September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Migrants

သတင်း

အိန္ဒိယ ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘော မီးလောင်ပြီး မြန်မာအပါ သင်္ဘောသား ၄ ဦး ပျောက်ဆုံး

စင်ကာပူ ကုန်တင်သင်္ဘော MV WANHAI503 သည် အိန္ဒိယနိုင်ငံ Kerala ကမ်းရိုးတန်း၏ အနောက်မြောက်ဘက် ၁၃၀ ရေမိုင်အကွာတွင် ဇွန်လ ၉ ရက်နေ့က မီးလောင်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားအပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေကြောင်း စင်္ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA)အဖွဲ့မှသိရသည်။ သင်္ဘောအလယ်ပိုင်းမှ စတင်၍ သင်္ဘောသားအခန်းများရှေ့ရှိ ကွန်တိန်နာခန်းအထိ မီးလောင်ကျွမ်းမှုများနှင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး သင်္ဘောဦးပိုင်းရှိ မီးလောင်မှုများမှ မီးခိုးများ ထွက်ပေါ်နေဆဲဖြစ်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ် Indian Coast Guard က ယနေ့(ဇွန်လ ၁ဝ)တွင်ထုတ်ပြန်သည်။ ယနေ့တွင် သင်္ဘောသည် ဘယ်ဘက်သို့ ၁၀-၁၅ ဒီဂရီခန့် စောင်းနေပြီး ကွန်တိန်နာများ ထပ်မံရေထဲကျွံကျခဲ့ကြောင်း သိရသည်။ အိန္ဒိယကမ်းခြေစောင့်တပ်သင်္ဘောများဖြစ်သည့် Samudra Prahari နှင့်

Read More
သတင်း

ထိုင်းတောင်ပိုင်း ဆူရင်ကျွန်းတွင် မြန်မာကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငခရိုင် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်အနီးတွင် မြန်မာကုန်တင်သင်္ဘောတစ်စီးသည် သောင်တင်နစ်မြုပ်ခဲ့ပြီး ထိုင်းရေတပ်မှ ကူညီကယ်ဆယ်ခဲ့ကြောင်း ထိုင်းသတင်းတွင်ဇွန်လ ၂ ရက်၌ တွင်ဖော်ပြသည်။ ယမန်နေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင် မြန်မာအလံလွှင့်ထူထားသော ဧရာလင်း ကုန်တင်သင်္ဘော သည် ဆူရင်အမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်အနီးတွင် သောင်တင်နစ်မြုပ်ခဲ့သည်။ အဆိုပါသင်္ဘောသည် ရနောင်းပြည်နယ်၊ ကိုမောက်ဆိပ်ကမ်းမှ မေလ ၂၉ ရက်နေ့တွင် တရားဝင်ထွက်ခွာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၊ ကော့သောင်းသို့ထွက်ခွာခဲ့ပြီး ထို့နောက် မြိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ သင်္ဘော၏ ဝမ်းဗိုက်တွင် အပေါက်တစ်ပေါက်ကို တွေ့ရှိရသဖြင့် အနီးဆုံးကမ်းခြေသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ထို့နောက် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်တွင် သင်္ဘောသောင်တင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရေတပ်တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ရန်နှင့် သင်္ဘောနှင့် သင်္ဘောသားများအား ကူညီကယ်ဆယ်ခဲ့သည်။ ဇွန်လ

Read More
သတင်း

ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်တွင် မြန်မာသုံးဘီးယာဉ်ပေါ်မှ သေနတ်တုများဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်သို့ပြန်လည် ဝင်ရောက်မည့်မြန်မာ သုံးဘီးယာဉ်ပေါ်မှ သေနတ်အတု(imitation firearms) ၂၅ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း Maesai press သတင်းတွင် ယမန်နေ့(ဇွန်လ ၁)ဖော်ပြသည်။ မေလ ၃၁ ရက်၊ ညနေ ၆ နာရီခန့်၌ မယ်ဆိုင် အမှတ် ၁ နယ်စပ်ဂိတ်ရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့လိုင်စင်နံပါတ်ပါရှိသည့် သုံးဘီးဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှတွေ့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသုံးဘီးဆိုင်ကယ်ကို တာချီလိတ်မြို့နယ်နေ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက မောင်းနှင်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှေ့ခန်းတွင် လိုက်ပါစီနင်းခဲ့သည်ဟု သိရသည်။ သုံးဘီးဆိုင်ကယ်နောက်ဘက်တွင် အဖြူရောင် ကောက်ရိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး ၎င်းအိတ်အတွင်း၌ စက္ကူပုံးတစ်ပုံးတွင်းထည့်ထားသည့် သေနတ်အတု စုစုပေါင်း

Read More
သတင်း

ချင်းမိုင်ရှိ အလုပ်ရုံတွင် မြန်မာ ၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ အလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအား တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် မေလ ၂၆ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၃ ဦးသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ ချင်းမိုင်မြို့တွင် ၂ ရက်ကြာ အလုပ်လုပ်ကိုင်နေချိန်တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ချင်းမိုင်မြို့နယ် ၊ ဆန်ဆိုင်းရှိ အလုပ်ရုံနှင့်လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေး အရာရှိများက စစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ သုံးဦးသည် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ချင်းမိုင်တွင် အလုပ်ရှာဖွေခဲ့ကြောင်း ၊ တစ်ရက်လျှင် ဘတ် ၃ဝဝ ဖြင့် စက်ရုံတစ်ခုတွင် နှစ်ရက်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံဝန်ခံခဲ့ကြသည်။

Read More
သတင်း

“ဘဘ အဲဒီလူကြီးကို သေမိန့်ပေးပါ”

– ထူးချစ် ၂ဝ၁၆ အောက်တိုဘာလလောက်ဟု ထင်မှတ်နေ၏။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တာကွာပါမြို့ရဲ့ ပြည်သူ့ဆေးရုံကြီး အမျိူးသမီးဆောင်ကို ဝင်လိုက်တာနဲ့ အဝင်တံခါးကပ်ရပ်က ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ (၉)နှစ်အရွယ် မိန်းကလေးက “ဘဘ အဲလူကြီးကို သေမိန့်ပေးပါ”လို့ ထားဝယ်သံနဲ့ ကျနော့်ကို ဆီးကြိုပြောနေတဲ့ အသံဖြစ်ပါတယ်။ ကလေးငယ်လေးရဲ့ ဘေးမှာ မိဘနှစ်ဦးနဲ့ ဆွေမျိုးသားချင်းတွေလို့ ထင်ရတဲ့ သူတွေက ဝိုင်းရံထားတာတွေ့ရပါတယ်။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုက်တက်ရေးဖောင်ဒေးရှင်း(FED)က ဆရာ၊ဆရာမ အချို့နဲ့ ဝန်ထမ်းတွေလည်းတွေ့ရ၏။ ကလေမလေးရဲ့ အားကိုးတကြီးမျက်နှာ၊ နာကျည်းခံပြင်းတဲ့ ပုံစံ ၊ ကျန်းမာရေးအရ အားလျော့ နွမ်းလျနေတဲ့ မျက်နှာလေးနဲ့ ကျနော့်ကို အားကိုးတကြီး တောင်းဆိုနေတဲ့ မြင်ကွင်းကို အခု ၉ နှစ်ကြာတဲ့အထိ မေ့မရသေးပါဘူး။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေပါတယ်။ လူအုပ်ကြားထဲကပဲ

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၉ ဦးဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းမိခဲ့ကြောင်း ရာချာမာနူးတပ်ခွဲ (Rachamanu Task Force) မှ သိရသည်။ ရာချာမာနူးမှ တပ်သားများသည် ယနေ့ မေလ ၁၈ ရက်နေ့တွင် တာ့ခ်ခရိုင် (Tak Province)၊ ဖုတ်ဖရားမြို့နယ်၊ ဗယ်လီကျေးရွာအုပ်စု ၊ ဗန်ဗယ်လီမြောက်ရွာအနီး၌ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုသယ်ယူလာသည့် ယာဉ်တစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပြီး အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ၉ ဦးနှင့် အသက် ၂၉ နှစ်အရွယ် ထိုင်းယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။ ယာဉ်မောင်းမှ မြန်မာနိုင်ငံသားများကို ဘန်မော်ကဲထိုင်း (Ban Mor Ker Thai) ရှိ နယ်စပ်အနီးမှ

Read More
သတင်း

မလေးရှားတွင် မြန်မာ ၁ဝ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၃ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ရှော့ပင်းမောလ်တစ်ခုတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာ ၁ဝ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၃ ဦးကို မေလ ၁၇ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှသိရသည်။ ဝင်ရောက်စီးနင်းမှုအတွင်း နိုင်ငံခြားသားများသည် အိမ်သာများထဲ၌ ပုန်းအောင်းခြင်း၊ လှေကားအောက်များတွင် ပုန်းအောင်းခြင်းအပြင် ထွက်ပြေးရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသား အများစုမှာ ကုန်တိုက်တွင် ပစ္စည်းဝယ်ရန် လာရောက် လည်ပတ်ခြင်းသာဖြစ်သည်ဟု ဆင်ခြေများ ပေးခဲ့ကြောင်းသိရသည်။ လူဝင်မှုကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Jefri Embok Taha ကစုစုပေါင်း နိုင်ငံခြားသား ၁၄၃ ဦးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်မှုအမျိုးမျိုးဖြင့် ထိန်းသိမ်းခဲ့ကြောင်း ပြောကြားသည်။ ၎င်း၏

Read More
သတင်း

ထိုင်းတောင်ပိုင်းတွင် မက်သဖက်တမင်း ရောင်းချနေသော မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် မက်သဖက်တမင်း ရောင်းချနေသော မြန်မာနိုင်ငံသား ၃ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Andamanfocus သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ ညတွင် ဖန်ငပြည်နယ် အုပ်ချုပ်ရေးဌာန အထူးစစ်ဆင်ရေးအဖွဲ့မှ လမ်ကန်ရပ်ကွက်၌ မက်သဖက်တမင်း ရောင်းချနေသော မြန်မာနိုင်ငံသား ၃ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းအရသိရသည်။ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးအား မက်သဖက်တမင်း ၂ ထုပ်၊ စုစုပေါင်း အလေးချိန် ၂.၃ ဂရမ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ မက်သဖက်တမင်း ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းဟူသော စွဲချက်ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။ လမ်ကန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှဆက်လက်ပြီး Thai Mueang မြို့နယ်၊ လမ်ကန်ရပ်ကွက်၊ အမှတ် ၅ ကျေးရွာရှိ အငှားအိမ်တစ်လုံးကို

Read More
သတင်း

ဘန်ကောက်တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၃ ဦးအတွက်ဘတ် ၃ သန်းလျော်ကြေးရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအနက် ၃ ဦးအတွက် နစ်နာကြေးစုစုပေါင်း ဘတ် ၃ သန်း(ဘတ်သိန်း ၃ဝ)ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့်WAG Myanmar အဖွဲ့မှသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ချက်တူချက်မြို့နယ်ရှိ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ငလျင်ကြောင့်ပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၉ဝ နီးပါးသေဆုံးခဲ့သည်။ ယမန်နေ့ မေလ ၁၆ ရက်နေ့တွင် Chana Rich Co.,td မှ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံပြိုကျမှုတွင်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအနက် ၃ ဦးစာအတွက် ဘတ်ငွေ(၃ဝ)သိန်းကို မိသားစုဝင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။ သေဆုံးမြန်မာအလုပ်သမားတစ်ဦး လျှင်ကုမ္ပဏီကပေးသည့် နစ်နာကြေး ဘတ် ၁ သန်း(ဘတ် ၁ဝ သိန်း)သာရရှိသေးပြီး ပကန်စံခွန်ရုံးမှ နစ်နာ‌ကြေးထုတ်ယူနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း

Read More
သတင်း

ချင်းမိုင် စားသောက်ဆိုင်ရှိ မြန်မာ အလုပ်သမား ၂ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ခွင့် ပါမစ် စည်းကမ်းဖောက်ဖျက်သည့် မြန်မာလုပ်သား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ မေလ ၁၆ ရက်နေ့တွင်ထုတ်ပြန်သည်။ လူဝင်မှုကြီးကြပ်ရေး စုံစမ်းရေးအဖွဲ့သည် မေလ ၁၅ ရက်နေ့တွင် ချင်းမိုင်မြို့၊ဖားဟမ်းရပ်ကွက်ရှိ လုပ်ငန်းများတွင် တရားမဝင် နိုင်ငံခြားသားများ ခိုးဝင်အလုပ်လုပ်နေကြောင်း သတင်းရရှိပြီးနောက် စစ်ဆေးခဲ့သည်။ စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အလုပ်လုပ်ရန် ခွင့်ပြုချက် ရရှိထားသော်လည်း အလုပ်ရှင်အမည်၊ အလုပ်လုပ်သည့်နေရာနှင့် အလုပ်အမျိုးအစားကို အလုပ်စဝင်သည့်နေ့မှစ၍ ၁၅ ရက်အတွင်း မှတ်ပုံတင်အရာရှိထံ အကြောင်းမကြားခြင်း စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံသား၂ ဦးသည် ထိုင်းအလုပ်ရှင်ထံတွင် ဥပဒေနှင့်အညီ အလုပ်လုပ်ခွင့် ပါမစ် ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သော်လည်း ယခုဆိုင်တွင်

Read More