ထိုင်း သင်္ကြန်တွင် AI ရဲစက်ရုပ် တာဝန်ထမ်းဆောင်
ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ နခွန်ပသုန်မြို့တွင် ဆုမ်ခရမ် သင်္ကြန်ပွဲတော်ကစပြီး AI ရဲစက်ရုပ်က တာဝန်ထမ်းဆောင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။ ရဲစက်ရုပ်ကို “ AI Police Cyborg 1.0” ဟု အမည်ပေးထားပြီး ၎င်း၏ ကိုယ်ထည်ပတ် လည်၌ အဆင့်မြင့် ၃၆ဝ ဒီဂရီလှည့်နိုင်သည့် AI ကင်မရာများ တပ်ဆင်ထားသည်။ ထိုင်းဒေသ (၇) ရဲတပ်ဖွဲ့ဌာနချုပ်နှင့် နခွန်ပသုန်ရဲတပ်ဖွဲ့က နခွန်ပသုန် မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ “ AI Police Cyborg 1.0” ရဲစက်ရုပ် Robocop ကို ဆုမ်ခရမ် သင်္ကြန်ပွဲတော်တွင် မိတ်ဆက်ခြင်းပြုလုပ်ခဲ့သည်။ AI ရဲစက်ရုပ်သည် အနီးဝန်းကျင်ရှိ ပုံမှန် CCTV ကင်မရာများနှင့် လုံခြုံရေးစောင့်ကြပ်ရန် ပျံသန်းနေသော
