ဘန်ကောက်ပြိုကျ အဆောက်အအုံတွင် ရုပ်အလောင်းရှာဖွေမှု ပြီးဆုံး
အပျက်အစီးများအတွင်း တွေ့ရှိသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စစ်ဆေးမည် မေ ၁ဝ ၊ Migrants Time ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူရေး လုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က မေလ ၁ဝ ရက်နေ့တွင် ကြေညာသည်။ အဆိုပါအဆောက်အအုံ ပြိုကျမှုသည် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးရုံး ညွှန်ကြားရေးမှူး စုရိယာချိုင်းက မြေအောက်ထပ်အောက်ရှိ ဓာတ်လှေကား လမ်းကြောင်းများ အပါအဝင် နောက်ဆုံးကျန်ရှိသည့် နေရာများအားလုံးသို့ ရောက်ရှိစစ်ဆေးနိုင်ခဲ့ပြီး ဓာတ်လှေကား
