ဘန်ကောက်တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၃ ဦးအတွက်ဘတ် ၃ သန်းလျော်ကြေးရ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအနက် ၃ ဦးအတွက် နစ်နာကြေးစုစုပေါင်း ဘတ် ၃ သန်း(ဘတ်သိန်း ၃ဝ)ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့်WAG Myanmar အဖွဲ့မှသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ချက်တူချက်မြို့နယ်ရှိ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ငလျင်ကြောင့်ပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၉ဝ နီးပါးသေဆုံးခဲ့သည်။ ယမန်နေ့ မေလ ၁၆ ရက်နေ့တွင် Chana Rich Co.,td မှ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံပြိုကျမှုတွင်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအနက် ၃ ဦးစာအတွက် ဘတ်ငွေ(၃ဝ)သိန်းကို မိသားစုဝင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။ သေဆုံးမြန်မာအလုပ်သမားတစ်ဦး လျှင်ကုမ္ပဏီကပေးသည့် နစ်နာကြေး ဘတ် ၁ သန်း(ဘတ် ၁ဝ သိန်း)သာရရှိသေးပြီး ပကန်စံခွန်ရုံးမှ နစ်နာကြေးထုတ်ယူနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
