ထိုင်းနိုင်ငံသား မှတ်ပုံတင် ၁ဝ နှစ်ကျော် အသုံးပြုသည့် ပါကစ္စတန် နိုင်ငံသားကို ဘန်ကောက်တွင်ဖမ်း
သေဆုံးပြီးသော ထိုင်းနိုင်ငံသားတစ်ဦး၏ မှတ်ပုံတင်ကတ်ကို အသုံးပြု၍ ထိုင်းနိုင်ငံတွင် ၁ဝ နှစ်ကျော် ကျော်ကြာ နေထိုင်ခဲ့သော အသက် ၄၁ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသားတစ်ဦးကို ထိုင်းရဲများက ဖမ်းဆီးခဲ့သည်။ မစ္စတာ ဇီရှန်ဟုအမည်ရသည့် ပါကစ္စတန်နိုင်ငံသားသည် ထိုင်းနိုင်ငံသားတစ်ဦး၏ မှတ်ပုံတင်ကတ်ကို အသုံးပြုနေကြောင်း မကြာသေးမီက တွေ့ရှိခဲ့ပြီး သေဆုံးခဲ့သည့်ထိုင်းလူမျိုးအား ဆွေမျိုးများက သက်ဆိုင်ရာထံ သတင်းပို့ခဲ့ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ မစ္စတာ ဇီရှန်သည် ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသော အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များကို ရရှိခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့ ၊ရာဇဝတ်မှုနှိမ်နင်းရေးဌာန ကွပ်ကဲရေးမှူးက မစ္စတာ ဇီရှန်သည် အတုပြုလုပ်ထားသော မှတ်ပုံတင်ကတ်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် ရယူခဲ့ကြောင်း၊ ထိုနိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ အကြိမ် ၁ဝဝ ကျော် ဝင်ထွက်ခဲ့ကြောင်း