September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ဖူးခက်တွင် ဘတ် ၁ သန်း ခိုးယူသည့် မြန်မာအလုပ်သမားကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့နယ်တွင် အလုပ်ရှင်ထံမှ ဘတ် ၁.၁ သန်း ခိုးယူခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးအားဖမ်းမိခဲ့ကြောင်း ဖူးခက်ရဲတပ်ဖွဲ့ထံမှသိရသည်။ ဖူးခက်မြို့၊တလေ(Cherng Talay)ရပ်ကွက်တွင် မေလ (၁) ရက်မှ (၇) ရက်နေ့အထိ မှုခင်းနှိမ်နင်းရေး (၇) ရက်တာလှုပ်ရှားမှုအတွင်း အသက် ၂၃ နှစ်အရွယ် ညီဘိုသက်ဟု အမည်ရသည့် မြန်မာအလုပ်သမားအားဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။ သံသယရှိသူအား တလေရှိ အာသွန်း အိမ်ရာစီမံကိန်း အဆောက်အဦး ၉၂ ရှေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲများ၏ အဆိုအရ ညီဘိုသက်ထံမှ မော်တော်ဆိုင်ကယ်၊ ရာဇဝတ်မှု ကျူးလွန်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစား၊ အနက်ရောင် ပခုံးလွယ်အိတ်၊ ဦးထုပ်၊ ဘတ် ၁,၉၈ဝ အပါအဝင် သက်သေခံပစ္စည်း ခုနစ်ခု သိမ်းဆည်းခဲ့သည်။ ထို့ပြင်

Read More
သတင်း

ထိုင်းဂေါက်ကွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၆၈ ဦးကိုစစ်ဆေး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ နာမည်ကြီး ဂေါက်ကွင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာကယ်ဒီ ဂေါက်အိပ်သယ်သည့် အလုပ်သမား ၁၆၈ ဦးအား မေလ ၆ ရက်နေ့၌ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အလုပ်လုပ်ခွင့်ပါမစ်ရှိသည်ကိုတွေ့ရကြောင်း ထိုင်းသတင်းတစ်ခုကရေးသားသည်။ ထိုဂေါက်ကွင်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များက ဂေါက်ကွင်းငှားရမ်းကာ ကိုရီးယားဂေါက်သမားများကို အထူးဝန်ဆောင်မှုပေးရန် မြန်မာအလုပ်သမားများအား ကယ်ဒီနှင့် အနှိပ်သမားအဖြစ် ခေါ်ယူအသုံးပြုနေခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။ မြန်မာအလုပ်သမားများကြောင့် ဒေသခံဂေါက်ကွင်းဝန်ထမ်း ကယ်ဒီများ ဒုက္ခရောက်နေကြောင်း ဂေါက်ကျွမ်းကျင်သူတစ်ဦးက မီဒီယာများသို့ တိုင်ကြားသဖြင့် အစိုးရအေဂျင်စီများအား စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ စစ်ဆေးရာတွင် ဂေါက်အိပ်သယ်ပေးသည့် ကယ်ဒီလုပ်ငန်း သည် နိုင်ငံခြားသားအလုပ်သမားများအတွက် တားမြစ်ထားသော အလုပ်အကိုင်များတွင် မပါဝင်ကြောင်း ၊ မြန်မာအလုပ်သမား ၁၆၈ ဦးအနက် တစ်ဦးသာလျှင် ကန်ချနဘူရီခရိုင်တွင် ၈ လကြာ နေထိုင်ခဲ့သော်လည်း နေထိုင်ကြောင်းသတင်းမပို့သည့် အတွက်

Read More
သတင်း

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ပို့ဆောင်သည့် မြန်မာလင်မယားကို ထိုင်းရဲဖမ်းဆီး

ခွန်သောမတ်စ် မေ ၇ ။ Migrant Times ။ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ ဆုန်ခလာမြို့တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးနှင့် ဌင်းတို့အား ကားနှစ်စီးဖြင့် ပို့ဆောင်သည့် မြန်မာလင်မယားကို အမှတ် ၄ဝ၈ အဝေးပြေးလမ်းမကြီး စစ်ဆေးရေးဂိတ်တွင် မေလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။ မြန်မာလင်မယားသည် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်အလုပ်သမား(၁၂)ဦးကို စူရသ်ထနီ (Surat Thani) ကားဂိတ်မှ လက်ခံခဲ့ကြောင်း ၊ ဆုန်ခလာ ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုသို့ ခြောက်ဦးစီခွဲကာ ကားနှစ်စီးဖြင့် ပို့ဆောင်ရန်အတွက် တစ်ဦးလျှင် ပို့ဆောင်ခ ဘတ်ငွေ ၁၅ဝဝ ရရှိခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း

Read More
သတင်း

တရားမဝင် ဝင်ရောက်သည့် မြန်မာအလုပ်သမား ၇၁ ဦးကို ထိုင်းနိုင်ငံ တောထဲတွင် ဖမ်းမိ

ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ပြီး မလေးရှားသွားမည့်သူများပါဝင်သည့် မြန်မာအလုပ်သမား ၇၁ ဦးကို ကန်ချနဘူရီခရိုင် တောထဲတွင် ဖမ်းမိခဲ့ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့မှသိရသည်။ မြန်မာ အလုပ်သမား ၇၁ ဦးသည် မေလ ၆ ရက်နေ့နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောအစပ်တွင် ပုန်းအောင်းပြီး ကားသမားများ လာခေါ်ရန် စောင့်ဆိုင်းနေစဉ် ထိုင်းစုပေါင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်။ မြန်မာ အလုပ်သမား ၇၁ ဦးတွင် အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၃၉ ဦး ပါဝင်ပြီး မည်သည့် စာရွက်စာတမ်းမှ မပါရှိကြောင်း၊ ထိုင်းဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိသည့်အတွက် စန်ခရာဘူရီရဲစခန်းသို့ ထပ်မံစစ်ဆေးမေးမြန်းရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ စကားပြန်မှတစ်ဆင့် မေးမြန်းချက်အရ ဌင်းတို့သည် ထိုင်းနိုင်ငံအတွင်းပိုင်းပြည်နယ်များ၊ တောင်ပိုင်းဒေသနှင့် မလေးရှားတို့တွင် အလုပ်လုပ်ရန်

Read More
သတင်း

ထိုင်းအမျိုးသမီး လိုက်နှောက်ယှက်သည့် မြန်မာကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက်၌လူသိများသည့် ထိုင်းအမျိုးသမီး (social media influencer) တစ်ဦးအား နောက်ယောင်ခံလိုက်သည့် မြန်မာအမျိုးသားတစ်ဦးကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှသိရသည်။ အသက် ၂၈ နှစ်အရွယ် လူမှုကွန်ရက်စတား လင်ရာဒါ သည် မြန်မာအမျိုးသားတစ်ဦးက နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းခံရမှုနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့အနီးရှိ ဘန်ခွန်ထီရန် ရဲစခန်းအားတိုင်ကြားခဲ့သည်။ သို့သော်လည်း ရဲစခန်းက သူမအား အတွေးများနေခြင်းဖြစ်နိုင်ကြောင်း၊ ဘာမှမဖြစ်လာသေးကြောင်းဖြင့် တိုင်းကြားချက်အား ငြင်းပယ်ခဲ့ကြောင်း လင်ရာဒါက သူမ၏ Sanella Linvar လူမှုကွန်ရက်အကောင့်တွင် ဖော်ပြခဲ့သည်။ မြန်မာအမျိုးသားတစ်ဦးက သုံးရက်တာ နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ကာ တစ်ယောက်တည်း ခရီးသွားရန် ကြောက်ရွံ့နေရကြောင်း ပြောကြားခဲ့သည်။ လင်ရာဒါ၏ လူမှုကွန်ရက်တွင်ဖော်ပြချက်အရ မြန်မာအမျိုးသားတစ်ဦးသည် Instagram မှတဆင့်

Read More
သတင်း

ဂျပန်သွားမည့် လုပ်သား ၃ဝ ခန့် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပထွက်ခွင့်မရ

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံထွက်ခွာမည့်အလုပ်သမား အယောက် ၃ဝ ခန့်သည် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)မရရှိဘဲ ပြည်ပထွက်ခွင့် အခက်အခဲဖြစ်နေကြသည်။ ပြည်ပမှ ခွင့်ပြန်နှင့် ပြည်ပထွက်ခွာမည့် ကျွမ်းကျင်လုပ်သားများသည် OWIC ကတ်လိုအပ်ပြီး ယင်းအနက် အလုပ်သမား ၁၉၂ ဦးအား OWIC ကတ်အတွက် စာရွက်စာတမ်းလိုအပ်ချက်ရှိကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မေလ ၅ ရက်နေ့တွင် စာရင်းထုတ်ပြန်သည်။ ထိုစာရင်းတွင် ဂျပန်နိုင်ငံထွက်ခွာမည့်သူ ၂၈ ဦးသည် အသက်ကန့်သတ်ချက်တွင် အကျုံးဝင်သည့်အတွက် OWIC ကတ်အတွက် ပြန်လည်တင်ပြရန် အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။ OWIC ကတ်လျှောက်ထားသည့် ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၉၂ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊

Read More
သတင်း

အလုပ်သမား ၁ဝဝ ကျော် OWIC ကတ်အတွက် အထောက်အထားမပြည့်စုံဟုစစ်ကောင်စီထုတ်ပြန်

ပြည်ပနိုင်ငံမှ ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သားများက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)လျှောက်ထားကြပြီး ယင်းအနက် လုပ်သား ၁ဝဝ ကျော်သည် အထောက်အထားမပြည့်စုံကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ အထောက်အထားမပြည့်စုံသူများသည် OWIC ကတ်အတွက် စာရွက်စာတမ်းပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၁ဝ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်နှင့်အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စသည့် စာရွက်စာတမ်းများလိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ ရက်မှစ၍ ထိုင်းနိုင်ငံသို့ထွက်ခွာမည့် အသက်

Read More
သတင်း

ဘန်ကောက်ရှိ ငလျင်ကြောင့် ပြိုကျအဆောက်အအုံတွင် ပျောက်ဆုံးသူ ၆ ဦးထပ်တိုး

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိ စာရင်းစစ်ရုံး အဆောက်အအုံတွင် ပျောက်ဆုံးသူ ၁ဝ၃ ဦးရှိခဲ့ရာမှ ၆ ဦးထပ်တိုးကာ စုစုပေါင်း ၁ဝ၉ ဦးရှိကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ မေလ ၅ ရက်နေ့အထိ တစ်လကျော်အကြာ ဆက်လက်ရှာဖွေနေကြသည်။ အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။ ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့၏ မေလ ၃ ရက်နေ့

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ စက်ရုံတစ်ရုံတွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသော မြန်မာ အလုပ်သမား ၃ဝ ကျော်၏ နစ်နာကြေး ဘတ် ၅ သိန်းကျော်နှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှသိရသည်။ ဌင်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ၏ အကူအညီတောင်းမှုအရ ပါကျင်ပူရီ ဆဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန)တွင် တိုင်ကြားပေးခဲ့ရာမှ နစ်နာကြေးနှင့်စာရွက်စာတမ်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ MHAC မဟာမိတ်အဖွဲ့ထုတ်ပြတ်ချက်အရ တိုင်ကြားခဲ့သည့် အလုပ်သမား (၇၃) ဦးအနက် အလုပ်သမား (၄၁) ဦးသည် မိမိသဘောဆန္ဒနှင့် အလုပ်ထွက်ခြင်းဖြစ်ပြီး (၃၂)ဦးမှာ စက်ရုံသူဌေးက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအလုပ်သမား (၇၃) ဦးတွင် စာရွက်စာတမ်းမရသော အုပ်စုနှင့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော အုပ်စု နှစ်ခုခွဲပြီး ထိုင်းအစိုးရ ဆဝါဒီကန်ရုံးတွင်တိုင်ကြားပေးခဲ့ပြီး အကြောင်းမဲ့

Read More
သတင်း

ချင်းမိုင်တွင် မြန်မာဆိုင်ရှင်နှင့် မြန်မာလုပ်သားငါးဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် မြန်မာဆိုင်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမားငါးဦးကို အလုပ်ပါမစ်မရှိသည့်အတွက်ဖမ်းဆီးလိုက် ကြောင်းချင်းမိုင်လူ၀င်မူကြီးကြပ်ရေးဌာန ကထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့တွင်ရဲတပ်ဖွဲ့နှင့်ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်မြို့နယ်၊ချင်းဖူရပ်ကွက်ရှိအဆောက်အအုံများကို နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်နေသည်ဟူသော သတင်းများ လက်ခံရရှိခြင်းကြောင့်စစ်ဆေးခဲ့ ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ စစ်ဆေးမှုရလဒ်အနေဖြင့် မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့်မြန်မာအလုပ်သမား၅ ဦးအားနိုင်ငံခြားသားများ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ ကြောင်းသိရသည်။ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဒုတိယပြင်ဆင်ချက် အပိုဒ် ၈ နှင့် ၉ တို့အား ချိုးဖောက်ရာရောက်သည်ဟုလည်းဆိုသည်။ သံသယရှိသူ မြန်မာနိုင်ငံသား ၂ ဦးမှ ၅ဦးခန့်သည် ဆိုင်တစ်ခုတွင် စားပွဲထိုးများနှင့် မီးဖိုခန်းလက်ထောက်များအဖြစ် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားသည်။ ပထမသံသယရှိသူမှာ ၎င်းတို့၏အလုပ်ရှင်ဖြစ်ပြီး

Read More