တရားမဝင် မြန်မာ ၁၉ ဦး ပါသည့် ပစ်ကပ်ကားကို မြစ်ထဲထိုးကျစဉ် ထိုင်းရဲဖမ်းမိ
ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်ရှိ အဝေးပြေးလမ်းမတွင် ပစ်ကပ်ကားတစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က လိုက်လံဖမ်းစီးစဉ် ကွေး (Kwai Yai) မြစ်အတွင်းထိုးကျပြီး တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦး ကိုဖမ်းမိခဲ့သည်။ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲများသည် တရားမဝင် ဝင်ရောက်လာသူများ တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို မုန်းခရိုင်၊ လပ်ယားမြို့နယ်ခွဲ၊ ဘန်လပ်ယာလမ်းဆုံမှစ၍ ကွေးမြစ်ကိုဖြတ်ပြီး နောင်ဘွားတံတားအထိ စိတ်လှုပ်ရှားဖွယ် လိုက်လံဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။ ပစ်ကပ်ကား ယာဉ်မောင်းသည် မြစ်ကမ်းပါးတွင် ရေဆေးနေသည့် ကားတစ်စီးကို ဝင်တိုက်မိကာ သူ၏ကားလည်း မြစ်ထဲသို့ ထိုးကျခဲ့ကြောင်း သိရသည်။ ယာဉ်မောင်းသည် ကားပေါ်မှခုန်ချ၍ မြစ်ကိုကူးကာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ပစ်ကပ်ကား ပေါ်ရှိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးအား