ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာ KTV ကိုရဲ၀င်ဖမ်း ဆေးပြားများ နှင့်လက်နက်တွေ့ရှိ
ထိုင်းနိုင်ငံ၊စမွတ်စခွန်ပြည်နယ် မဟာချိုင်မြို့ ထာဂျင်ဆိပ်ကမ်း အနီးရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အထူးသီးသန့် ၀န်ဆောင်မှုပေးနေသည့် Mahachai Entertainment Complex မဟာချိုင် ဘက်စုံဖျော်ဖြေရေး အဆောက်အအုံ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့ညနေပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးပြားများ နှင့်လက်နက်တွေ့ရှိခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စမွတ်စခွန် ပြည်နယ်ဝန်ကြီးချုပ် နရစ် နီရမာရာဝေါင်းသည် အလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သက်ဆိုင်ရာ အေဂျင်စီများမှ အရာရှိ ၂၀၀ ကျော်နှင့်အတူစစ်ဆေးခဲ့ ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ထိုနေရာသည် မြန်မာနိုင်ငံသားများ ငှားရမ်းထားသည့် KTV ဖျော်ဖြေရေးနေရာအဖြစ် လျှို့ဝှက်လုပ်ကိုင်နေသော ဂိုဒေါင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ အဆောက်အအုံအတွင်း ဘား၊ ကာရာအိုကေနှင့် မြန်မာနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသည့် စနူကာစားပွဲများ
