September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thai

သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံ အောက်မှ မြန်မာအလုပ်သမား၏ ရွှေများ ပြန်လည်ရရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ချာတူချတ်ခ်မြို့နယ်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံ ဇုန် B အောက်မှ မြန်မာအမျိုးသမီးအလုပ်သမား၏ ရွှေဆွဲကြိုးများနှင့် လက်စွပ်များ ပြန်လည်ရရှိခဲ့ကြောင်း Ruamkatanyu ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှသိရသည်။ ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး လုပ်သားများသည် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး ဇုန် B အဆောက်အအုံမှ အပျက်အစီးများကို ရှင်းလင်းနေစဉ် ရွှေထည်များကို မေလ ၉ ရက်နေ့တွင်တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ ပျောက်ဆုံးသွားသော ပစ္စည်းများကို အပ်နှံခဲ့သည်။ ပြန်လည်ရရှိသော ပစ္စည်းများတွင် ရွှေလက်စွပ် ၄ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ လက်ကောက် ၁ ကွင်း၊ ပုလဲဆွဲသီး ၁ ခု၊ နှင့် ရွှေငါးဆွဲသီး ၁ ခု တို့ပါဝင်ပြီး စုစုပေါင်း

Read More
သတင်း

ထိုင်းနယ်စပ်ကို လမ်းလျှောက်ဝင်သည့် မြန်မာနှစ်ဦး ထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အတွင်းသို့ လမ်းလျှောက်ဝင်လာသည့် မြန်မာအမျိုးသား နှစ်ဦးအား မေလ ၈ ရက်နေ့ည၌ စစ်ဆေးရေးဂိတ်တွင် ထိန်းသိမ်းခဲ့ကြောင်း ထိုင်းစစ်ဆင်ရေးအထူးတပ်ဖွဲ့ (၃၅)မှထုတ်ပြန်သည်။ ဌင်းအမျိုးသား နှစ်ဦးသည် တာ့ခ်ပြည်နယ်၊ မေရမတ်ခရိုင်၊ ခါနယ်ဂျူး မြို့နယ်၊ ရာန်ဖလာ ကျေးရွာ အနီး ၁၁၇၅ လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။ စစ်ဆေးစဉ်အတွင်း မြန်မာအမျိုးသား နှစ်ဦးသည် မည်သည့်အထောက်အထားမှ မပါသည့်အတွက် ဥပဒေအရ ဆက်လက်အရေးယူရန် မေရမတ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အလားတူ မေလ ၈ ရက်နေ့ည ၈:၃၀ နာရီခန့်တွင် ကလေးငယ်ပါဝင်သည့် မြန်မာအလုပ်သမား ၁၅ ဦးသည် တက်ခ်ပြည်နယ်၊ မေရမတ်ခရိုင်၊ မေဂျာရောမြို့နယ်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်ခဲ့သည့်အတွက် ဖမ်းဆီးကာ မေရမတ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း

Read More
သတင်း

တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အတွင်း တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းစစ်တပ်(ရေဂျာ ၃၅၀၁)က ယနေ့ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ယမန်နေ့ မေလ ၈ ရက်နေ့ ည ၈:၃၀ နာရီခန့်တွင် မြန်မာအလုပ်သမားများသည် တက်ခ်ခရိုင်၊ မေရမတ်၊ မေဂျာရောမြို့နယ်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်မည့် သတင်းကြိုတင်ရသည့်အတွက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။ သတင်းအရ စစ်ဆင်ရေးအဖွဲ့သည် စောင့်ကြည့်ခဲ့ပြီး နယ်စပ်မြစ်ကမ်းပါးမှ တက်လာသော ခရီးဆောင်အိတ်များနှင့် မြန်မာနိုင်ငံသား ၁၅ဦး (အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၀ ဦး)ကို ဖမ်းမိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၁၅ ဦးအား မေရမတ် ရဲစခန်းမှ ရဲအရာရှိများထံသို့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ပို့ဆောင်ခဲ့ကြောင်း

Read More
သတင်း

ထိုင်းလူငယ်ကို ပစ်သတ်မှုကြောင့် မြန်မာလူငယ်ကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နယ်နိမတ်အတွင်း ထိုင်းလူငယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့မှုကြောင်း မြန်မာလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်း ချလ်နယ် (၇) အွန်လိုင်း သတင်းစာမျက်နှာတွင် ဖော်ပြသည်။ ပြီးခဲ့သည့် မေလ ၅ ရက်နေ့၊ တနင်္လာနေ့ ညပိုင်း၌ ဘန်ကောက်မြို့၊ စေနာနီဝတ်ကျေးရွာစီမံကိန်း (၂)၊ ဆွယ် (၂ဝ၈) ၊ ပရာဆက်မာနူကစ် (၂၇) တွင် အသက် ၁၉ နှစ်အရွယ်ရှိ ထိုင်းလူငယ် ၏ ဦးခေါင်းကို အသက် ၁၆ နှစ်အရွယ် မြန်မာလူငယ်က သေနတ်ဖြင့်ပစ်သတ်မှုကို ရဲတပ်ဖွဲ့က စုံးစမ်းကာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူသည် ထိုင်းနိုင်ငံတွင် မွေးဖွားသည့် မြန်မာနိုင်ငံသားဟုသတင်းကဖော်ပြပြီး ထိုင်း ၁ဝနှစ်ခံ ကဒ်ဖြင့် နေထိုင်ခွင့်ရထားသူဖြစ်ကြောင်း၊ ၁ဝ နှစ်တစ်ကြိမ်သက်တမ်းတိုးရသော လက်မှတ် အမျိုးအစားဖြစ်ကြောင်း ထိုင်းရဲမှူးချုပ်

Read More
သတင်း

ဖူးခက် နိုင်ယန်ကမ်းခြေအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲထားသူ ၁၅ ဦး စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့ နိုင်ယန်ကမ်းခြေအနီးတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးစီမံချက်အရရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လူ ၁၅ ဦးတွင် တရားမဝင် မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ကို မေလ ၈ ရက်နေ့ညက တွေ့ရှိကြောင်း သလန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ကထုတ်ပြန်သည်။ ဖူးခက်လေဆိပ်တောင်ဘက်ရှိ နိုင်ယန်ကမ်းခြေသို့သွားရာလမ်းတွင် ပြီးခဲ့သည့် မေလ ၆ ရက်နေ့ ည ၇ နာရီခွဲ မှ ၉ နာရီခွဲ အထိ နှစ်နာရီကြာ စစ်ဆေးရေးဂိတ်ချပြီး သလန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါး နှိမ်နင်းရေးဆောင်ရွက်ခဲ့သည်။ ထိုစစ်ဆေးရေးဂိတ်မှ မူးယစ်ဆေးဝါသုံးစွဲနိုင်သည့် သံသယရှိသူ လူပေါင်း ၁၆၀ ကိုဆီးစစ်ဆေးမှုများ ပြုလုပ်ရန် ရွေးချယ်ခဲ့ရာ ၁၅ ဦးသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲထားသူ ၁၅ ဦးအနက် ၁၄ ဦးသည်

Read More
သတင်း

တာချီလိတ်တွင် ပုန်းအောင်းနေသည့် ထိုင်းမူးယစ်ဝရမ်းပြေး ၄ ဦးကို ဖမ်းဆီးပြီး လွှဲပြောင်း

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးမှုဖြင့်ထွက်ပြေးတိန်းရှောင်ပြီး တာချီလိတ်မြို့တွင် ပုန်းအောင်းနေသည့် ထိုင်းနိုင်ငံသား ဝရမ်းပြေး ၄ ဦးကို ဖမ်းဆီးကာလွှဲပြောင်းလိုက်ကြောင်း တာချီလိတ်မြို့လူဝင်မှုကြီးကြပ်ရေးဌာနမှသိရသည်။ ထိုင်းအမျိုးသား ၃ ဦးနှင့် ထိုင်းအမျိုးသမီး ၁ ဦးတို့သည် မူးယစ်ဆေးဝါးမှုအတွက် ထိုင်းနိုင်ငံဘက်မှဝရမ်းထုတ်ထားသူများဖြစ်သည်။ ထိုလေးဦးအား မေလ ၆ ရက်နေ့ နေ့လယ်ပိုင်း၌ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် တာချီလိတ်လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာအဖွဲ့များက ချင်းရိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးအရာရှိများထံ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မဲဆိုင်မြို့နယ်ရှိ အာဏာပိုင်အဖွဲ့အစည်းများအကြား ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတစ်ခုက ရေးသားသည်။ ထိုင်းနိုင်ငံမှအလိုရှိသူလေး ဦးကိုစစ်ဆေးချက်အရ မစ္စတာ ဆွမ်ယော့(စ်)နှင့် မစ္စ ပက်ချာရာပွန်တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ချင်းရိုင်တရားရုံးမှ ထုတ်ပြန်ခဲ့သော မက်သာဖီတမင်း

Read More
သတင်း

ဖူးခက်တွင် ဘတ် ၁ သန်း ခိုးယူသည့် မြန်မာအလုပ်သမားကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့နယ်တွင် အလုပ်ရှင်ထံမှ ဘတ် ၁.၁ သန်း ခိုးယူခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးအားဖမ်းမိခဲ့ကြောင်း ဖူးခက်ရဲတပ်ဖွဲ့ထံမှသိရသည်။ ဖူးခက်မြို့၊တလေ(Cherng Talay)ရပ်ကွက်တွင် မေလ (၁) ရက်မှ (၇) ရက်နေ့အထိ မှုခင်းနှိမ်နင်းရေး (၇) ရက်တာလှုပ်ရှားမှုအတွင်း အသက် ၂၃ နှစ်အရွယ် ညီဘိုသက်ဟု အမည်ရသည့် မြန်မာအလုပ်သမားအားဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။ သံသယရှိသူအား တလေရှိ အာသွန်း အိမ်ရာစီမံကိန်း အဆောက်အဦး ၉၂ ရှေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲများ၏ အဆိုအရ ညီဘိုသက်ထံမှ မော်တော်ဆိုင်ကယ်၊ ရာဇဝတ်မှု ကျူးလွန်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစား၊ အနက်ရောင် ပခုံးလွယ်အိတ်၊ ဦးထုပ်၊ ဘတ် ၁,၉၈ဝ အပါအဝင် သက်သေခံပစ္စည်း ခုနစ်ခု သိမ်းဆည်းခဲ့သည်။ ထို့ပြင်

Read More
သတင်း

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ပို့ဆောင်သည့် မြန်မာလင်မယားကို ထိုင်းရဲဖမ်းဆီး

ခွန်သောမတ်စ် မေ ၇ ။ Migrant Times ။ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ ဆုန်ခလာမြို့တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ဌင်းတို့အား ကားနှစ်စီးဖြင့် ပို့ဆောင်သည့် မြန်မာလင်မယားကို အမှတ် ၄ဝ၈ အဝေးပြေးလမ်းမကြီး စစ်ဆေးရေးဂိတ်တွင် မေလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။ မြန်မာလင်မယားသည် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်အလုပ်သမား(၁၂)ဦးကို စူရသ်ထနီ (Surat Thani) ကားဂိတ်မှ လက်ခံခဲ့ကြောင်း ၊ ဆုန်ခလာ ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုသို့ ခြောက်ဦးစီခွဲကာ ကားနှစ်စီးဖြင့် ပို့ဆောင်ရန်အတွက် တစ်ဦးလျှင် ပို့ဆောင်ခ ဘတ်ငွေ ၁၅ဝဝ ရရှိခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း

Read More
သတင်း

ထိုင်းအမျိုးသမီး လိုက်နှောက်ယှက်သည့် မြန်မာကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက်၌လူသိများသည့် ထိုင်းအမျိုးသမီး (social media influencer) တစ်ဦးအား နောက်ယောင်ခံလိုက်သည့် မြန်မာအမျိုးသားတစ်ဦးကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှသိရသည်။ အသက် ၂၈ နှစ်အရွယ် လူမှုကွန်ရက်စတား လင်ရာဒါ သည် မြန်မာအမျိုးသားတစ်ဦးက နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းခံရမှုနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့အနီးရှိ ဘန်ခွန်ထီရန် ရဲစခန်းအားတိုင်ကြားခဲ့သည်။ သို့သော်လည်း ရဲစခန်းက သူမအား အတွေးများနေခြင်းဖြစ်နိုင်ကြောင်း၊ ဘာမှမဖြစ်လာသေးကြောင်းဖြင့် တိုင်းကြားချက်အား ငြင်းပယ်ခဲ့ကြောင်း လင်ရာဒါက သူမ၏ Sanella Linvar လူမှုကွန်ရက်အကောင့်တွင် ဖော်ပြခဲ့သည်။ မြန်မာအမျိုးသားတစ်ဦးက သုံးရက်တာ နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ကာ တစ်ယောက်တည်း ခရီးသွားရန် ကြောက်ရွံ့နေရကြောင်း ပြောကြားခဲ့သည်။ လင်ရာဒါ၏ လူမှုကွန်ရက်တွင်ဖော်ပြချက်အရ မြန်မာအမျိုးသားတစ်ဦးသည် Instagram မှတဆင့်

Read More
သတင်း

အလုပ်သမား ၁ဝဝ ကျော် OWIC ကတ်အတွက် အထောက်အထားမပြည့်စုံဟုစစ်ကောင်စီထုတ်ပြန်

ပြည်ပနိုင်ငံမှ ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သားများက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)လျှောက်ထားကြပြီး ယင်းအနက် လုပ်သား ၁ဝဝ ကျော်သည် အထောက်အထားမပြည့်စုံကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ အထောက်အထားမပြည့်စုံသူများသည် OWIC ကတ်အတွက် စာရွက်စာတမ်းပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၁ဝ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်နှင့်အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စသည့် စာရွက်စာတမ်းများလိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ ရက်မှစ၍ ထိုင်းနိုင်ငံသို့ထွက်ခွာမည့် အသက်

Read More