September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း အလုပ်သမား သတင်း

ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ စက်ရုံတစ်ရုံတွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသော မြန်မာ အလုပ်သမား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်နှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှသိရသည်။ ဌင်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ၏ အကူအညီတောင်းမှုအရ ပါကျင်ပူရီ ဆဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန)တွင် တိုင်ကြားပေးခဲ့ရာမှ နစ်နာကြေးနှင့်စာရွက်စာတမ်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ MHAC မဟာမိတ်အဖွဲ့ထုတ်ပြတ်ချက်အရ တိုင်ကြားခဲ့သည့် အလုပ်သမား (၇၃) ဦးအနက် အလုပ်သမား (၄၁) ဦးသည် မိမိသဘောဆန္ဒနှင့် အလုပ်ထွက်ခြင်းဖြစ်ပြီး (၃၂)ဦးမှာ စက်ရုံသူဌေးက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအလုပ်သမား (၇၃) ဦးတွင် စာရွက်စာတမ်းမရသော အုပ်စုနှင့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော အုပ်စု နှစ်ခုခွဲပြီး ထိုင်းအစိုးရ ဆဝါဒီကန်ရုံးတွင်တိုင်ကြားပေးခဲ့ပြီး အကြောင်းမဲ့

Read More
သတင်း

ချင်းမိုင်တွင် မြန်မာဆိုင်ရှင်နှင့် မြန်မာလုပ်သားငါးဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် မြန်မာဆိုင်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမားငါးဦးကို အလုပ်ပါမစ်မရှိသည့်အတွက်ဖမ်းဆီးလိုက် ကြောင်းချင်းမိုင်လူ၀င်မူကြီးကြပ်ရေးဌာန ကထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့တွင်ရဲတပ်ဖွဲ့နှင့်ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်မြို့နယ်၊ချင်းဖူရပ်ကွက်ရှိအဆောက်အအုံများကို နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်နေသည်ဟူသော သတင်းများ လက်ခံရရှိခြင်းကြောင့်စစ်ဆေးခဲ့ ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ စစ်ဆေးမှုရလဒ်အနေဖြင့် မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့်မြန်မာအလုပ်သမား၅ ဦးအားနိုင်ငံခြားသားများ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ ကြောင်းသိရသည်။ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဒုတိယပြင်ဆင်ချက် အပိုဒ် ၈ နှင့် ၉ တို့အား ချိုးဖောက်ရာရောက်သည်ဟုလည်းဆိုသည်။ သံသယရှိသူ မြန်မာနိုင်ငံသား ၂ ဦးမှ ၅ဦးခန့်သည် ဆိုင်တစ်ခုတွင် စားပွဲထိုးများနှင့် မီးဖိုခန်းလက်ထောက်များအဖြစ် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားသည်။ ပထမသံသယရှိသူမှာ ၎င်းတို့၏အလုပ်ရှင်ဖြစ်ပြီး

Read More
သတင်း

ချင်းမိုင်မြို့တွင် အလုပ်ပါမစ်မရှိသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာတစ်ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ကဖမ်းဆီးလိုက်သည်။ မေလ ၁ ရက်နေ့၊ နံနက်တွင် ချင်းမိုင်ခရိုင် မြို့နယ်ခွဲများ၌ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိချက်အရ စီးပွားရေးလုပ်ငန်းများနှင့်ဆိုင်များ ကို စစ်ဆေးခဲ့သည်။ စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးအား အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြောင်းတွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ ၂ဝ၁၇ ခုနှစ် နိုင်ငံခြားသားများ အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အမိန့်နှင့် ၂ဝ၁၈ ခုနှစ် ပြင်ဆင်ချက် (အမှတ် ၂) အပိုဒ် ၁၃ အရ ပြစ်မှုမြောက်သဖြင့် ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ချက်ကဖော်ပြသည်။ ထိုအမျိုးသားသည် ၂ဝ၂၅ ခုနှစ် ဧပြီလအစောပိုင်းမှစ၍ စားသောက်ဆိုင်တွင် ပန်းကန်ဆေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို လျှောက်ထားခြင်းမရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟုသိရသည်။

Read More
သတင်း

မဟာချိုင်ရှိ AAC ဂေဟာကို ထိုင်းအစိုးရ မေဒေးတွင် ဖျက်သိမ်း

AAC ဂေဟာတွင်းရှိ မသန်စွမ်း ဒုက္ခသည်များ မေလ ၄ ရက် နောက်ဆုံးထားပြောင်းရမည် ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင်ရှိသည့် “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ ရုံးကိုယနေ့မေလ ၁ ရက်နေ့ (အလုပ်သမားနေ့)တွင် ထိုင်းအစိုးရတာဝန်ရှိသူများက လာရောက်ဖျက်သိမ်း ခဲ့ကြောင်း AAC- မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ “ဒီကနေ့ Mayday နေ့မှာ အခက်အခဲရှိလုပ်သားများ အခမဲ့ခိုလုံ အခမဲ့ကျွေးမွေးနေတဲ့ အဆောက်အဦးကို ထိုင်းအစိုးရကဥပဒေနဲ့ မညီဘူးအကြောင်းပြပြီး မြေပိုင်ရှင်ကို ဖိအားပေး အတင်းလာဖြိုနေကြတာကိုကြည့်ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူးဗျာ” ဟုဦးခိုင်ကြီးက ပြောသည်။ AAC-ဂေဟာသည် ၁ဝ နှစ်ကျော်ကြာ အလုပ်သမားရေးအတွက် ဆောင်ရွက်ခဲ့ပြီး အလုပ်သမားများအားအခမဲ့ခိုလုံခွင့်ပေးခဲ့ကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီမှုပေးနေသည့် AAC ရွှေ့ပြောင်း အလုပ်သမားများ

Read More
အလုပ်သမား သတင်း

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)အတွက် ဆုမွန်လွှာ

ယနေ့ကျရောက်သည့် ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် မြန်မာနိုင်ငံနှင့် ပြည်ပရှိရွှေ့ပြောင်းနေထိုင်သူများ၊ အလုပ်လုပ်ကိုင်သူများ ကာယ၊ ဉာဏ အလုပ်သမားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း Migrant Times သတင်းဌာနက ဆန္ဒပြုအပ်ပါသည်။ Migrant Times တည်ထောင်ခဲ့စဉ် ကတည်းက ရွှေ့ပြောင်းနေထိုင်သူများ၏ သတင်းများကို အလေးပေးအာရုံစိုက်ခဲ့ပြီး လူမှုဘဝပေါင်းစည်းမှုကို မြှင့်တင်ရန် ရွှေ့ပြောင်းနေထိုင်သူအသိုင်းအဝိုင်းနှင့် အိမ်ရှင်လူမှုအသိုင်းအဝိုင်းများအကြား လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ Migrant Times သည် ရွှေ့ပြောင်းနေထိုင်သူများ၏ နေ့စဉ် လူမှုဘဝလှုပ်ရှား သွားလာရာတွင် အဖိုးတန်သည့်သတင်းအချက်အလက် အရင်းအမြစ်များနှင့် လက်တွေ့ကျသော သတင်းအချက်အလက်များရရှိရန် ဗီဒီယိုများ၊ သတင်းများ၊ သုတေသနများ လုပ်ဆောင်ခြင်းစသည့် ပညာပေးလုပ်ငန်းစဉ်များကို တိုးချဲ့ခဲ့ပါသည်။ Migrant Times သည် ရှေ့ဆက်လျှောက်လှမ်းရာတွင်

Read More
သတင်း

ဘန်ကောက်တွင် ရဲအယောင်ဆောင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအား ငွေညစ်သူကိုဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ချာရွန်ကရုန်း ရပ်ကွက်ရှိ လူကြိုက်များသော ခရီးသွားစခန်း Asiatique the Riverfront တွင် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ အလုပ်ရှင်များထံမှ ငွေညှစ်ယူခဲ့သော ရဲအရာရှိအယောင်ဆောင် ထိုင်းလူမျိုးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ရဲအရာရှိ အယောင်ဆောင် ထားသူသည် ထိုဧရိယာရှိ စားသောက်ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား မကြာခဏ စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် လုပ်ငန်းရှင်များက ဝတ်ဖရာယာကရိုင် ရဲစခန်း အရာရှိများထံ တိုင်ကြားခဲ့သည်။ တိုင်ကြားသူများ၏ ထွက်ဆိုချက်အရ ရဲအရာရှိဟု ပြောဆိုနေသော ထိုင်းလူမျိုးတစ်ဦးသည် စားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများသို့ သွားရောက်ကာ မြန်မာ၊ ကမ္ဘောဒီးယား၊ နှင့် လာအိုနိုင်ငံမှ အလုပ်သမားများအား ငွေညစ်ခဲ့သည်။ အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၅,ဝဝဝ ခန့် တောင်းဆိုပြီး ငွေမပေးပါက ရဲစခန်းသို့ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊

Read More
သတင်း

“သမိုင်း ပျောက်ဆုံးခြင်း”

မြန်မာ့ အမွေအနှစ်များ ငလျင်၏ သားကောင်ဖြစ်ခဲ့ရ ။ ဧပြီ ၃ဝ ၊ Migrant Times ။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ကြောင့် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် သမိုင်းဝင် အထိမ်းအမှတ်များ ပြိုကျခဲ့သည်။ ထိုအထဲတွင် ကြီးမားသော ဗုဒ္ဓဆင်းတုတော်များ၊ ကောင်းကင်ကိုထိုးထွင်းမည့်ဟန် စေတီတော်များနှင့် အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်စိန် ဘဝတစ်လျှောက်လုံး ဆုတောင်းခဲ့သော ဘုရားစေတီတော်များ ပါဝင်ခဲ့သည်။ ရစ်(ချ်)တာ စကေး ၇.၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးမြို့ရှိ နဂါရုံစေတီတော် ပြိုကျခဲ့သည်။ မန္တလေးသည် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော်ဖြစ်ကာ လူပေါင်း ၃,၇ဝဝ ကျော် သေဆုံးခဲ့သည့် ဘေးအန္တရာယ်တွင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့သည်။ နဂါရုံဗိမာန်တော်ကို မြတ်စွာဘုရားက

Read More
သတင်း

ထိုင်းနိုင်ငံတွင် ငလျင် အရေးပေါ် မိုဘိုင်းဖုန်း သတိပေးစနစ် မေလတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံတွင် ငလျင်အန္တရာယ်အတွက် အရေးပေါ် မိုဘိုင်းဖုန်းသတိပေးစနစ်ကို မေလတွင်း စမ်းသပ်မှုပြုလုပ်မည်ဖြစ်ကြောင်း ဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)မှထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်အပြီးတွင် SMS မှတစ်ဆင့် အရေးပေါ်သတိပေးစနစ်ကို စမ်းသပ်မည်ဖြစ်ပြီး ဖုန်းများကို ပြင်ဆင်ထားရန် CIB မှတိုက်တွန်းသည်။ သတ်မှတ်ဧရိယာရှိ အသုံးပြုသူများထံ တိုတိုတုတ်တုတ် အပြန်အလှန် စာတိုပို့စနစ်ကို မိုဘိုင်းကွန်ရက်အော်ပရေတာများအား တစ်ပြိုင်နက် ပို့ခွင့်ပြုသော နည်းပညာ ဖြစ်သည့် ဆဲလ်ဘရော့ဒ်ကတ်စ် ဝန်ဆောင်မှုကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ iOS အသုံးပြုသူများအတွက် Settings အပိုင်းသို့သွား၍ General ကိုနှိပ်ကာ ထို့နောက် About ကိုနှိပ်ရန်လိုအပ်ပြီး Update တောင်းဆိုသည့် ပေါ့အပ် ပေါ်လာမည်ဖြစ်ကာ အသုံးပြုသူများအနေဖြင့် Agree ကိုနှိပ်ရမည်ဟု ဆိုသည်။ ထို့နောက် Settings သို့ပြန်သွား၍ Notifications

Read More
သတင်း

ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာ KTV ကိုရဲ၀င်ဖမ်း ဆေးပြားများ နှင့်လက်နက်တွေ့ရှိ

ထိုင်းနိုင်ငံ၊စမွတ်စခွန်ပြည်နယ် မဟာချိုင်မြို့ ထာဂျင်ဆိပ်ကမ်း အနီးရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အထူးသီးသန့် ၀န်ဆောင်မှုပေးနေသည့် Mahachai Entertainment Complex မဟာချိုင် ဘက်စုံဖျော်ဖြေရေး အဆောက်အအုံ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့ညနေပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးပြားများ နှင့်လက်နက်တွေ့ရှိခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စမွတ်စခွန် ပြည်နယ်ဝန်ကြီးချုပ် နရစ် နီရမာရာဝေါင်းသည် အလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သက်ဆိုင်ရာ အေဂျင်စီများမှ အရာရှိ ၂၀၀ ကျော်နှင့်အတူစစ်ဆေးခဲ့ ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ထိုနေရာသည် မြန်မာနိုင်ငံသားများ ငှားရမ်းထားသည့် KTV ဖျော်ဖြေရေးနေရာအဖြစ် လျှို့ဝှက်လုပ်ကိုင်နေသော ဂိုဒေါင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ အဆောက်အအုံအတွင်း ဘား၊ ကာရာအိုကေနှင့် မြန်မာနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသည့် စနူကာစားပွဲများ

Read More
သတင်း

ဘန်ကောက်ရှိ ပြိုကျအဆောက်အအုံတွင် သေဆုံးသူ ၆ဝ ဦးထိတိုးလာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိအဆောက်အအုံအပျက်အစီးများအောက်မှ ရုပ်အလောင်း ၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၆ဝ ဦးထိတိုးလာကြောင်း ထိုင်းသတင်းက ရေးသားသည်။ ရုပ်အလောင်းများကို ပြိုကျခဲ့သော စာရင်းစစ်ရုံး (SAO) အဆောက်အအုံ၏ မီးဘေးလွတ်ရာ လှေကားထစ် ဧရိယာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဧပြီလ ၂၆ ရက်နေ့အထိ တစ်လနီးပါးအကြာ ဆက်လက်ရှာဖွေနေကြသည်။ အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။ ဧပြီလ

Read More