေါင်း ၁၅ ဦးအား အီလက်ထရောနစ် စောင့်ကြပ်ကြည့်ရှုသည့် ကိရိယာ (EM)တပ်ဆင်ခဲ့သည်။ ယင်းအမှုများတွင် အရက်သောက်ပြီး ကားမောင်းမှု ၁,၄၇၂ မှု ၊

Read More
သတင်း

ထိုင်းတောင်ပိုင်း ဖန်င သင်္ကြန်တွင် မြန်မာများ ပါဝင်ဆင်နွဲ

ဧပြီလ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်င ခရိုင်အတွင်းက ခေါက်လတ်မြို့နယ်မှာ သင်္ကြန်ပွဲတော် ပြုလုပ် ခဲ့ပါတယ်။ ဖန်င ခရိုင်းအတွင်းက ခေါက်လတ်မြို့နယ်မှာ ထူးထူးခြားခြားအနေနဲ့ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ တရက်ထဲ ကျင်းပတာပါ။ ဒီပွဲတော်ကို ဖိတ်ကြားခံရတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကလည်း မြန်မာလူမျိုးတွေ ထိုင်း သင်္ကြန်ပွဲတော်ဆင်နွှဲရာမှ ဂရုစိုက် ကြဖို့ပြောပါတယ်။ သင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံတောင်းပိုင်းက လွှတ်တော်အမတ်တွေ ခရိုင်လူကြီးတွေ ရပ်ကွက်လူကြီးတွေ ၊စစ်တပ်နှင့်ရဲ အရာရှိတွေ တက်ရောက်ပြီး အမှတ်တရစကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရိုးရာဓလေ့ဖြစ်တဲ့ ရေလောင်းခြင်းနဲ့ ကံကောင်းအောင် ဆုတောင်းပေးခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာတော့ ဆုန်ခရမ်လို့ခေါ်တဲ့ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ကနေ

Read More
သတင်း

မိတ္ထီလာ ငလျင်ကို ထိုင်းမြောက်ပိုင်းနေသူများ ခံစားရ

မြန်မာနိုင်ငံ မိတ္ထီလာမြို့နယ် အရှေ့မြောက်ဘက်တွင် ဧပြီလ ၁၃ ရက်နေ့ နံနက်၌ လှုပ်ခတ်ခဲ့သည့် အင်အား ၅.၉ ရစ်(ခ်)တာစကေးရှိ ငလျင်သည် ထိုင်းမြောက်ပိုင်းနေသူများပါ အကျိုးသက်ရောက် ခံစားလိုက်ရသည်။ ဌင်းငလျင်သည် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း ငလျင်ကြီး၏ နောက်ဆက်တွဲဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကို သက်ရောက်မှုရှိခဲ့သည်။ သတ္တုအရင်းအမြစ်နှင့် မိုးလေဝသဌာန၏ အဆိုအရ ယင်းငလျင်သည် ၅.၉ အဆင့်ရှိပြီး နံနက် ၉ နာရီ ၂၄ မိနစ် တွင် မြေအောက် ၁ဝ ကီလိုမီတာတွင် ဖြစ်ပွားခဲ့သည်။ ငလျင်ဗဟိုချက်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မွန်းဒေသ၏ အနောက်မြောက်ဘက် ၂၇၁ ကီလိုမီတာအကွာတွင် ရှိသည်။ ချင်းမိုင်နှင့် ချင်းရိုင် မြောက်ပိုင်းခရိုင်များရှိ အထပ်မြင့်အဆောက်အအုံများတွင်

Read More
သတင်း

ဘန်ကောက်တွင် အဆောက်အအုံပြိုကျမှု သေဆုံးသူ ၃၅ ဦးထိတိုး

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့သည်။ ဧပြီလ ၁၂ ရက်နေ့ ညအထိ သေဆုံးသူ ၃၅ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်နေ့တွင် B4 နှင့် C1 ဇုန်များမှ ရုပ်အလောင်းများ ထပ်မံရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး အဆောက်အအုံအတွင်း ၅၉ ဦးခန့် ကျန်ရှိနေနိုင်ကာ ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့ စာရင်းများအရ သိရသည်။ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များသည် ၁၆ ရက်မြောက်အဖြစ် သင်္ကြန်ပွဲတော်အတွင်း ကယ်ဆယ်

Read More
သတင်း

ဘန်ကောက်တွင် ပြိုကျ အဆောက်အအုံ အောက်မှ သေဆုံးသူ ၂ ဦးထပ်တွေ့

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအောက်မှ ဧပြီလ ၁၂ ရက် နံနက်အစောပိုင်း (၁၂ နာရီခွဲ နှင့် ၁ နာရီ ၁ဝ မိနစ်)တွင် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အဆောက်အအုံ Zone C မှ ပျောက်ဆုံးနေသူ ၂ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့၏ စာရင်းအရ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁၂ ရက် နံနက်အစောပိုင်းအထိ ဌင်းအဆောက်အအုံမှ သေဆုံးသူ ၃၂ ဦး၏ ရုပ်အလောင်းများအားတွေ့ရှိထားသည်။ ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်တွင် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံ Zone B အောက်မှ ဖုန်းမီးဖြင့်

Read More
အင်တာဗျူး

“အထောက်အထား မစုံတဲ့သူလည်း လျော်ကြေး ရနိုင်လို့ တိုင်ကြားကြပါ”

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁ဝ ရက်တွင် သေဆုံးသူ ၂၃ ဦးထိ ရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၁ဝ ရက်နေ့အထိ သေဆုံးသူ ၂၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားသည်။ အဆောက်အအုံပြိုကျမှုတွင် မြန်မာနိုင်ငံသား အလုပ်သမား များပါဝင်ပြီး မိသားစုဝင်များ ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးသော မြန်မာ အလုပ်သမား၁၈ ဦး၏ အမည်များအား ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) မှထုတ်ပြန်သည်။ ဌင်းအလုပ်သမားများ၏ နောက်ဆုံးရ အခြေအနေ ၊ လျော်ကြေးရရှိနိုင်မှုများ နှင့်ပတ်သက်ပြီး ထိုင်း-မြန်မာ

Read More
သတင်း

ဘန်ကောက်တွင် အဆောက်အအုံ ပြိုကျမှု သေဆုံးသူ ၂၃ ဦးရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁ဝ ရက်တွင် သေဆုံးသူ ၂၃ ဦးထိ ရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၁ဝ ရက်နေ့အထိ သေဆုံးသူ ၂၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားသည်။ အဆောက်အအုံအတွင်း ၇၁ ဦးကျန်ရှိနေနိုင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ဦးခန့် ပိတ်မိနေပြီး အလုပ်သမားများနှင့် မိသားစုဝင်များ၏ အခွင့်အရေးများ ရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးနှင့်

Read More