လှိုင်သာယာ တရားရုံးအနီးတွင် စွန့်ပစ်ထားသည့် ရုပ်အလောင်းတွေ့
အောက်တိုဘာ ၁ဝ ၊ Migrant Times ။ ရန်ကုန်တိုင်း ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တရားရုံးအနီးတွင် ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်၌ စွန့်ပစ်ထားသည့် စက်မှုဇုန် လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ပြီး လှိုင်သာယာပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ခွန်အားသစ် လူမှုကူညီရေးအသင်းကထုတ်ပြန်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာက သယ်ဆောင်ပေးရန် အကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူသည် ပန်းလှိုင်မြစ်ကမ်းဘေး ပဒံကျေးရွာအပိုင် ကမ်းဖြူရွာမှ ဖြစ်ကြောင်း ခွန်အားသစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက Migrant Times ကိုပြောသည်။ “လုံခြုံရေးဝန်ထမ်းလို့တော့ ပြောလို့ရတယ်။ အရှေ့ည(အောက်တိုဘာ ၈)က ဖြစ်ထားလို့ပေါ့။ ယာဉ်တိုက်မှု ဖြစ်စဉ်လို့ ခန့်မှန်းမိတာပေါ့၊ ဘာလို့လည်းဆို သိပ်မလှမ်းမကမ်းမှာလည်း
