နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Myanmar

သတင်း

ဘန်ကောက်တွင် ရဲအယောင်ဆောင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအား ငွေညစ်သူကိုဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ချာရွန်ကရုန်း ရပ်ကွက်ရှိ လူကြိုက်များသော ခရီးသွားစခန်း Asiatique the Riverfront တွင် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ အလုပ်ရှင်များထံမှ ငွေညှစ်ယူခဲ့သော ရဲအရာရှိအယောင်ဆောင် ထိုင်းလူမျိုးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ရဲအရာရှိ အယောင်ဆောင် ထားသူသည် ထိုဧရိယာရှိ စားသောက်ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား မကြာခဏ စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် လုပ်ငန်းရှင်များက ဝတ်ဖရာယာကရိုင် ရဲစခန်း အရာရှိများထံ တိုင်ကြားခဲ့သည်။ တိုင်ကြားသူများ၏ ထွက်ဆိုချက်အရ ရဲအရာရှိဟု ပြောဆိုနေသော ထိုင်းလူမျိုးတစ်ဦးသည် စားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများသို့ သွားရောက်ကာ မြန်မာ၊ ကမ္ဘောဒီးယား၊ နှင့် လာအိုနိုင်ငံမှ အလုပ်သမားများအား ငွေညစ်ခဲ့သည်။ အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၅,ဝဝဝ ခန့် တောင်းဆိုပြီး ငွေမပေးပါက ရဲစခန်းသို့ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊

Read More
သတင်း

“ သမိုင်း ပျောက်ဆုံးခြင်း”

မြန်မာ့ အမွေအနှစ်များ ငလျင်၏ သားကောင်ဖြစ်ခဲ့ရ ။ ဧပြီ ၃ဝ ၊ Migrant Times ။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ကြောင့် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် သမိုင်းဝင် အထိမ်းအမှတ်များ ပြိုကျခဲ့သည်။ ထိုအထဲတွင် ကြီးမားသော ဗုဒ္ဓဆင်းတုတော်များ၊ ကောင်းကင်ကိုထိုးထွင်းမည့်ဟန် စေတီတော်များနှင့် အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်စိန် ဘဝတစ်လျှောက်လုံး ဆုတောင်းခဲ့သော ဘုရားစေတီတော်များ ပါဝင်ခဲ့သည်။ ရစ်(ချ်)တာ စကေး ၇.၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးမြို့ရှိ နဂါရုံစေတီတော် ပြိုကျခဲ့သည်။ မန္တလေးသည် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော်ဖြစ်ကာ လူပေါင်း ၃,၇ဝဝ ကျော် သေဆုံးခဲ့သည့် ဘေးအန္တရာယ်တွင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့သည်။ နဂါရုံဗိမာန်တော်ကို မြတ်စွာဘုရားက

Read More
သတင်း

ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာ KTV ကိုရဲ၀င်ဖမ်း ဆေးပြားများ နှင့်လက်နက်တွေ့ရှိ

ထိုင်းနိုင်ငံ၊စမွတ်စခွန်ပြည်နယ် မဟာချိုင်မြို့ ထာဂျင်ဆိပ်ကမ်း အနီးရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အထူးသီးသန့် ၀န်ဆောင်မှုပေးနေသည့် Mahachai Entertainment Complex မဟာချိုင် ဘက်စုံဖျော်ဖြေရေး အဆောက်အအုံ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့ညနေပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးပြားများ နှင့်လက်နက်တွေ့ရှိခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စမွတ်စခွန် ပြည်နယ်ဝန်ကြီးချုပ် နရစ် နီရမာရာဝေါင်းသည် အလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သက်ဆိုင်ရာ အေဂျင်စီများမှ အရာရှိ ၂၀၀ ကျော်နှင့်အတူစစ်ဆေးခဲ့ ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ထိုနေရာသည် မြန်မာနိုင်ငံသားများ ငှားရမ်းထားသည့် KTV ဖျော်ဖြေရေးနေရာအဖြစ် လျှို့ဝှက်လုပ်ကိုင်နေသော ဂိုဒေါင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ အဆောက်အအုံအတွင်း ဘား၊ ကာရာအိုကေနှင့် မြန်မာနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသည့် စနူကာစားပွဲများ

Read More
သတင်း

ဘန်ကောက်ရှိ ပြိုကျအဆောက်အအုံတွင် သေဆုံးသူ ၆ဝ ဦးထိတိုးလာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိအဆောက်အအုံအပျက်အစီးများအောက်မှ ရုပ်အလောင်း ၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၆ဝ ဦးထိတိုးလာကြောင်း ထိုင်းသတင်းက ရေးသားသည်။ ရုပ်အလောင်းများကို ပြိုကျခဲ့သော စာရင်းစစ်ရုံး (SAO) အဆောက်အအုံ၏ မီးဘေးလွတ်ရာ လှေကားထစ် ဧရိယာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဧပြီလ ၂၆ ရက်နေ့အထိ တစ်လနီးပါးအကြာ ဆက်လက်ရှာဖွေနေကြသည်။ အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။ ဧပြီလ

Read More
သတင်း

တရားမဝင် မြန်မာ ၁၉ ဦး ပါသည့် ပစ်ကပ်ကားကို မြစ်ထဲထိုးကျစဉ် ထိုင်းရဲဖမ်းမိ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်ရှိ အဝေးပြေးလမ်းမတွင် ပစ်ကပ်ကားတစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က လိုက်လံဖမ်းစီးစဉ် ကွေး (Kwai Yai) မြစ်အတွင်းထိုးကျပြီး တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦး ကိုဖမ်းမိခဲ့သည်။ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲများသည် တရားမဝင် ဝင်ရောက်လာသူများ တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို မုန်းခရိုင်၊ လပ်ယားမြို့နယ်ခွဲ၊ ဘန်လပ်ယာလမ်းဆုံမှစ၍ ကွေးမြစ်ကိုဖြတ်ပြီး နောင်ဘွားတံတားအထိ စိတ်လှုပ်ရှားဖွယ် လိုက်လံဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။ ပစ်ကပ်ကား ယာဉ်မောင်းသည် မြစ်ကမ်းပါးတွင် ရေဆေးနေသည့် ကားတစ်စီးကို ဝင်တိုက်မိကာ သူ၏ကားလည်း မြစ်ထဲသို့ ထိုးကျခဲ့ကြောင်း သိရသည်။ ယာဉ်မောင်းသည် ကားပေါ်မှခုန်ချ၍ မြစ်ကိုကူးကာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ပစ်ကပ်ကား ပေါ်ရှိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးအား

Read More
သတင်း

ဘန်ကောက်ရှိ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသည့် မြန်မာတစ်ဦးကို သင်္ဂြိုဟ်

မတ်လ ၂၈ ရက်နေ့က ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ စာရင်စစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးကို ထပ်မံသင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့မှသိရသည်။ သေဆုံးခဲ့သည့် မြန်မာအလုပ်သမား မောင်နိုင်ထက်လင်း၏ ရုပ်အလောင်းကို ဧပြီလ ၂၄ ရက်နေ့တွင် ချက်တူချက်ရှိ WAT SMAN NARI ဘုန်းကြီးကျောင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း WAG Myanmar အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။ WAG Myanmar အဖွဲ့က ဧပြီလ ၂၄ ရက်နေ့အထိ သင်္ဂြိုလ်ပေးခဲ့သည့် မြန်မာအလုပ်သမား ၅ ဦးရှိပြီဖြစ်ကြောင်း သူကဆက်ပြောသည်။ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများ အပါအဝင်

Read More
သတင်း

တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းတက္ကသိုလ် ၃ ခု ငြင်းဆို

ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လျှို့ဝှက်စွာ အလုပ်လုပ်နေသော တရားမဝင်တရုတ်အလုပ်သမားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ် သုံးခုက ငြင်းဆိုလိုက်သည်။ “ รู้ทันจีน “ (တရုတ်ကို သိရှိနားလည်ခြင်း) ဖေ့စ်ဘွတ် သတင်းစာမျက်နှာက ဧပြီ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်အချို့သည် ကျောင်းသားအဖြစ် အမှန်တကယ် စာရင်းသွင်းထားခြင်းမရှိသော တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးနေကြောင်း ရေးသားခဲ့သည်။ တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာများ ထုတ်ပေးပြီး ထိုင်းနိုင်ငံတွင် နေထိုင်၍ တရားမဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိစေခဲ့သည်ဟု စွပ်စွဲခဲ့သည်။ “ รู้ทันจีน” စာမျက်နှာက ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ရှိ Phayap University ၊ North-Chiang Mai University နှင့် လမ်ဖွန်းရှိ Mahachulalongkornrajavidyalaya University သုံးခုက

Read More
သတင်း

ထိုင်းတွင် အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၉ဝ ကျော် အလုပ်ပြန်ရ

ထိုင်းနိုင်ငံ၊လယောင်မြို့ရှိ သံရုံသစ်ဖွင့်ရန် စက်ရုံဆောက်လုပ်နေသော မြန်မာအလုပ်သမား ၉ဝ ကျော်သည် ဧပြီလ ၈ ရက်နေ့တွင် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခံခဲ့ရသည်။ ယင်းအလုပ်သမားများသည် နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) ဖြင့်ထိုင်းနိုင်ငံသို့ရောက်လာသူများ၊ CI နှင့် PJ ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ၉၂ ဦးဖြစ်သည်။ အလုပ်သမားများသည် အခက်အခဲများစွာကြုံတွေ့နေသည့်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံခဲ့ကြသည်။ “ အလုပ်သမားတွေနဲ့ အတူ စက်ရုံသူဌေးနဲ့ သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ရာမှာ အလုပ်သမားတွေရဲ့ အခွင့်ရေးတွေပြန်လည်ရရှိခဲ့ပါတယ်” ဟု WAG အလုပ်သမားမဟာမိတ်အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းကပြောသည်။ WAG အဖွဲ့သားများသည် ဌင်းစက်ရုံသူဌေးနှင့် ဧပြီလ ၂၄ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများအလုပ် ပြန်လည်ရရှိခဲ့ကာ စက်ရုံတွင်းထိခိုက်ဒဏ်ရာ ရသူများအား နစ်နာကြေးရရှိ ရန် အမြန်ဆောင်ရွက်ပေးသွားမည်ဟု WAG ကထုတ်ပြန်သည်။ ထိုင်းနိုင်ငံသို့

Read More
သတင်း

ဘန်ကောက်ရှိ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသည့် မြန်မာနှစ်ဦးကို သင်္ဂြိုဟ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ စာရင်စစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား နှစ်ဦးကို သင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့မှသိရသည်။ မတ်လ ၂၇ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် စာရင်စစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများ အပါအဝင် ၁ဝ၃ ဦးပျောက်ဆုံးခဲ့ကြောင်း ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမား ကိုသိန်းစုနှင့် ကိုသန့်ဇော်ဦးတို့၏ ရုပ်အလောင်းများကို ဧပြီလ ၂၂ ရက်နေ့၌ မိသားစုဝင်များနှင့်အတူ ပတိုနန်းမြို့ရှိ ဘုန်းကြီးကျောင်း၌ သင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့က ထုတ်ပြန်သည်။ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ ကျန်ရှိမိသားစုဝင်များ လျော်ကြေးရရှိရေးအတွက် အခက်အခဲအချို့ရှိနေကြောင်း WAG Myanmar အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။ “

Read More
သတင်း

ချင်းမိုင်ရှိ တရုတ်စားသောက်ဆိုင်တွင် မြန်မာ အလုပ်သမား ၇ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၇ ဦးကို ဧပြီလ ၁၈ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့မှထုတ်ပြန်သည်။ အလုပ်သမား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး စားသောက်ဆိုင်၏ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များအား ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ဌင်းဆိုင်သည် ထိုင်းနိုင်ငံသားများကို သူဌေးအမည်ခံကာ အသုံးပြုခြင်း ရှိမရှိကိုလည်း စစ်ဆေးသွားမည်ဟုဆိုသည်။ အဆိုပါဆိုင်သည် တရုတ်ခရီးသွားများကိုသာ ဦးစားပေးဝန်ဆောင်မှုပေးပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ အသုံးပြုနေသည်ဟု သတင်းရရှိခြင်းကြောင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးရာတွင် မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦးကို တွေ့ရှိရပြီး အလုပ်လုပ်ခွင့်လိုင်စင်များမှာ တရားဝင်မဟုတ်ကြောင်း၊ ဆိုင်လိုင်စင်နှင့် အခြားလိုင်စင်များကို ထိုင်းနိုင်ငံသားအမည်ဖြင့် လျှောက်ထားထားသော်လည်း

Read More