ဂျပန်သွားမည့် လုပ်သား ၃ဝ ခန့် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပထွက်ခွင့်မရ
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံထွက်ခွာမည့်အလုပ်သမား အယောက် ၃ဝ ခန့်သည် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)မရရှိဘဲ ပြည်ပထွက်ခွင့် အခက်အခဲဖြစ်နေကြသည်။ ပြည်ပမှ ခွင့်ပြန်နှင့် ပြည်ပထွက်ခွာမည့် ကျွမ်းကျင်လုပ်သားများသည် OWIC ကတ်လိုအပ်ပြီး ယင်းအနက် အလုပ်သမား ၁၉၂ ဦးအား OWIC ကတ်အတွက် စာရွက်စာတမ်းလိုအပ်ချက်ရှိကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မေလ ၅ ရက်နေ့တွင် စာရင်းထုတ်ပြန်သည်။ ထိုစာရင်းတွင် ဂျပန်နိုင်ငံထွက်ခွာမည့်သူ ၂၈ ဦးသည် အသက်ကန့်သတ်ချက်တွင် အကျုံးဝင်သည့်အတွက် OWIC ကတ်အတွက် ပြန်လည်တင်ပြရန် အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။ OWIC ကတ်လျှောက်ထားသည့် ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၉၂ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊