ဘန်ကောက် ပြိုကျအဆောက်အအုံတွင် သေဆုံးမြန်မာများ လျော်ကြေးရဖို့ အထောက်အထားလိုနေ
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချာတူချတ် ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ နံနက်အထိ သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဘန်ကောက်မြို့ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ရာတွင် စုစုပေါင်း လူ ၁ဝ၃ ဦး ထိခိုက်ခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) ကထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် ဧပြီလ ၁၉ ရက်နေ့ထိ ၄၇ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅၇ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများအနက် မြန်မာလူမျိုး ဘယ်နှစ်ဦးပါသည်ကို တိတိကျကျ အတည်မပြုနိုင်သေးဘဲ လျော်ကြေးရရှိဖို့