September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာ ၆၉ ဦးဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ ဒနောင်းကိုတာ(Danau Kota) ဧရိယာရှိ ၁၉ ထပ်တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)က ယနေ့ နံနက်အစောပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းကဖော်ပြသည်။ ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား (၆၉) ဦး၊ အိန္ဒိယ (၂၅) ဦး၊ ပါကစ္စတန် (၁၄) ဦး၊ အင်ဒိုနီးရှား (၁၂) ဦးနှင့် ဘင်္ဂလားဒေ့ရှ် (၅) ဦးတို့ဖြစ်ပြီး အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၄၄ ဦး ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်သည်။ JIM ကွာလာလမ်ပူ ညွှန်ကြားရေးမှူး ဝမ်မိုဟာမက်က “နှစ်ပတ်ကြာ ထောက်လှမ်းပြီးနောက် တိုက်ခန်း ၃၈ဝ

Read More
သတင်း

ဘန်ကောက်နှင့် စမွတ်ပရာကန်နေရာအချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စမွတ်ပရာကန်ရှိ အချို့သောနေရာများကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများ ရွှေ့ပြောင်းခြင်းကို ရက် ၃ဝ ပိတ်ပင် လိုက်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုများ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနှင့် အခြားနို့တိုက်သတ္တဝါများထံ ကူးစက်နိုင်သည့် အန္တရာယ်ရှိသောခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ထိုနေရာများတွင် အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားကြောင်းထုတ်ပြန်သည်။ သတ်မှတ်ထားသည့်ဇုန်အတွင်း တိရစ္ဆာန်ဆေးကုဆရာဝန်၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့၏ အသေကောင်များကို အပြင်သို့ ရွှေ့ပြောင်းခြင်းမပြုရန်၊ တိရစ္ဆာန်ပိုင်ရှင်များသည် ဖျားနာသော တိရစ္ဆာန်များကို

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည်များကို အောက်တိုဘာလ ၁ ရက်ကစပြီး ထိုင်းအလုပ်လုပ်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအား အောက်တိုဘာလ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ သီရရတ်ဆမ်ရက်ဝါနစ်က စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းအစိုးရသည် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နယ်စပ် ယာယီခိုလှုံရာစခန်းများ၌ ၄၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်လာသူများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ ယာယီခိုလှုံရေးစခန်းမှ မြန်မာဒုက္ခသည်များသည် အောက်ပါ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း အလုပ်လုပ်ကိုင်ရန်လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရကထုတ်ပြန်သည်။ ၁။ ခရိုင်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ထိန်းချုပ်ထားသည့် ဧရိယာပြင်ပသို့ ထွက်ခွာခွင့်တောင်းခံခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူပြီး နိုင်ငံခြားသားလုပ်သားများအတွက် ကျန်းမာရေးအာမခံစနစ်တွင် ဝင်ရောက်ခြင်း။ ၃။ သတ်မှတ်ထားသည့်

Read More
နိုင်ငံရေး သတင်း အလုပ်သမား သတင်း

အလုပ်သမားအရေး လုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အာမခံလျှောက်ထားမှုအပေါ် တရားရုံးပလပ်

စက်တင်ဘာ ၉ ၊ Migrant Times ။ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင် ၇ ဦး တို့၏ သီးခြား တစ်မှုစီ အာမခံလျှောက်ထားမှုအပေါ် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရွှေပြည်သာ မြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း STUM ကထုတ်ပြန်သည်။ အာမခံလျှောက်ထားမှုအပေါ် ရုံးထိုင်တရားသူကြီးက ကြားနားပြီး ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး ရုံးရှေ့အမှုမှ တရားလိုအား အမှု ၈ မှုအတွက် စစ်ဆေး ကြားနာခဲ့ကြောင်း သိရသည်။ ရုံးထုတ်မှု အား STUM အဖွဲ့ကို Migrant Times ကဆက်သွယ်မေးမြန်းခဲ့ပြီး ဒေါ်မျိုးမျိုးအေး ၏ ရှေ့နေကပေးပို့သည့် အချက်များကိုသာသိကြောင်း STUM တာဝန်ရှိသူကပြောသည်။

Read More
သတင်း အလုပ်သမား သတင်း

မလေးရှားတွင် မြန်မာနိုင်ငံသား ၄၁ ဦး ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၉ ၊ Migrant Times ။ မလေးရှားနိုင်ငံ ၊ ဆလန်ဂေါ (Selangor)ပြည်နယ် ၊ ပူချုန်ရှိ အစားအသောက်ဆိုင်တန်းတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး အပါအဝင် နိုင်ငံခြားသား ၅၅ ဦးကို စက်တင်ဘာလ ၈ ရက်နေ့ကဖမ်းဆီးခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာန-JIM ကထုတ်ပြန်သည်။ ပူချုန်မြို့ရှိ အစားအသောက်ဆိုင်တန်းတစ်ခုတွင် ယမန်နေ့ ညနေ ၆:၃၀ မှ ၇:၃၀ အထိ စီးနင်းရှာဖွေခဲ့ပြီး နိုင်ငံခြားသား ၆၀ ဦးနှင့် ပြည်တွင်းနိုင်ငံသား ၂၇၄ ဦး စုစုပေါင်း ၃၃၄ ဦးကို စစ်ဆေးခဲ့ကြောင်း JIM ကဆိုသည်။ စစ်ဆေးမှုရလဒ်အရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုးကြောင့် နိုင်ငံခြားသား ၅၅ ဦးကို ထိန်းသိမ်းခဲ့ပြီး

Read More
နိုင်ငံရေး သတင်း

သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချ

စက်တင်ဘာ ၉ ၊ Migrant Times ။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာကို ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် တရားရုံးချုပ်၏ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်သူများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက “ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ယမန်နေ့တွင် ဒူဘိုင်းမှပြန်လာပြီးနောက် ယနေ့ နံနက်တွင် “ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး တရားရုံးသို့လာရောက်ခဲ့သည်။ သက်ဆင်သည် မူလက အဂတိလိုက်စားမှု ၃ မှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ နောက်ပိုင်းတွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် တစ်နှစ်သို့ လျှော့ချခံခဲ့ရသည်။ သို့သော် သက်ဆင် အကျဉ်းထောင်တွင် တစ်ညတာမျှ အမှန်တကယ်နေခဲ့ဖူးခြင်း ရှိ၊မရှိ

Read More
သတင်း

ထိုင်းတွင် အမျိုးသားတစ်ဦး ရေကြီးချိန် ဆိုင်ကယ်မောင်းရင်း မျောပါသေဆုံး

စက်တင်ဘာ ၉ ၊ Migrant Times ။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချာစီမာခရိုင်၊ ဖီမိုင်မြို့နယ်၊ ရန်ကာရိုင်ရပ်ကွက်၊ ဘန်ရန်ကာရိုင်တွင် ယမန်နေ့စက်တင်ဘာလ ၈ ရက်နေ့က ရေကြီးချိန်တွင် ဆိုင်ကယ်မောင်းခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရေထဲမျောပါသွားကာ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ရေကြီးမှုကြောင့် လမ်းမများ ရေလွှမ်းမိုးခဲ့ချိန်တွင် ယင်းအမျိုးသားသည် ဖီမိုင်ဆမ်မတ်ကီးကျောင်းအနီးရှိ ရေမြောင်းပိုက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့၌ ရေကျသွားချိန်တွင် ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားများကပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်ကလည်း ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်တွင် အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးသည် ရေကြီးနေသည့်လမ်းပေါ်တွင် ဆိုင်ကယ်တွန်းသွားရင်း လျှပ်စစ်ဝိုင်ယာကြိုးရှိသည့်

Read More
သတင်း အလုပ်သမား သတင်း

ကန်ချနပူရီတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာလုပ်သား ၇၅ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ကန်ချနပူရီပြည်နယ် ၊ ကန်ချနပူရီ-ဘော့ဖလွိုင်းလမ်းတနေရာရှိ သစ်တောအစပ်တွင် ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ်၌ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဒေသခံများက လမ်းဘေးသစ်တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအုပ်စုတစ်စု ရှိနေကြောင်း တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ မြန်မာအလုပ်သမားများအားသွားရောက်ဖမ်းဆီးစဉ်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မြန်မာအလုပ်သမားများအား လမ်းဘေးတွင် ရပ်နားပြီး လာရောက်ခေါ်ဆောင်သည့် ပစ်ကပ်ကား ၃ စီးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၇၅ ဦး (အမျိုးသား ၅၂ ဦးနှင့် အမျိုးသမီး ၂၃ ဦး)တို့သည် ဘုရားသုံးဆူဘက်မှလာရောက်ခြင်းဖြစ်ပြီး ဆန်ခလာပူရီရှိ

Read More
နိုင်ငံရေး သတင်း အလုပ်သမား သတင်း

ထိုင်းမှာ ဘတ် မဖွင့်သေးပါ ငွေကြိုတောင်းသူများကို တိုင်ကြားနိုင်ကြောင်းထုတ်ပြန်

လိမ်လည်ခံရခြင်းများရှိပါက အလုပ်သမားဝန်ကြီးဌာန၏ Hotline နံပါတ် ၁၅၀၆ သို့ ဖုန်းခေါ်ဆိုနိုင် စက်တင်ဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် အခြေခံလုပ်သားများအားထုတ်ပေးသည့် ဘတ်(ခေါ်)ပန်းရောင်းကတ်ပြုလုပ်ပေးမည့်ရက်အား တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသည့်အပြင် လက်ရှိတွင် မှတ်ပုံတင်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ အလုပ်သမားများအနေဖြင့် တရားဝင် မှတ်ပုံတင်ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းရင်း လိုအပ်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားကြရရန်နှင့်ဖွင့်လှစ်မည့်ရက်ကို တရားဝင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဘတ်(ခေါ်)ပန်းရောင်းကတ်နှင့်ပတ်သက်ပြီး အလွန်အကျွံပွဲစားခ တောင်းခံခြင်း (သို့မဟုတ်) ကြိုတင်ငွေ ပေးဆောင်ရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လိမ်လည်ခံရခြင်းများရှိပါက အလုပ်သမားဝန်ကြီးဌာန၏ Hotline နံပါတ် ၁၅၀၆ သို့ ဖုန်းခေါ်ဆိုနိုင်ကြောင်း ထုတ်ပြန်သည်။ ထိုင်းအလုပ်ရှင်များအနေဖြင့် လုပ်သား

Read More
သတင်း အလုပ်သမား သတင်း

မဟာချိုင်တွင် မြန်မာလုပ်သား ၆ဝ နီးပါးထံမှ ဘတ်ငွေ ၃ သိန်းခန့်ကို ပွဲစားက လိမ်လည်သွား

စက်တင်ဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် ၊ မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား ၆ဝ နီးပါးထံမှ စုစုပေါင်း ဘတ်ငွေ ၃ သိန်းခန့်ကို ပွဲစားမငယ်နှင့် သူမ၏‌အမျိုးသားဆိုသူက လိမ်လည်သွားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။ ၂ဝ၂၅ ခုနစ် ၊ မေလ အစပိုင်းတွင် မဟာချိုင်ဒေသ၊ ဝေလ(ဝပ်ထောင်)လမ်းတွင်နေသည့် ပွဲစား မငယ်နှင့် သူမ၏‌အမျိုးသား(လူကြိုပေးသူ)တို့သည် Tiktok အကောင့်မှတဆင့် တစ်ခါသုံး ပလပ်စတစ်ခွက်ထုတ်လုပ်သော လုပ်ငန်းတွင်အလုပ်သမားလိုကြောင်း ဖော်ပြခဲ့သည်။ အလုပ်လာရောက်လျှောက်ထားကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၆ဝ နီးပါးထံမှ လူတစ်ဦးလျှင် ကျန်းခေါက်ခ(သူဌေးပြောင်းခ) နှင့်စမတ်ခ(ဝန်ဆောင်ခ) ဘတ် ၅ဝဝဝ စီတောင်းခဲ့သည်။ အလုပ်သမားများအား ပွဲစားလင်မယားမှ မေလ ၁၅ ရက်နေ့ နှင့်

Read More