ဖူးခက်တွင် ဘတ် ၁ သန်း ခိုးယူသည့် မြန်မာအလုပ်သမားကို ဖမ်းဆီး
ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့နယ်တွင် အလုပ်ရှင်ထံမှ ဘတ် ၁.၁ သန်း ခိုးယူခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးအားဖမ်းမိခဲ့ကြောင်း ဖူးခက်ရဲတပ်ဖွဲ့ထံမှသိရသည်။ ဖူးခက်မြို့၊တလေ(Cherng Talay)ရပ်ကွက်တွင် မေလ (၁) ရက်မှ (၇) ရက်နေ့အထိ မှုခင်းနှိမ်နင်းရေး (၇) ရက်တာလှုပ်ရှားမှုအတွင်း အသက် ၂၃ နှစ်အရွယ် ညီဘိုသက်ဟု အမည်ရသည့် မြန်မာအလုပ်သမားအားဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။ သံသယရှိသူအား တလေရှိ အာသွန်း အိမ်ရာစီမံကိန်း အဆောက်အဦး ၉၂ ရှေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲများ၏ အဆိုအရ ညီဘိုသက်ထံမှ မော်တော်ဆိုင်ကယ်၊ ရာဇဝတ်မှု ကျူးလွန်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစား၊ အနက်ရောင် ပခုံးလွယ်အိတ်၊ ဦးထုပ်၊ ဘတ် ၁,၉၈ဝ အပါအဝင် သက်သေခံပစ္စည်း ခုနစ်ခု သိမ်းဆည်းခဲ့သည်။ ထို့ပြင်