ဘန်ကောက် Decent Work Day ချီတက်ပွဲတွင် မြန်မာလုပ်သားများ ဆင်နွှဲ
အောက်တိုဘာ ၇ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ယနေ့ နံနက်ပိုင်း ကျင်းပခဲ့သည့် အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day) အထိမ်းအမှတ် စီတန်းလှည့်လည် ချီတက်ပွဲတွင် မြန်မာအလုပ်သမား များပါဝင်ဆင်နွှဲခဲ့သည်။ ချီတက်ပွဲတွင် ထိုင်းအလုပ်သမားသမဂ္ဂများ အဖွဲ့နှင့် ပူးပေါင်းပြီး မြန်မာအလုပ်သမား ၂၅ ဦး ပါဝင်ခဲ့ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ၏ Organizer ကိုအောင်ကျော်က Migrant Times ကိုပြောသည်။ “နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းလူမျိုးတွေ အားလုံးက ဒီလိုအခွင့်အရေးတွေ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြတာပါ”ဟု ၎င်းကပြောသည်။ ယနေ့ကျင်းပခဲ့သည့် ချီတက်ပွဲသည် ၁၇ ကြိမ်မြောက်ဖြစ်ပြီး အလုပ်သမားနေ့၊ အမျိုးသမီးနှင့်ကလေးငယ်များနေ့ ၊
