၄ နာရီကြာ ရေနစ်နေသည့် ထိုင်းအမျိုးသမီးကို မြန်မာအလုပ်သမားကယ်တင်
အောက်တိုဘာ ၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်အတွင်းတွင် ၄ နာရီကြာရေထဲမျှောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာ အလုပ်သမားတစ်ဦးက ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကယ်တင်ခဲ့သည်။ ရေထဲမှလွတ်မြောက်လာသည့် အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးအဆိုအရ သူမသည် မြစ်ကမ်းဘေးမှ ဖန်ခွက်များ လိုက်ကောက်စဉ် ချော်လဲကာ မြစ်ထဲသို့ ပြုတ်ကျခဲ့သည်။ မဲကလောင်မြစ်အတွင်း ၄ နာရီကြာမျှ မျောပါခဲ့ပြီး ရေထဲပြုတ်ကျသည့် နေရာမှ ၃ ကီလိုမီတာ (၂ မိုင်နီးပါး) အထိမျောပါသွားခဲ့ကြောင်း ၊ ငါးဖမ်းလှေများက ဖြတ်သန်းသွားသော်လည်း မမြင်ခဲ့ကြကြောင်း၊ သူမသည် ပက်လက်လှန်လျက် မျောပါရင်း အကူအညီရရန်ဆုတောင်းခဲ့သည်ဟု ဆိုသည်။ မကြာမီတွင်
