အွန်လိုင်းက ထိုင်းစကားသင်သည့် မြန်မာဆရာမကို ဖမ်းဆီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်စခွန်မြို့နယ်တွင် အွန်လိုင်းမှ ထိုင်းဘာသာစကားသင်နေသည့် မြန်မာဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စမွတ်စခွန် လူဝင်မှုကြီးကြပ်ရေး ဌာန မှထုတ်ပြန်သည်။ နိုင်ငံခြားသားတစ်ဦးက Facebook နှင့် Zoom မှတဆင့် အွန်လိုင်းတွင် ထိုင်းဘာသာ သင်ကြားနေကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး စစ်ဆေး ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ နိုင်ငံခြားသူ (မြန်မာဆရာမ) ၏ Facebook စာမျက်နှာတွင် နောက်လိုက် (followers) ၁၂၇,ဝဝဝ ရှိကြောင်း သိရသည်။ ၎င်းဆရာမသည် Zoom အွန်လိုင်းမှ တဆင့် အဖွဲ့လိုက် ထိုင်းဘာသာစကား သင်ပေးနေသူဖြစ်ပြီး စုစုပေါင်းနှစ်လအကြာ ၈ နာရီစာ သင်တန်းအတွက် သင်တန်းကြေး တစ်ဦးလျှင် ဘတ် ၁,၅ဝဝ ဖြင့် သင်ကြားခဲ့ကြောင်း သိရသည်။ စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က သူမ၏