September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Myanmar

သတင်း

ဖူးခက်တွင် ဘတ် ၁ သန်း ခိုးယူသည့် မြန်မာအလုပ်သမားကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့နယ်တွင် အလုပ်ရှင်ထံမှ ဘတ် ၁.၁ သန်း ခိုးယူခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးအားဖမ်းမိခဲ့ကြောင်း ဖူးခက်ရဲတပ်ဖွဲ့ထံမှသိရသည်။ ဖူးခက်မြို့၊တလေ(Cherng Talay)ရပ်ကွက်တွင် မေလ (၁) ရက်မှ (၇) ရက်နေ့အထိ မှုခင်းနှိမ်နင်းရေး (၇) ရက်တာလှုပ်ရှားမှုအတွင်း အသက် ၂၃ နှစ်အရွယ် ညီဘိုသက်ဟု အမည်ရသည့် မြန်မာအလုပ်သမားအားဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။ သံသယရှိသူအား တလေရှိ အာသွန်း အိမ်ရာစီမံကိန်း အဆောက်အဦး ၉၂ ရှေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲများ၏ အဆိုအရ ညီဘိုသက်ထံမှ မော်တော်ဆိုင်ကယ်၊ ရာဇဝတ်မှု ကျူးလွန်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစား၊ အနက်ရောင် ပခုံးလွယ်အိတ်၊ ဦးထုပ်၊ ဘတ် ၁,၉၈ဝ အပါအဝင် သက်သေခံပစ္စည်း ခုနစ်ခု သိမ်းဆည်းခဲ့သည်။ ထို့ပြင်

Read More
သတင်း

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ပို့ဆောင်သည့် မြန်မာလင်မယားကို ထိုင်းရဲဖမ်းဆီး

ခွန်သောမတ်စ် မေ ၇ ။ Migrant Times ။ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ ဆုန်ခလာမြို့တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ဌင်းတို့အား ကားနှစ်စီးဖြင့် ပို့ဆောင်သည့် မြန်မာလင်မယားကို အမှတ် ၄ဝ၈ အဝေးပြေးလမ်းမကြီး စစ်ဆေးရေးဂိတ်တွင် မေလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။ မြန်မာလင်မယားသည် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်အလုပ်သမား(၁၂)ဦးကို စူရသ်ထနီ (Surat Thani) ကားဂိတ်မှ လက်ခံခဲ့ကြောင်း ၊ ဆုန်ခလာ ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုသို့ ခြောက်ဦးစီခွဲကာ ကားနှစ်စီးဖြင့် ပို့ဆောင်ရန်အတွက် တစ်ဦးလျှင် ပို့ဆောင်ခ ဘတ်ငွေ ၁၅ဝဝ ရရှိခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း

Read More
သတင်း

ထိုင်းအမျိုးသမီး လိုက်နှောက်ယှက်သည့် မြန်မာကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက်၌လူသိများသည့် ထိုင်းအမျိုးသမီး (social media influencer) တစ်ဦးအား နောက်ယောင်ခံလိုက်သည့် မြန်မာအမျိုးသားတစ်ဦးကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှသိရသည်။ အသက် ၂၈ နှစ်အရွယ် လူမှုကွန်ရက်စတား လင်ရာဒါ သည် မြန်မာအမျိုးသားတစ်ဦးက နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းခံရမှုနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့အနီးရှိ ဘန်ခွန်ထီရန် ရဲစခန်းအားတိုင်ကြားခဲ့သည်။ သို့သော်လည်း ရဲစခန်းက သူမအား အတွေးများနေခြင်းဖြစ်နိုင်ကြောင်း၊ ဘာမှမဖြစ်လာသေးကြောင်းဖြင့် တိုင်းကြားချက်အား ငြင်းပယ်ခဲ့ကြောင်း လင်ရာဒါက သူမ၏ Sanella Linvar လူမှုကွန်ရက်အကောင့်တွင် ဖော်ပြခဲ့သည်။ မြန်မာအမျိုးသားတစ်ဦးက သုံးရက်တာ နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ကာ တစ်ယောက်တည်း ခရီးသွားရန် ကြောက်ရွံ့နေရကြောင်း ပြောကြားခဲ့သည်။ လင်ရာဒါ၏ လူမှုကွန်ရက်တွင်ဖော်ပြချက်အရ မြန်မာအမျိုးသားတစ်ဦးသည် Instagram မှတဆင့်

Read More
သတင်း

ဂျပန်သွားမည့် လုပ်သား ၃ဝ ခန့် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပထွက်ခွင့်မရ

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံထွက်ခွာမည့်အလုပ်သမား အယောက် ၃ဝ ခန့်သည် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)မရရှိဘဲ ပြည်ပထွက်ခွင့် အခက်အခဲဖြစ်နေကြသည်။ ပြည်ပမှ ခွင့်ပြန်နှင့် ပြည်ပထွက်ခွာမည့် ကျွမ်းကျင်လုပ်သားများသည် OWIC ကတ်လိုအပ်ပြီး ယင်းအနက် အလုပ်သမား ၁၉၂ ဦးအား OWIC ကတ်အတွက် စာရွက်စာတမ်းလိုအပ်ချက်ရှိကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မေလ ၅ ရက်နေ့တွင် စာရင်းထုတ်ပြန်သည်။ ထိုစာရင်းတွင် ဂျပန်နိုင်ငံထွက်ခွာမည့်သူ ၂၈ ဦးသည် အသက်ကန့်သတ်ချက်တွင် အကျုံးဝင်သည့်အတွက် OWIC ကတ်အတွက် ပြန်လည်တင်ပြရန် အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။ OWIC ကတ်လျှောက်ထားသည့် ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၉၂ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊

Read More
သတင်း

အလုပ်သမား ၁ဝဝ ကျော် OWIC ကတ်အတွက် အထောက်အထားမပြည့်စုံဟုစစ်ကောင်စီထုတ်ပြန်

ပြည်ပနိုင်ငံမှ ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သားများက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)လျှောက်ထားကြပြီး ယင်းအနက် လုပ်သား ၁ဝဝ ကျော်သည် အထောက်အထားမပြည့်စုံကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ အထောက်အထားမပြည့်စုံသူများသည် OWIC ကတ်အတွက် စာရွက်စာတမ်းပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၁ဝ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်နှင့်အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စသည့် စာရွက်စာတမ်းများလိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ ရက်မှစ၍ ထိုင်းနိုင်ငံသို့ထွက်ခွာမည့် အသက်

Read More
သတင်း

ဘန်ကောက်ရှိ ငလျင်ကြောင့် ပြိုကျအဆောက်အအုံတွင် ပျောက်ဆုံးသူ ၆ ဦးထပ်တိုး

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိ စာရင်းစစ်ရုံး အဆောက်အအုံတွင် ပျောက်ဆုံးသူ ၁ဝ၃ ဦးရှိခဲ့ရာမှ ၆ ဦးထပ်တိုးကာ စုစုပေါင်း ၁ဝ၉ ဦးရှိကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ မေလ ၅ ရက်နေ့အထိ တစ်လကျော်အကြာ ဆက်လက်ရှာဖွေနေကြသည်။ အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။ ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့၏ မေလ ၃ ရက်နေ့

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ စက်ရုံတစ်ရုံတွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသော မြန်မာ အလုပ်သမား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်နှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှသိရသည်။ ဌင်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ၏ အကူအညီတောင်းမှုအရ ပါကျင်ပူရီ ဆဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန)တွင် တိုင်ကြားပေးခဲ့ရာမှ နစ်နာကြေးနှင့်စာရွက်စာတမ်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ MHAC မဟာမိတ်အဖွဲ့ထုတ်ပြတ်ချက်အရ တိုင်ကြားခဲ့သည့် အလုပ်သမား (၇၃) ဦးအနက် အလုပ်သမား (၄၁) ဦးသည် မိမိသဘောဆန္ဒနှင့် အလုပ်ထွက်ခြင်းဖြစ်ပြီး (၃၂)ဦးမှာ စက်ရုံသူဌေးက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအလုပ်သမား (၇၃) ဦးတွင် စာရွက်စာတမ်းမရသော အုပ်စုနှင့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော အုပ်စု နှစ်ခုခွဲပြီး ထိုင်းအစိုးရ ဆဝါဒီကန်ရုံးတွင်တိုင်ကြားပေးခဲ့ပြီး အကြောင်းမဲ့

Read More
သတင်း

ချင်းမိုင်တွင် မြန်မာဆိုင်ရှင်နှင့် မြန်မာလုပ်သားငါးဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် မြန်မာဆိုင်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမားငါးဦးကို အလုပ်ပါမစ်မရှိသည့်အတွက်ဖမ်းဆီးလိုက် ကြောင်းချင်းမိုင်လူ၀င်မူကြီးကြပ်ရေးဌာန ကထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့တွင်ရဲတပ်ဖွဲ့နှင့်ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်မြို့နယ်၊ချင်းဖူရပ်ကွက်ရှိအဆောက်အအုံများကို နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်နေသည်ဟူသော သတင်းများ လက်ခံရရှိခြင်းကြောင့်စစ်ဆေးခဲ့ ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ စစ်ဆေးမှုရလဒ်အနေဖြင့် မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့်မြန်မာအလုပ်သမား၅ ဦးအားနိုင်ငံခြားသားများ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ ကြောင်းသိရသည်။ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဒုတိယပြင်ဆင်ချက် အပိုဒ် ၈ နှင့် ၉ တို့အား ချိုးဖောက်ရာရောက်သည်ဟုလည်းဆိုသည်။ သံသယရှိသူ မြန်မာနိုင်ငံသား ၂ ဦးမှ ၅ဦးခန့်သည် ဆိုင်တစ်ခုတွင် စားပွဲထိုးများနှင့် မီးဖိုခန်းလက်ထောက်များအဖြစ် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားသည်။ ပထမသံသယရှိသူမှာ ၎င်းတို့၏အလုပ်ရှင်ဖြစ်ပြီး

Read More
သတင်း

ချင်းမိုင်မြို့တွင် အလုပ်ပါမစ်မရှိသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာတစ်ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ကဖမ်းဆီးလိုက်သည်။ မေလ ၁ ရက်နေ့၊ နံနက်တွင် ချင်းမိုင်ခရိုင် မြို့နယ်ခွဲများ၌ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိချက်အရ စီးပွားရေးလုပ်ငန်းများနှင့်ဆိုင်များ ကို စစ်ဆေးခဲ့သည်။ စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးအား အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြောင်းတွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ ၂ဝ၁၇ ခုနှစ် နိုင်ငံခြားသားများ အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အမိန့်နှင့် ၂ဝ၁၈ ခုနှစ် ပြင်ဆင်ချက် (အမှတ် ၂) အပိုဒ် ၁၃ အရ ပြစ်မှုမြောက်သဖြင့် ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ချက်ကဖော်ပြသည်။ ထိုအမျိုးသားသည် ၂ဝ၂၅ ခုနှစ် ဧပြီလအစောပိုင်းမှစ၍ စားသောက်ဆိုင်တွင် ပန်းကန်ဆေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို လျှောက်ထားခြင်းမရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟုသိရသည်။

Read More
သတင်း

ဘန်ကောက်တွင် ရဲအယောင်ဆောင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအား ငွေညစ်သူကိုဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ချာရွန်ကရုန်း ရပ်ကွက်ရှိ လူကြိုက်များသော ခရီးသွားစခန်း Asiatique the Riverfront တွင် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ အလုပ်ရှင်များထံမှ ငွေညှစ်ယူခဲ့သော ရဲအရာရှိအယောင်ဆောင် ထိုင်းလူမျိုးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ရဲအရာရှိ အယောင်ဆောင် ထားသူသည် ထိုဧရိယာရှိ စားသောက်ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား မကြာခဏ စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် လုပ်ငန်းရှင်များက ဝတ်ဖရာယာကရိုင် ရဲစခန်း အရာရှိများထံ တိုင်ကြားခဲ့သည်။ တိုင်ကြားသူများ၏ ထွက်ဆိုချက်အရ ရဲအရာရှိဟု ပြောဆိုနေသော ထိုင်းလူမျိုးတစ်ဦးသည် စားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများသို့ သွားရောက်ကာ မြန်မာ၊ ကမ္ဘောဒီးယား၊ နှင့် လာအိုနိုင်ငံမှ အလုပ်သမားများအား ငွေညစ်ခဲ့သည်။ အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၅,ဝဝဝ ခန့် တောင်းဆိုပြီး ငွေမပေးပါက ရဲစခန်းသို့ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊

Read More